coin0 BV-Coincoin0 BV-Point
  |  
book cover
book cover
book cover
မေတ္တာ၊ အလင်းနဲ့ စွမ်းအား
Mon Halsey
Mental Health, Spiritual
8,800 MMK7,480 MMK
15% Off
စာအုပ်မိတ်ဆက်

အပူထဲမှာ အေးအောင်နေလို့ရသလို၊ အမှောင်ထဲမှာလည်း လင်းအောင် နေလို့ရပါတယ်။

ရှုပ်ထွေးလှတဲ့ လောကကြီးမှာ သင်က အေးငြိမ်းရာလမ်းကို ရှာနေတာလား။


ကိုယ်တိုင် အဆင်မပြေတာတွေ၊ စိတ်ဆင်းရဲစရာတွေ ကြုံရတဲ့အခါ လူတွေက ဘယ်သူ့ကြောင့်ဆိုပြီး အပြစ်ပုံချဖို့ကို လိုက်ရှာတတ်တယ်။ တကယ်တမ်းတော့ အဖြေအားလုံးဟာ ကိုယ့်ရဲ့ စိတ်အတွင်းထဲမှာပဲ ရှိတာပါ။ 

အဆင်မပြေတာတွေ စိတ်ဆင်းရဲစရာတွေကို မိမိစိတ်နဲ့ပဲ ပြေလည်အောင် ဖြေရှင်းလို့ရပါတယ်။
လူတွေအားလုံးဟာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမှာပါ။ ကိုယ်တိုင် လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာနတွေ နည်းပါးလာအောင် ကိုယ်တိုင်ပဲ ကျင့်ကြံယူရမှာဖြစ်ပါတယ်။ 

ကိုယ့်ရဲ့စိတ်အကြည်ဓာတ်တွေ မပျောက်သွားအောင် ဒေါသတွေနေရာမှာ မေတ္တာတွေ အစားထိုးနိုင်ဖို့လိုပါတယ်။

မေတ္တာဆိုတာ အင်မတန်ကြီးမားတဲ့ အမြင့်မားဆုံး စွမ်းအားတစ်ခုဖြစ်ပါတယ်။ 
အလင်းဆိုတာလည်း ဒီသဘောပါပဲ၊အမှောင်ထဲက အလင်းစက်သေးသေးလေးပေမယ့် သူ့အလင်းရဲ့စွမ်းအားဟာ လူတွေအတွက် အင်အားတွေကို ပေးတယ်။ 

စွမ်းအားကတော့ စိတ်ရဲ့စွမ်းအား၊ အသိဉာဏ်ပညာရဲ့စွမ်းအား၊ သတိရဲ့အလေ့အကျင့် စွမ်းအားတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ တခြားသူတွေကို မေတ္တာပေးနိုင်ဖို့ ကိုယ်တိုင်လည်း ကြည်လင် အေးချမ်းနေဖို့ လိုအပ်ပါတယ်။

ဒါကြောင့် မေတ္တာအလင်းနဲ့ စွမ်းအားတွေကို အချင်းချင်း ဝေမျှပေးနိုင်ဖို့အတွက်ကို ဒီစာအုပ်က အထောက်အကူပြုပါလိမ့်မယ်။

 

သင်က လက်တွေ့ဘဝမှာအိုဟောင်းနေတဲ့ နည်းလမ်းတွေ၊ အကြောက်တရားတွေကို စွန့်လွှတ်နိုင်လာပြီး မေတ္တာနဲ့ အလင်းတွေပြည့်နေတဲ့ ဘဝနေထိုင်မှုနည်းလမ်းတွေ၊ မိမိရဲ့စိတ်အစဉ်ကို အေးချမ်းပြီး အကြည်ဓာတ်တွေ ပျောက်မသွားအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတဲ့သူဆို 

“ မေတ္တာ၊ အလင်းနဲ့ ၊စွမ်အား” စာအုပ်က မိတ်ဆွေအတွက်ပါ။
 

 

:book: စာမျက်နှာ - ၂၈၀   

 

8,100 + Reading
Only 5 books left