coin0 BV-Coincoin0 BV-Point
  |  
book cover
book cover
book cover
လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ
Dr. Phyo Paing
Personal Development
15,400 MMK13,090 MMK
15% off
စာအုပ်မိတ်ဆက်

ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားနေတာလား။

သင်က Personal နဲ့ Professional development အတွက် လေ့လာနေတာလား။

ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အားမရဘူး၊ အပြောင်းအလဲတွေ လုပ်ချင်တယ်၊ စာအုပ်တွေ ဖတ်တယ်၊ သင်တန်းတွေ တက်ပေမယ့် ဘာမှ ရေရေရာရာ ပြောင်းလဲတာမျိုးမရှိခဲ့ဘူး​။ 


တကယ်တမ်း ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ပြောရင် တချို့က ပင်ပန်းလို့၊ အချိန်မရှိလို့ဆိုပြီး ဆင်ခြေတွေပေးကြတယ်။ အမှန်က လူတွေကို ကွဲပြားခြားနားစေတာက လက်တွေ့လုပ်ရပ်ပဲဖြစ်တယ်။ စာအုပ်တွေဖတ်ပြီး ၊ သင်တန်းတွေ တက်ပြီးရင် တကယ်အသုံးချဖို့လိုပါတယ်။ 


သိပြီးရင် အသုံးမချတာက မသိတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဘဝမှာအပြောင်းအလဲ လုပ်ချင်ရင် ပြင်းထန်တဲ့ လှုပ်ရှားအားထုတ်မှုတွေ လိုပါတယ်။ ဘဝမှာ “အ” သုံးလုံးဟာ တစ်ဆင့်ချင်းလာပါတယ်။ 

အတွေး၊ အဓိပ္ပာယ်ရဲ့နောက်မှာ Action လာပါတယ်။ 

ဥပမာ - အတွေး - ငါစာဖတ်ရမယ်၊ အဓိပ္ပာယ် - အောင်မြင်ချင်ရင် စာမဖတ်လို့မရဘူး။ Action - တကယ် စာဖတ်မယ်။ 

ဘဝမှာ ဘာလုပ်ရမှန်း မသိဘူး၊ Motivation မရှိဘူးဆိုရင် တစ်ခုခုကို စလုပ်ကြည့်ပါ။ မတူတဲ့ idea တွေရလာပါလိမ့်မယ်။

“လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ” စာအုပ်က  မိမိကိုယ်ကိုယ် အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင်ဖို့​၊ မိတ်ဆွေရဲ့ အတွေးတွေ ဘေးမချော်ဘဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်လာဖို့၊ နေ့စဉ်လုပ်နေကျ အလုပ်တွေကို အကျိုးရှိရှိ လုပ်ကိုင် တတ်လာဖို့ အများကြီး အထောက်အကူပြုပါလိမ့်မယ်။ 


သင်က ဘဝမှာ တိုးတက်ချင်ပြီး မတူညီတဲ့ အိုင်ဒီယာအသစ်တွေ ရချင်တယ်၊ ဘဝကို သာမာန်ဖြတ်သန်းနေကျအတိုင်းမဟုတ်ဘဲ အခက်အခဲတွေနဲ့ လက်တွေ့လောကကို ဘယ်လိုချိတ်ဆက် အဖြေရှာမလဲ သိချင်ရင် ဒီစာအုပ်က သင့်အတွက်ပါ။


 



📖 စာမျက်နှာ - ၂၂၈  

 

9,900 + Reading
Only 10 books left