လူတစ်ယောက်ရဲ့တန်ဖိုးကို ဘာနဲ့ကြည့်ကြမလဲ။
လူ့တန်ဖိုးဆိုတာ ငွေကြေး ၊ စည်းစိမ်ဥစ္စာ နဲ့ ရွှေငွေတွေဆင်မြန်းထားတာကို ပြောတာမဟုတ်ဘူး ။
လူ့တန်ဖိုးဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်တွင်းမှာရှိတဲ့ အဖိုးတန် ရတနာတွေပါ ။
ပြင်ပက အဖိုးတန်ရတနာတွေမဟုတ်ပါဘူး။ ပြင်ပက အဖိုးတန်ရတနာတွေ မြောက်များစွာရှိပြီး ကိုယ်တွင်း စိတ်တွင်း ရင်တွင်း ဦးနှောက်တွင်းမှာ အဖိုးတန်ရတနာ ဘာတစ်ခုမှ မရှိရင်တော့ တန်ဖိုးရှိတဲ့ လူလို့ ပြောရခက်မှာပါပဲ ။
ဒီတော့ လူ့တန်ဖိုးကို ဖြစ်စေတဲ့ လူ့ကိုယ်တွင်းက ရတနာတွေဟာ ဘာတွေဖြစ်မလဲဆိုတာကတော့ စာဖတ်သူကိုယ်တိုင်ပဲ စဉ်းစားတွေးခေါ်ကြည့်လိုက်ပါ ။
လူ့တန်ဖိုးတက်စေမယ့် အရာတွေကိုသာ ကျင့်ကြံပြုမူပြီး ဘဝကိုဖြတ်သန်းပါ ။ လူ့တန်ဖိုးကို ကျစေမယ့်အရာတွေကို ပြုမူခြင်းမှ ရှောင်ကြဉ်ပါ ။
✔️ကိုယ့်ကိုယ်ကိုယ် တန်ဖိုးကျအောင်မလုပ်ပါနဲ့။
✔️ကိုယ့်တန်ဖိုး ကိုယ်မြှင့်ပါ။
✔️ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။
✔️ကိုယ်တန်ဖိုးကိုကိုယ်ထိန်းသိမ်းပါ။
📖 စာမျက်နှာ - ၂၈၀