coin0 BV-Coincoin0 BV-Point
  |  
book cover
book cover
book cover
မိမိကိုယ်ကို တန်ဖိုးမြှင့်တင်ခြင်း
Myint Myint Khin
Personal Development
17,600 MMK14,960 MMK
15% off
စာအုပ်မိတ်ဆက်

 

ဒီနေ့ခေတ်မှာ ကိုယ်ရည်ကိုယ်သွေး personality က လူတိုင်းအတွက်အရေးကြီးလာပါပြီ။


ကိုယ်ရည်ကိုယ်သွေးဆိုတာ လူတစ်ယောက်မှာ ရှိကိုရှိသင့်တဲ့ အရည်အချင်းတွေပါ။
ကိုယ်က  ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူဆိုတာ ပြသဖို့ ကိုယ့်မှာ အရည်အချင်းကောင်းတွေရှိ၊ မရှိဆိုတာ စစ်ဆေးဖို့ လိုအပ်သလို ရှိပြီးသားအရည်အချင်းတွေ တိုးတက်ဖို့လည်း လိုအပ်ပါတယ်။

ဒါဆို ကိုယ်ရည်ကိုယ်သွေးဆိုတာဘာလဲ။
ကိုယ်ရည်ကိုယ်သွေးဆိုတာ အကျင့်စရိုက်၊ အသိပညာ၊ အတတ်ပညာ၊ ပြောဆိုမှု စွမ်းရည်၊ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်၊ လူမှုဆက်ဆံရေး၊ စည်းကမ်းရှိမှု၊ ခေါင်းဆောင်မှုစွမ်းရည်စတာတွေက လူတစ်ယောက်အတွက် လိုအပ်တဲ့ အရည်အချင်းတွေပါပဲ။ အဲ့တာတွေအပြင် မိမိကိုယ်ကိုယ် ယုံကြည်မှု၊ သင်ယူလေ့လာမှု၊ ဝတ်စားဆင်ယင်ပုံစတဲ့ ပုံစံတွေကလည်း အရေးကြီးပါသေးတယ်။

ဒါကြောင့် ကိုယ်ရည်ကိုယ်သွေးကောင်းပြီး တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်လာဖို့အတွက်ကို မိမိမှာ ရှိနေပြီးသားအရည်အချင်းတွေအပြင် တခြားလိုအပ်တဲ့ အရည်အချင်းတွေပါရှိလာအောင် လုပ်ပါ။ 
တန်ဖိုးရှိမယ့် စာအုပ်ကောင်းတွေ ရှာဖတ်ပါ။ မိမိ အရည်အချင်းတွေကို မြှင့်တင်ပေးမယ့်နေရာတွေမှာ ရင်းနှီးမြှပ်နှံပါ၊ သင်တန်းတွေတက်ပါ။

အရည်အချင်းရှိလာလေ သင့်တန်ဖိုးက တက်လေပါပဲ။သင့်ဘဝမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သင်ယူလေ့လာမှုတွေအမြဲတမ်း စဉ်ဆက်မပြတ်လုပ်နေရပါမယ်။ ဒါဆို ဘဝက ပိုပြီး အဓိပ္ပာယ်ရှိလာပါလိမ့်မယ်။ 

သင့်နေ့စဉ်ဘဝတိုးတက်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းနဲ့ဘဝနေနည်းတွေကို သိရှိဖို့အတွက် ဒီစာအုပ်က အထောက်အကူပြုပါလိမ့်မယ်။

သင့်ဘဝအတွက် လိုအပ်တဲ့ စွမ်းရည်တွေ၊ လူမှုဆက်ဆံရေးနဲ့ လူ့ကျင့်ဝတ်တွေအပြင် ကိုယ့်ကိုယ့်ကိုယ် တိုးတက်အောင်မြင်လာအောင် သာမာန်သူတွေနဲ့ မတူဘဲ ဘဝကိုနေထိုင်နိုင်ဖို့နည်းလမ်းတွေကို လမ်းညွှန်ပေးမယ့် စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်။



📖 စာမျက်နှာ - ၂၆၇ 

1,500 + Reading
Only 10 books left