coin0 BV-Coincoin0 BV-Point
  |  
book cover
book cover
book cover
တစ်ကိုယ်တည်းနေခြင်း အနုပညာ
Kyi Kyi
Personal Development
13,200 MMK11,220 MMK
15% off
စာအုပ်မိတ်ဆက်

ကိုယ့်ဘဝကို ဘယ်လိုပုံစံမျိုးနဲ့ရှင်သန်ချင်လဲ။
ဘဝလမ်းကို ဘယ်လိုလျှောက်ကြမလဲလို့ ရွေးချယ်လိုက်တဲ့ အသိဉာဏ်ပေါ်မူတည်ပြီး လူတွေရဲ့ ဘဝက ကွဲပြားခြားနားသွားကြပါတယ်။

 

ပန်းတိုင်ဆိုတာတစ်ခုတည်းဖြစ်ရမှာတော့မဟုတ်ပါဘူး ၊ ဘဝမှာကိုယ်လုပ်ချင်တဲ့အရာတွေကို တစ်ခုပြီးတစ်ခုဖော်ဆောင်ဖို့ ‌ရွေးချယ်ရတဲ့ အရာပဲဖြစ်ပါတယ်။

လက်ရှိအချိန်ကနေ ကျန်တဲ့သက်တမ်းအတွင်း အကောင်အထည်ဖော်ဖို့ဖြစ်နိုင်တဲ့ အခြေအနေမျိုးကို အရင်ဆုံးစဉ်းစားပြီး ကိုယ်ရှင်သန်ချင်တဲ့ ဘဝပန်းတိုင်ကို‌ရွေးချယ်သင့်တယ်။

ဘဝရဲ့ပန်းတိုင်ကိုရွေးချယ်မယ်ဆိုတာနဲ့ ကိုယ့်ဘဝရဲ့ ဘယ်လိုအချိန်မှာရွေးချယ်မှာလဲ ၊ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကဘာလဲဆိုတာကိုတော့နားလည်ဖို့လိုပါတယ်။

ပန်းတိုင်ကို ရွေးချယ်ပြီးပြီးဆိုရင်တော့ တစ်ဆင့်ပြီးတစ်ဆင့် အချိန်ကာလကို သတ်မှတ်ပြင်ဆင်ပြီး ဇွဲရှိရှိကြိုးစားလုပ်ဆောင်သွားတာရမှာပဲဖြစ်ပါတယ်။

ပန်းတိုင်ကိုလျှောက်နေတာဆိုတဲ့ မျှော်လင့်ချက်က အသက်ရှင်ရပ်တည်ခြင်းရဲ့ အနှစ်သာရပဲဖြစ်ပါတယ်။

အဆောက်အအုံတစ်ခုကို အောက်ခြေခိုင်အောင်တည်ဆောက်ထားရင် သဘာဝဘေးဒဏ်ကိုခံနိုင်ရည်ရှိသလို ဘဝမှာတစ်ယောက်တည်းရပ်တည်ဖို့အတွက်ဆိုရင် စိတ်ဓာတ်အတွေ့အကြုံ ၊ လုပ်ငန်းအတွေအကြုံနဲ့ ပေါင်းသင်းဆက်ဆံ‌ရေးအတွေ့အကြုံတွေနဲ့ လိုအပ်တဲ့ အရည်အချင်းတွေပြည့်ဝဖို့လိုအပ်ပါတယ်။

 

ဒီစာအုပ်ကတော့ ဘဝမှာ ကိုယ်အရောက်လှမ်းချင်တဲ့ ပန်းတိုင်တွေကိုအကောင်အထည်ပြီး အမှီခိုိုကးတဲ့ ဘဝကိုတည်ဆောက်နိုင်ဖို့ ၊ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ယုံကြည်ချက်ရှိရှိ ရှင်သန်နိုင်ဖို့အတွက် အဓိကဖတ်ရှုသင့်တဲ့ စာအုပ်ပဲဖြစ်ပါတယ်။


📖 စာမျက်နှာ - ၁၄၀ 
 

 

 

500 + Reading
Only 10 books left