coin0 BV-Coincoin0 BV-Point
  |  
book cover
book cover
book cover
သင်သည်သာ သင့်ရဲ့စကြ၀ဠာ
Mon Halsey
Personal Development
9,900 MMK8,415 MMK
15% off
စာအုပ်မိတ်ဆက်

ဒီနေ့လူငယ်တွေကြား ခေတ်စားလာပြီး အကြောင်းတစ်ခုကြုံတိုင်း တိုင်တည်နေကြတဲ့ Universe.

လိုချင်တာရပါစေ၊ ဆုတောင်းတွေပြည့်ပါစေ၊ ရည်မှန်းချက်တွေ အောင်မြင်ပါစေဆိုပြီး Universe ဆီက ကလေးတစ်ယောက်လို လက်ဖြန့်တောင်းကြတယ်။

Universe ဆိုတာကို ဘုရားသခင်လို့လည်း တင်စားပြောဆိုကြတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့အရာရာတိုင်းကို ဖန်တီးပေးနိုင်တဲ့အရာမဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့အရာကို ကိုယ်တိုင်ကပဲ ဖန်တီးယူရတာဖြစ်တယ်။

ကိုယ်တိုင် ရှေ့တည့်တည့်ကရောက်လာတာမျိုးမဟုတ်ပဲ သူနဲ့တူသောသူများက ပေးကမ်း၊ ကူညီစောင့်ရှောက်ပေးဖို့ နေရာမျိုးစုံကနေ ပုံစံအစုံနဲ့ ရောက်ရှိလာကြတာမျိုးဖြစ်ပါတယ်။

တစ်စုံတစ်ယောက်ရဲ့ဆုတောင်း၊ ဆန္ဒ၊ လိုအင်၊ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့ဖူးလား၊ ဒါဆိုရင် သင်က သူတစ်ပါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ Universe ပါပဲ။

ဒီလိုပဲ ကိုယ့်အတွက်ကို ကိုယ်လိုအပ်တာ၊ လိုချင်တာ၊ ဆုတောင်းဆန္ဒတွေကို ကိုယ်တိုင်ကဖြည့်ဆည်းခဲ့တယ်၊ တစ်စုံတစ်ယောက်ရဲ့အကူအညီိကို မထင်မှတ်ပဲရခဲ့တယ်ဆိုရင် Universe က အလုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။

 

ဒီစာအုပ်မှာ စာရေးသူဟာ Universe ဟာ ကိုယ့်ရဲ့အနောက်မှာ မားမားမတ်မတ်ရပ်တည်ပေးနေတယ်လို့ ခံစားရစေနိုင်တဲ့ “Spiritual” လမ်းစဥ်ကို ကိုယ်တိုင်လျှောက်လှမ်းခဲ့တဲ့ ပုံစံကို သဘောကျဖွယ်ရေးသားဖော်ပြထားပါတယ်။

လူမှုရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လုပ်ငန်းခွင်မှာ၊ နေ့စဥ်လူမှုဘဝမှာ  “Spiritual” လမ်းစဥ်ကြောင့် ငြိမ်းချမ်းမှုတွေအများကြီးရခဲ့တယ်။ အောင်မြင်မှုတွေပိုင်ဆိုင်ပြီး မေတ္တာတရားနဲ့ ရှင်သန်ရတဲ့ တကယ်အေးချမ်းရတဲ့ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိခဲ့တယ်။

Universe နဲ့ ပက်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိချင်တာလား

အမှန်တကယ်ရော Universe က အကျိုးပြုရဲ့လား

ကောင်းကျိုးတွေ၊ ဆိုးကျိုးတွေက ဘာလဲ

စတာတွေကို အရိုးရှင်းဆုံး၊ အရှင်းလင်းဆုံး နားလည်သဘောပေါက်သွားဖို့ “You Are Your Universe” စာအုပ်ကို ဖတ်ပါ။





📖 စာမျက်နှာ - ၁၅၃ 

 


 

1,800 + Reading
Only 5 books left