Better Customer Service (Better Customer Service (ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ယှဥ်ပြိုင်နိုင်ဖို့))
“ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို မဖြစ်ရအောင်” - Better Customer Services ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ယှဥ်ပြိုင်ပါ။
လုပ်ငန်းတူတွေ၊ ထုတ်ကုန်တူတဲ့ လုပ်ငန်းတွေ ပြိုင်ဘက်တွေ များလာတယ်။ ငါတို့ကတော့ အရည်အသွေးနဲ့ ပြိုင်မယ်။ ဈေးနဲ့တော့ ဘယ်တော့မှမပြိုင်ဘူး။
အရည်အသွေးတူရင်တောင် ကျွန်တော်/ကျွန်မတို့ ကတော့ ဝန်ဆောင်မှု ပိုကောင်းအောင်လုပ်ပြီးပြိုင်မယ်။ ဒါဆို ဝန်ဆောင်မှုကောင်းအောင် ဘယ်လိုလုပ်ကြမှာလဲ။ ဝယ်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ ဝန်ထမ်းတွေကို ဘာတွေသင်ပေးရမှာလဲ။ Customer Service Strategy က ဘာဖြစ်မလဲ…
ဝန်ဆောင်မှု ပိုကောင်းအောင် လုပ်နိုင်ဖို့အတွက်
➡️ ၁) ကိုယ်တိုင် ဝန်ဆောင်မှု ဆိုတာ ဘာလဲဆိုတာ ရှင်းလင်းဖို့လိုတယ်။
➡️ ၂) “ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို မဖြစ်ရအောင်” ဝန်ဆောင်မှု စည်းမျဥ်းတွေကို နားလည်ပြီးတော့ ဝယ်သူတွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို သိထားရမယ်
➡️ ၃) ဝန်ဆောင်မှု ပိုကောင်းလုပ်ဖို့အတွက် နားလည်ထားရမယ့် နည်းလမ်းတွေ၊ ရှုထောင့်တွေကို ကျေညက်ပြီးတော့ ကိုယ့်လုပ်ငန်းရဲ့ ဝန်ဆောင်မှု ပိုကောင်းအောင်လုပ်မယ့် ဗျူဟာတွေကို စနစ်တကျ ရွေးချယ် ချမှတ်နိုင်ဖို့လိုပါတယ်။
ဒီလိုအသိပညာတွေကို ဖြည့်ဆည်းပြီး ဝန်ဆောင်မှုကောင်းကောင်းနဲ့ ဈေးကွက်ထဲမှာ ယှဥ်ပြိုင်မှုစွမ်းအားကို မြှင့်တင်နိုင်ဖို့အတွက် Better Customer Service Online Course ကို
◼︎ Customer Service Staffs တွေ
◼︎ဝယ်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ Sales & Marketing Staffs တွေ
◼︎ Supervisor တွေ၊ မန်နေဂျာတွေ အပြင်
◼︎အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအတွက်ပါ လေ့လာနိုင်ဖို့ စီစဥ်ပေးလိုက်ပါတယ်။
ဒီသင်တန်းမှာ သင်ကြားမယ့်အကြောင်းအရာတွေဟာ ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစားတစ်ခု ဖြစ်တဲ့ ခရီးသွားလုပ်ငန်း တစ်ခုကို TripAdvisor မှာ ခြောက်နှစ်ဆက်တိုက် ဆုရစေခဲ့နည်းလမ်းတွေလဲ ဖြစ်ပါတယ်။
—
တစ်ပတ်တာ အချိန်ပေးလေ့လာပြီး ဆရာနဲ့ပါ တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်ဖို့အတွက် စီစဥ်ပေးထားပါတယ်။
—-
သင်တန်းကြေးကိုလဲ အားလုံးတတ်နိုင်အောင် စီစဥ်ပေးထားပါသေးတယ်။
- Company များမှ ဝန်ထမ်းများကို တက်ရောက်စေချင်တယ်ဆိုရင်လဲ Corporate Special Offer ကို ၅ ယောက်ကနေ စပြီး ရယူနိုင်ပါတယ်။ (အသေးစိတ်ကို မက်ဆေ့ကနေ စုံစမ်းနိုင်ပါတယ်။)
—
“ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို မဖြစ်ရအောင်” - Better Customer Services ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ယှဥ်ပြိုင်ပါ။ “BCS” လို့ မက်ဆေ့ပို့ပြီး စုံစမ်းလိုက်ပါ။
- 5.0 (311 ratings)
- Myanmar
- 22 Lessons
- 311 Students
What you’ll learn
ဒီသင်တန်းမှာ
Module 1: ဝန်ဆောင်မှု ဟုဆိုရာဝယ်
✅ ဝန်ဆောင်မှုရဲ့ ထူးခြားချက်များ
✅ ဝယ်သူများရဲ့ တန်ဖိုးမျာကို တွက်ချက်ခြင်း
✅ ဝန်ဆောင်မှု ပိုကောင်းလာဖို့ လိုအပ်တဲ့ အချိတ်အဆက်များ
✅ ဝန်ဆောင်မှု အမျိုးအစားများ
Module 2: ဝန်ဆောင်မှု စည်းမျဥ်းများ နှင့် ဖောက်သည်များနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်ခြင်း
✅ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့အတွက် လိုအပ်ချက်များ
✅ ဝန်ဆောင်မှု စည်းမျဥ်းများ
✅ ဖောက်သည်များ နှင့် ဆက်ဆံရေကောင်း တည်ဆောက်နိုင်မယ့်နည်းလမ်းများ
✅ ထပ်ခါထပ်ခါ ဝယ်တဲ့လူတွေ ဖြစ်လာဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းများ
Module 3: အထင်ကရ ဖြစ်စေမယ့် ဝန်ဆောင်မှု ဗျူဟာများ ချမှတ်ခြင်း
✅ Customer Service ပေးနေရတဲ့လူတွေ ဖြည့်ဆည်းထားရမယ့် အချက်များ
✅ Service Blueprint ရေးဆွဲခြင်း အကျဥ်းချုပ်
✅ မထင်မှတ်ထားတဲ့ ပြသနာတွေကနေ အကျိုးမြတ်ထွက်အောင် လုပ်ဆောင်နိုင်ဖို့
✅ ပြသနာဖြစ်နေတဲ့ အခြေအနေတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့
✅ ဝန်ဆောင်မှု အရည်အသွေးတိုင်းတာခြင်း နည်းလမ်းများ
✅ သိမ်မွေ့လှပတဲ့ ဝန်ဆောင်မှုပန်းပွင့်လေး အကြောင်း တွေကိုသင်ကြားရမှာပါပဲဖြစ်ပါတယ်။