coin0 BV-Coincoin0 BV-Point
  |  
book cover
book cover
book cover
အရေးပါတာကို အရာရောက်အောင်လုပ်ပါ
Koung Loon
Personal Development, Business
22,000 MMK
စာအုပ်မိတ်ဆက်

"ကိုယ်ဘယ်ကိုသွားနေမှန်းမှ ကိုယ်မသိရင် သွားလိုရာကိုရောက်မှာမဟုတ်ဘူး။"

 

“OKRs ဟာ လုပ်ငန်းအမျိုးမျိုးကိုရှေ့တိုးမောင်းနှင်ဖို့ သိပ်ကိုရိုးရှင်းတဲ့ လုပ်ငန်းစဉ်ပါ။ ကျွန်တော်တို့ဟာ အဲဒါကို နှစ်အလိုက်ပြုပြင်ပြောင်းလဲပြီး သုံးကြတယ်။ ကိုယ်ဖြစ်ချင်တာတွေကို OKRs ပေါ်အခြေခံပြီးတော့မှ လုပ်ငန်းစဉ်တွေကို အသေးစိတ်ပုံစံဖော်ပြီး ရှေ့ဆက်ရုံပါပဲ။ ခေါင်းဆောင်တွေအတွက် OKRs က ကိုယ့်အဖွဲ့အစည်းတစ်ခုလုံးအတွင်းကို ရှင်းလင်းမြင်သာစေတယ်။ သူတို့က အစက ပြန်စဖို့ တွန်းအားပေးတဲ့အခါမှာလည်း ထိရောက်တယ်။” (Larry Page, Google ပူးတွဲတည်ထောင်သူ)

 

OKR ဆိုတာ "O" က Objectives (ရည်မှန်းချက်ပန်းတိုင်) တွေကို ကိုယ်စားပြုပြီး "K" နဲ့ "R" က Key Results (အဓိက လိုချင်တဲ့ ရလဒ်) တွေကို ကိုယ်စားပြုတာပါ။ အဲဒီ OKRs ဟာ ကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်တွေအတွက် ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်တွေကို တိုင်းတာဖော်ပြတာပါ။ 

 

OKRs ဟာ ဘယ်လိုပြဿနာမျိုးကိုမဆိုဖြေရှင်းနိုင်တဲ့ Silver Bullet တော့မဟုတ်ပါဘူး။ သူတို့ဟာ ခိုင်မာတဲ့ ခေါင်းဆောင်မှု၊ ဒါမှမဟုတ် ဖန်တီးနိုင်စွမ်းရှိတဲ့ အလုပ်ခွင်ယဉ်ကျေးမှုတို့ကို အစားထိုးလို့မရပါဘူး။ ဒါပေမဲ့ အဲဒီ အခြေခံတွေ ရှိခဲ့ရင် OKRs က တောင်ထိပ်အဆုံးကို တက်နိုင်အောင် လမ်းပြနိုင်ပါတယ်။

 

“အရေးပါတာကို အရာရောက်အောင်လုပ်ပါ စာအုပ်က သင့်ရည်ရွယ်ရာ ပန်းတိုင်ကို သတ်မှတ်ရာမှာ တွေးရိုးတွေးစဉ်တွေးထားတဲ့ ချဉ်းကပ်နည်းတွေကို ပြောင်းလဲသွားစေပါလိမ့်မယ်။ သင်ဟာ အခုမှ စခါစလုပ်ငန်းငယ်လေးထဲမှာပဲဖြစ်ဖြစ်၊ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီကြီးမှာပဲဖြစ်ဖြစ် ဦးဆောင်သူဖြစ်ပြီဆိုရင် ခေါင်းဆောင်တိုင်း မျက်ခြည်မပြတ်အာရုံစိုက်ရမယ့် ရည်ရွယ်ချက်တိကျတဲ့ စီးပွားဝန်းကျင်ကို ဘယ်လိုဖန်တီးမလဲဆိုတာ ထဲထဲဝင်ဝင် စဉ်းစားတွေးတောဖို့ ဂျွန်ဒူးဝါး က တိုက်တွန်းထားပါတယ်။” (Mellody Hobson၊ Ariel Investments ဥက္ကဌ)

 

“(ဒီစာအုပ်က) ပိုပြီးပွင့်လင်းချင်တဲ့၊ တာဝန်ယူလိုစိတ်ရှိရှိနဲ့ သွက်လက်ထက်မြက်ပြီး ထိထိရောက်ရောက်စွမ်းဆောင်နိုင်တဲ့ အစုအဖွဲ့ မျိုးကို ရရှိပိုင်ဆိုင်ချင်တဲ့ ခေါင်းဆောင်တိုင်း၊ စွန့်ဦးတီထွင်သမားတိုင်းအတွက် လက်ဆောင်တစ်ခုပါ။ 

 

 

📖 စာမျက်နှာ - ၄၁၅

 

 

500 + Reading
Only 10 books left