Designing Your Life (Designing Your Life - ဘဝရဲ့ ဒီဇိုင်း)
လက်ရှိရောက်နေတဲ့နေရာကနေ နောက်တစ်ဆင့်မြင့်တဲ့ Professional Career တစ်ခု ကိုယ်တိုင်ဖန်တီးနိုင်ချင်ပါသလား။
Professional Life ကို အပြည့်အဝပိုင်ဆိုင်နိုင်ဖို့ အကောင်းဆုံးသင်ကြားမှုတွေနဲ့ ““Designing Your Life” Online Course”
အကောင်းဆုံးကို မျှော်မှန်းပြီး ရအောင်ဖန်တီး ကြိုးစားဖို့ဆိုတာ လူငယ်တိုင်းရဲ့ အောင်မြင်မှုပန်းတိုင်တစ်ခုပါ။ အောင်မြင်မှုဆိုတာ ကိုယ်ပိုင်သတ်မှတ်ချက်တစ်ခုဖြစ်တယ်။
ကိုယ်ရွေးချယ်လိုက်တဲ့ အောင်မြင်ချင်မှုက လမ်းကြောင်းမှန်ဖို့တော့ လိုအပ်တာအသေချာပါပဲ။
အရည်အသွေးတွေကို ပိုထူးချွန်ထက်မြက်ဖို့ဆိုရင်တော့ ပန်းတိုင်ရောက်အောင် ထောက်ပံံ့ပေးမယ့် ဒေါက်တိုင်တွေလိုအပ်တာပေါ့။
▪︎ လက်ရှိအနေအထားကနေ အောင်မြင်ပြီး အရည်အသွေးနောက်တစ်ဆင့် တိုးဖို့ လိုအပ်နေသူတွေ
▪︎ Professional ကျတဲ့အတွေးအခေါ်တွေကို လက်တွေ့ကျကျ ကျင့်သုံးချင်သူတွေ
▪︎ အသက်မွေးဝမ်းကြောင်းဘဝမှာ ရပ်တည်နေတဲ့ လူငယ်၊ လူရွယ် မန်နေဂျာများ
▪︎ အခုမှ လုပ်ငန်းခွင်ဝင်ပြီး Career တစ်ခု ထိုးဖောက်ဖို့ ကြိုးစားနေသူများ
မဖြစ်မနေ တက်ရောက်သင်ကြားရမယ့် သင်တန်းတစ်ခုဖြစ်ပါတယ်။
====================
ဒီသင်တန်းမှာ အပိုင်း ၄ပိုင်းနဲ့ သင်ကြားထားပါတယ်။
အပိုင်း (၁) - တိုးတက် ပြောင်းလဲဖို့လိုတဲ့အမူအကျင့်နဲ့ အလေ့အထတွေအကြောင်းဖြစ်တဲ့ Personal Development
အပိုင်း (၂) - အသက်မွေးဝမ်းကြောင်းဘဝမှာ အောင်မြင်ပြီး သူများထက်ရှေ့ရောက်ဖို့လိုအပ်တဲ့ Professional Development
အပိုင်း (၃) - ဆန္ဒ၊ ဘဝ၊ အလုပ်အကိုင် တထပ်တည်းကျတဲ့ပန်းတိုင်ကို ရောက်ရှိရေး ကိုယ့်ဘဝကို ရေးဆွဲဖို့ လိုအပ်တဲ့ Designing Your Life
အပိုင်း (၄) - အောင်မြင်တဲ့ဘဝတဆစ်ချိုး ပြောင်းလဲမှုအတွက် Personal Change Management
====================
သင့်ဘဝကို အကောင်းဆုံး ဒီဇိုင်းရေးဆွဲနိုင်ဖို့ ဒီသင်တန်းကို အခုပဲ တက်ရောက်လိုက်ပါ။
သင်တန်းအသေးစိတ်အတွက် 09880902558 , 098802559 တို့ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
- 5.0 (232 ratings)
- Myanmar
- 23 Lessons
- 232 Students
What you’ll learn
ဒီသင်တန်းတက်ပြီးတာနဲ့ ဘာအကျိုးအမြတ်တွေ ရရှိသွားမလဲဆိုရင်
✔️Professional တွေရဲ့ အမူအကျင့်က ဘာတွေလဲ။
✔️ အောင််မြင်ဖို့လိုအပ်တဲ့ Hard Skills / Soft Skills တွေအကြောင်း
✔️ ပုံမှန်ဘဝကနေ Professional Life တစ်ခုကို ကူးပြောင်းဖို့ အလေ့အထကောင်း၊ အမူအကျင့်ကောင်းတွေ သိရှိသွားမယ်။
✔️ ကိုယ်ပိုင်အရည်အသွေးတွေကို အချိန်တိုတွင်း မြှင့်တင်နိုင်မယ့် အတွေးမြင်သစ်တွေ ပိုင်ဆိုင်သွားမယ်။
✔️ ကိုယ်တိုင်ပြင်ဆင် ပြောင်းလဲဖို့ လိုအပ်တဲ့ အမူကျင့်တွေအကြောင်းတွေကို သိရှိသွားမှာ ဖြစ်ပါတယ်။
Curriculum
Course Introduction
Designing Your Life Resource File
Goal Oriented
Results Driven
Action Oriented
People Oriented
Health Conscious
Integrity
Self Discipline
Professional Development
Passion
Work
Focus
Push
Ideas
Improve
Serve
Persist
Personal Change Management
Personal Change Management Part - 2
Module 4 : Designing Your Life
Bonus Lesson
Instructor
ဆရာအောင်မင်းငြိမ်းရဲ့က Talent Management & Development Consultant ၊ Coach နှင့် Corporate Trainer ရန်ကုန် အဝေးသင်တက္ကသိုလ် ၊ ရန်ကုန် တက္ကသိုလ် ၊ ရန်ကုန် စက်မှုတက္ကသိုလ် နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ Karnataka State တက္ကသိုလ် တို့မှ သင်္ချာ အဓိကဖြင့် ဘွဲ့ရရှိခဲ့ပြီး အင်ဂျင်နီယာဒီပလိုမာ၊ အင်္ဂလိပ်စာ သင်ကြားမှု ဘွဲ့လွန် ဒီပလိုမာ၊ အသုံးချ စိတ်ပညာ ဘွဲ့လွန်ဒီပလိုမာ၊ စီပွားရေး စီမံခန့်ခွဲမှုပညာ (MBA) နှင့် မပာာဖွံ့ဖြိုးမှု ပညာဘွဲ့တို့ကို ရရှိခဲ့ပါတယ်။ Swiss Academy for Development (SAD) ၏ အသိအမှတ်ပြု Certified Master Trainer တစ်ဦးလည်း ဖြစ်ပါတယ်။
Country Manager ၊ Training Manager ၊ Head of Talent Management and Organization Development ၊ Chief People Officer နှင့် Executive Director အဖြစ် နှစ်ပေါင်း ၂၀ ကျော် အတွင်း အဆင့်ဆင့် လုပ်ဆောင်ခဲ့ပါသည်။ ကမ္ဘောဒီးယား နိုင်ငံရှိ ကုမ္ပဏီများ ၊ အဖွဲ့အစည်းများတွင် ဆယ်စုနှစ် တစ်ခုကြာ အကြီးတန်း စီမံခန့်ခွဲသူ၊ ကမ္ဘောဒီးယား နိုင်ငံရှိ Sovannaphumi University တွင် စီးပွားရေး ပညာ မပာာဌာန ဌာနမှူး အဖြစ် ဆောင်ရွက်ခဲ့သလို၊ ထိပ်တန်း ပုဂ္ဂလိက တက္ကသိုလ် တစ်ခု ဖြစ်သော The Paññāsāstra University of Cambodia (PUC) တွင်လည်း ၂၀၀၉ မှ စတင်ကာ စီးပွားရေး နှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဘာသာရပ်များကို ဘွဲ့ကြို နှင့် ဘွဲ့လွန် ကျောင်းသားများကို သင်ကြားပေးခဲ့ပါတယ်။ MegaTrends Center for Learning & Organization Development ရဲ့ Founder တစ်ယောက်ဖြစ်ပြီး သူ၏ ဘဝအတွေ့အကြုံ၊ အတွေးအမြင်ကို အခြေခံ၍ အတိုင်ပင်ခံ လုပ်ငန်းနှင့် သင်ကြားရေးလုပ်ငန်းများကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။
မြန်မာနိုင်ငံရှိ ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများသာမက၊ ကမ္ဘောဒီးယား နိုင်ငံရှိ လုပ်ငန်းရှင်များ အဖွဲ့အစည်း Cambodian Federation of Employers & Business Association (CAMFEBA) နှင့် ပူးပေါင်း၍ ကမ္ဘောဒီးယား နိုင်ငံနှင့် ဒေသတွင်းရှိ နိုင်ငံတကာ ကုမ္ပဏီများ၊ ပြည်တွင်းကုမ္ပဏီများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများရှိ ဝန်ထမ်းများအား လုပ်ငန်းခွင်ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းများကို သင်ကြားပို့ချပေးလျက်ရှိပါသည်။
ထို့အတူ မလေးရှား နိုင်ငံရှိ Asia e University နှင့် Lincoln University College အစရှိသည့် ပြည်တွင်းပြည်ပရှိ ပုဂ္ဂလိက တက္ကသိုလ် များတွင် စီးပွားရေးဆိုင်ရာ စီမံ ခန့်ခွဲမှု၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု နှင့်၊ အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်မှု ဘာသာရပ် များကို သင်ကြားပို့ချပေးလျက်ရှိပါသည်။ ဆရာသည် Center for Vocational Training (CVT Myanmar) ၏ လူငယ်စွန့်ဦးတီထွင်သူများ ပြုစု ပျိုးထောင်ရေး အစီအစဉ်တစ်ခုဖြစ်သော Young Entrepreneurs for Myanmar (YE4M) တွင် နှစ်ကာလ အတန်ကြာ လူငယ် လုပ်ငန်းရှင်များကို သင်ကြားပို့ချ ပေးခဲ့ပြီး ASEAN Mentorship for Entrepreneurship Network (AMEN) ၏ အဖွဲ့ဝင် mentor တစ်ဦးအဖြစ်လည်းဆောင်ရွက်၍ မြန်မာလူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအား အကူအညီ ပေးလျက်ရှိပါသည်။