coin0 BV-Coincoin0 BV-Point
  |  
book cover
book cover
book cover
book cover
book cover
book cover
book cover
book cover
book cover
ကစဉ့်ကလျားကာလအတွင်း ခေါင်းဆောင်မှု
Dr. Thar Tun Oo
Leadership
11,000 MMK
စာအုပ်မိတ်ဆက်

ခေါင်းဆောင်တစ်ယောက်အနေနဲ့  အကျပ်အတည်းနဲ့ စိန်ခေါ် မှုတွေများတဲ့ ကာလတွေမှာ ဘယ်လိုဦးဆောင်မလဲ။
 

အကျပ်အတည်းနဲ့ စိန်ခေါ် မှုဆိုတာ အချိန်အခါမ‌ရွေး အခြေနေတိုင်းမှာတွေ့ကြုံနိုင်တဲ့ အရာပဲဖြစ်ပါတယ်။

ယနေ့လက်ရှိအဖွဲ့စည်းများ၏‌ ခေါင်းဆောင်တိုင်း‌အနေနဲ့  မြင့်မားလာတဲ့ ပြိုင်ဆိုင်မှုနှင့်စိန်ခေါ်မှု အမျိုးမျိုး၊ ဂလိုဘယ်လိုက်ဇေးရှင်း ၊ လူမှုစီးပွားရေးဆိုင်ရာကျင့်ထုံးများ၊ တိုးတက်ဖွံ့ဖြိုးလာသည့်နည်းပညာဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေကိုရင်ဆိုင်နေရပါတယ်။


အရှိန်အဟုန်နဲ့ပြောင်းလဲလာတဲ့  ဒီဂျစ်တယ်နည်း‌‌ပညာရဲ့ပြောင်းလဲမှုတွေ ၊ အရွေ့အပြောင်းတွေကြောင့် နိုင်ငံ‌ရေးနှင့် လူမှုစီးပွားရေးကဏ္ဍ‌တွေမှာ မမျှော်မှန်းထားနိုင်တဲ့ မတည်ငြိမ်ခြင်း ( Volatile ) ၊ မသေချာခြင်း ( Uncertain)၊ ရှုပ်ထွေးရှင်း( Complex) နဲ့ သိသာထင်ရှားသောရှင်းလင်းချက်မရှိခြင်း ( Ambiguous) ဆိုတဲ့ အခြေအနေတွေကို လုပ်ငန်းနယ်ပယ်တိုင်းက ကြုံ‌တွေ့နေရပါတယ်။


ဒီလိုအခြေအနေတွေကြောင့် အဖွဲ့အစည်းတိုင်းမှာ မှန်ကန်တဲ့ခေါင်းဆောင်မှုရှိဖို့ အရေးကြီးဆုံးအကြောင်းအရာဖြစ်လာပါတယ်။

ထိရောက်တဲ့ ခေါင်းဆောင်မှုအ‌ရည်အသွေးဆိုတာ အနာဂတ်မှာ ကိုယ်လိုအပ်တဲ့ ရလဒ်တွေရရှိဖို့ပြင်ဆင်တဲ့အခါ ပါဝင်ပတ်သတ်တဲ့သူတိုင်းကို ထိ‌ရောက်စွာလွှမ်းမိုးလုပ်ဆောင်နိုင်စွမ်းပဲဖြစ်ပါတယ်။

“ကစဉ့်ကလျားကာလအတွင်း ခေါင်းဆောင်မှု”စာအုပ်မှာ စိန်ခေါ် မှုမျိူးစုံနဲ့ ‌ကြုံတွေ့ရမယ့် ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ အတွေးအမြင်များတွေကို နားလည်‌စေဖို့ အရေးပါတဲ့အချက်တွေကိုရှင်းလင်းဖော်ပြထားပါတယ်။  အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်များအတွက် အခြေခံကျသော အ‌ရေးပါသော ကစဉ့်ကလျားကာလအတွင်း‌ခေါင်းဆောင်မှု အရည်အချင်းများကိုပါ အသေးစိတ်ဖတ်ရှုနိုင်မှာပါ။


📖 စာမျက်နှာ- ၂၇၈ 

 

800 + Reading
Only 3 books left