coin0 BV-Coincoin0 BV-Point
  |  
book cover
book cover
book cover
NLP ပညာဖြင့် စီးပွားရေး ဆပွားတိုးတက်အောင် ကြိုးပမ်းအားထုတ်ခြင်း
Naing Win Aung
Strategy, Business
46,610 MMK
စာအုပ်မိတ်ဆက်

လူတွေအကြောင်းကို မသိရင် သူတို့ကိုလွှမ်းမိုးနိုင်မှာမဟုတ်ဘူး၊ လူတွေအကြောင်းကို သိချင်ရင် အသေးစိတ်လေးတွေက စပြီး ဂရုစိုက်ပါ။စွမ်းဆောင်ရည်တိုးတက်စေဖို့၊ စီးပွားရေးဆပွားတိုးတက်အောင် ကြိုးပမ်းအားထုတ်ဖို့အတွက်ဆိုရင် NLP ဆိုတဲ့ အသုံးချစိတ်ပညာတစ်မျိုးကို အသုံးပြုပြီး စွမ်းဆောင်မှုကို မြှင့်တင်နိုင်တယ်။

NLP ကို အသုံးပြုခြင်းအားဖြင့် Customer တွေရဲ့ Need & Want တွေကို ပိုမိုနားလည်သဘောပေါက်လာပြီး၊ ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်ပေးခြင်း၊ ဆက်သွယ်ပြောဆိုမှုစွမ်းရည်ကို တိုးတက်စေခြင်း၊ အရောင်းနဲ့ မားကတ်တင်း လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးခြင်း၊ အသင်းအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ဖြစ်ထွန်းစေနိုင်ပါတယ်။ NLP ဟာ စီးပွားရေးရည်ရွယ်ချက်တွေကို ရရှိစေရုံတင်မက၊ လူသားတွေရဲ့တန်ဖိုးထားမှု၊ အလားအလာတွေနဲ့ လိုက်ဖက်တဲ့နည်းလမ်းတွေကို လုပ်ဆောင်ဖို့လမ်းကြောင်းတွေကို မြင်သာစေပါတယ်။

သိပ််မတိုးတက်သေးတဲ့လူတွေ၊ လုပ်ငန်းတွေဟာ အထောက်အပံ့၊ လှုံ့ဆော်မှုသာ လုံလုံလောက်လောက်ရရှိပြီး လမ်းကြောင်းမှန်သွားတာနဲ့ တပြိုင်နက် ဆနဲ့ချီပြီး တိုးတက်ပြောင်းလဲနိုင်တယ်။ အမြဲတမ်းပြောင်းလဲနေတဲ့ စီးပွားရေးလောကမှာ ဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနဲ့ ယှဥ်ပြိုင်အသာစီးရမှုတွေကို အားကောင်းစေမယ့် မဟာဗျူဟာတွေကို အမြဲရှာဖွေကြရတယ်။

"NLP ပညာဖြင့် စီးပွားရေးဆပွားတိုးတက်အောင် ကြိုးပမ်းအားထုတ်ခြင်း" စာအုပ်မှာ
မတူညီတဲ့အတွေးအခေါ် ပညာရပ်တွေ၊ ထင်မှတ်မထားလောက်အောင် အသုံးဝင်တဲ့ ညှိနှိုင်းအဖြေရှာမှု နည်းလမ်းကောင်းတွေ၊ ရည်မှန်းချက်တူတဲ့အထိ အတူညှိနှိုင်းဆွေးနွေးအဖြေရှာဖို့၊ နေ့စဥ်လုပ်ငန်းခွင်နဲ့ လူမှုဘဝစီမံခန့်ခွဲမှုတွေမှာ အခက်အခဲမရှိ အောင်မြင်စေဖို့စတဲ့ နည်းလမ်းကောင်းများစွာကို အပိုင်း၅ပိုင်းနဲ့ ရေးသားဖော်ပြထားတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးဦးဆောင်သူတို့အတွက် ပုဂ္ဂိုလ်ရေးဘဝမှာသာမက လူမှုအကျိုးစီးပွားဘဝတွေကိုပါ အကျိုးဖြစ်ထွန်းစေနိုင်ဖို့ အပြည့်အဝအထောက်အကူပေးမယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲဖို့၊ စီးပွားရေးလုပ်ငန်းကို ဆပွားတိုးတက်အောင် အောင်မြင်တဲ့နည်းလမ်းတွေကို ချဥ်းကပ်နိုင်ဖို့ "NLP ပညာဖြင့် စီးပွားရေးဆပွားတိုးတက်အောင် ကြိုးပမ်းအားထုတ်ခြင်း" စာအုပ်ကို ဖတ်ပါ။

📖 စာမျက်နှာ - ၅၃၉

 

500 + Reading
Only 5 books left