coin0 BV-Coincoin0 BV-Point
  |  
book cover
book cover
book cover
book cover
book cover
book cover
book cover
book cover
book cover
စိတ်ဝင်္ကပါမှ လွတ်မြောက်ခြင်း
Mon Halsey
Mental Health, Spiritual
13,200 MMK
စာအုပ်မိတ်ဆက်

မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့စိတ်ခံစားမှု၊ စိတ်ဒဏ်ရာတွေကို လိုတာထက်ပို ထပ်ဖန်တလဲလဲ ခံစားနေမိပြီလား…

 

စိတ်ဒဏ်ရာဆိုတာ​ လူတိုင်းမှာရှိကြပါတယ်။ 

မုန့်လေးတစ်ခုမစားရလို့ ရတဲ့ ကလေးဘဝစိတ်ဒဏ်ရာအသေးလေးတွေကနေ ဘဝတစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီးနိုင်တဲ့ စိတ်ဒဏ်ရာအကြီးစားတွေကို ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့သူတွေလည်း ရှိကြတယ်။

အများအားဖြင့် Truma လို့လည်းခေါ်ကြပါတယ်။ ဒီလိုစိတ်ဒဏ်ရာတွေကြောင့် ဘဝမှာမပျော်ရွှင်ကြ၊ အဆိုးမြင်တက်ကြပြီး၊ လူတွေကို ပေါင်းသင်းဆက်ဆံဖို့ကြောက်လာတယ်၊ လွယ်လွယ်မယုံကြည်တဲ့သူတွေဖြစ်လာကြတယ်။

 

စိတ်ဒဏ်ရာဆိုတာမျိုးက တကယ့်လက်တွေ့ဘဝကို ဆက်သွားလို့မရနိုင်လောက်အောင် လူတစ်ယောက်ဘဝနဲ့ ဆုံးဖြတ်ချက်တွေ၊ တက်လမ်းတွေကို ပိတ်လှောင်၊ ချုပ်နှောင်ထားတဲ့ ထောင်ချောက်တွေပဲ။

ဒီစာအုပ်ကို ဖတ်နေတဲ့အချိန်မှာ ကိုယ်တိုင်က မေးခွန်းများစွာ ပြန်မေးနေဖို့လိုတယ်။

လူတွေက စိတ်ဒဏ်ရာတွေကနေ လွတ်မြောက်ပြီး စိတ်ရဲ့အေးချမ်းမှုကိုရှာတွေ့ဖို့ ကြိုးစားနေကြသူတွေဖြစ်တယ်။

 

“စိတ်ဝင်္ကပါမှ လွတ်မြောက်ခြင်း” စာအုပ်က မိတ်ဆွေလက်ထဲ ရောက်ရှိလာတာနဲ့ မိမိက စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုကို လိုလားတဲ့လူသားတစ်ယောက်ဆိုတာ ယုံကြည်ထားဖို့လိုတယ်။

ကိုယ့်ကိုကိုယ်လည်း မေးခွန်းလေးတွေ မေးဖို့လိုတာပေါ့။

လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာအမူအကျင့်တွေအကြောင်းကို Real Life Story လေးတွေနဲ့လည်းရေးသားဖော်ပြထားလို့ တကယ်စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။

 

စိတ်ဒဏ်ရာတွေ၊ စိတ်ဝင်္ကပါထဲက ရုန်းထွက်နိုင်ပြီး Healing လုပ်နိုင်ဖို့ “Escaping the Mind Maze” စာအုပ် ဖတ်ပါ။




📖 စာမျက်နှာ - ၂၉၄  


 

500 + Reading
Only 5 books left