လူတိုင်းကတော့ ပရော်ဖက်ရှင်နယ်ဖြစ်ချင်ကြပါတယ်။
ပရော်ဖက်ရှင်နယ်ဖြစ်အောင်တော့ လူတိုင်းကကြိုးစားမနေကြပါဘူး။
ကိုယ့်ဘဝမှာ ပရော်ဖက်ရှင်နယ်ကျကျနေနိုင်ဖို့ဆိုရင် ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းဟာ ကိုယ်နဲ့သင့်တော်မယ့် ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းဖြစ်ဖို့လည်းအရေးကြီးပါတယ်။
လေ့လာသင်ယူမှုတွေရပ်လိုက်မယ်ဆိုရင် သင့်ဘဝရဲ့ တိုးတက်မှုအခြေနေကလည်း ရပ်တန့်သွားပါလိမ့်မယ်။Personal Development , Professional Development ဖြစ်စေဖို့ learning ကို အချိန်မရွေး၊ နေရာမရွေး လုပ်ဖြစ်နေဖို့လိုအပ်ပါတယ်။
ဒီစာအုပ်ကတော့ ပရော်ဖက်ရှင်နယ်ဖြစ်ဖို့အတွက် ကိုယ်နဲ့ ကိုက်ညီတဲ့ အသက်မွေးလမ်းကြောင်းကိုရွေးချယ်နိုင်ဖို့ လုပ်ငန်းခွင်မှာအောင်မြင်ပျော်ရွှင်ဖို့အတွက်အကြံပြုရေးသားဖော်ပြထားပါတယ်။
ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ ရှိသင့်တဲ့ စိတ်နေစိတ်ထားကိုလည်းဖတ်ရှုရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။
📖 စာမျက်နှာ - ၂၃၀