လူတိုင်းဟာ နေ့ရက်တိုင်းမှာ စားဝတ်နေရေးအတွက် ငွေရှာဖို့ရုန်းကန်နေကြရတာပါပဲ။
ကျွန်တော်တို့လဲဒီလိုပါပဲ နေ့တိုင်းပုံမှန်ရုံးသွားတယ် သက်ဆိုင်ရာ အသက်မွေးကြောင်းနဲ့ အလုပ်လုပ်ကြပါတယ်။
အချိန်တန်လကုန်လစာထုတ်ဖို့ကိုစောင့်ပြီး တစ်လစီကအချိန်ကုန်သွားကြပါတာပါပဲ။
လကုန်ရက်မှာထုတ်ခဲ့တဲ့လစာက နောက်လမကုန်ခင်မှာ ပိုက်ဆံကကုန်သွားတယ်၊ ဒါဘာကြောင့်ဖြစ်မလဲ။
သေချာတာတစ်ခုကတော့ ကျွန်တော်တို့က ငွေကြေးနဲ့ပတ်သတ်ပြီး သေချာစီမံခန့်ခွဲမှုမလုပ်တတ်ကြလို့ပါပဲ။
ငွေရှာတာသုံးဖို့ဖြစ်တဲ့အတွက် ရသမျှအားလုံးကို သုံစွဲလိုက်ရင်ရော အဆင်ပြေမလားဆိုရင်တော့ မဟုတ်ပြန်ပါဘူး။
ရလာတဲ့ငွေကို လိုအပ်တာအတွက် သုံးစွဲဖို့အပြင် နောင်တစ်ချိန်အဆင်ပြေဖို့ ၊ ရင်းနှီးမြှုပ်နှံဖို့ စတာတွေအတွက် ငွေပမာဏတစ်ခု ခွဲထုတ်စုဆောင်းထားနိုင်ဖို့လည်းလိုအပ်ပါတယ်။
- ငွေဘယ်လိုရှာမလဲ၊
အထူးသဖြင့် အလိုလျောက်ငွေဝင်နေတဲ့ Income တစ်ခုဘယ်လိုတည်ဆောက်မလဲ၊- ငွေကို ဘယ်လိုထိထိရောက်ရောက်စီမံခန့်ခွဲမလဲ၊
ဘယ်လိုစုဆောင်းပြီး ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ စတာတွေနဲ့ပတ်သတ်ပြီး ကိုယ်ကလေ့လာချင်တယ်၊ တကယ်လက်တွေ့အသုံးချချင်တယ်ဆိုရင်တော့ Passive Income ဆိုတဲ့ စာအုပ်ကိုလက်မလွှတ်သင့်ပါဘူး။
ဒီစာအုပ်မှာ Personal Finance ၊ Passive Income နဲ့ Wealth ဆိုပြီးအပိုင်း ၃ပိုင်းနဲ့ အသေးစိတ်ရှင်းပြပေးထားတာဖြစ်လို့ အခုပဲ Better Version Website ကနေ တိုက်ရိုက်မှာယူဖတ်ရှုလိုက်ပါ။
📖 စာမျက်နှာ -၂၆၆