မိတ်ဆွေရဲ့ ကုန်ပစ္စည်းအပေါ် သုံးစွဲသူတွေနဲ့ ဖောက်သည်တွေကို ဆွဲဆောင်နိုင်တဲ့
Email Marketing နည်းလမ်း၇ချက်ကို ပြောပြပေးလိုက်ပါတယ်။
~ Email Marketing ဆိုတာ ဖောက်သည်နဲ့ရေရှည်ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ အများကြီးကူညီထောက်ပံ့ပေးပါတယ်။
~ ဈေးကွက်ကိုထိုးဖောက်ပြီး ကိုယ့်လုပ်ငန်းရဲ့ပုံရိပ်ကို ရှိပြီးသားဖောက်သည်တွေအပြင် တခြားဖောက်သည်အသစ်၊ သုံးစွဲသူအသစ်တွေကို ဆွဲဆောင်နိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေတဲ့နေရာမှာ အရေးပါတဲ့နေရာက ပါဝင်လာတဲ့ Email Marketing တွေအကြောင်းကို ဒီတစ်ခေါက်မှာ သေချာလေးပြောပြပေးသွားပါမယ်။
ဆွဲဆောင်မှုအားကောင်းပြီးထိရောက်တဲ့ Email Marketing Campaign တွေကို လေ့လာကြည့်ရအောင်။
၁) သင်ရဲ့ အီးမေးလ်အတွက် သီးခြားအကန့်တွေသတ်မှတ်ပါ
------------------
ပစ်မှတ်ထားတဲ့ ကာစတန်မာတွေအတွက် ပေးပို့ရမယ့်အချက်အလက်တွေကို သေချာပိုင်းခြားသတ်မှတ်ပါ။
ဥပမာ-ကိုယ်လုပ်နေတဲ့ လုပ်ငန်းက ခရီးသွားလုပ်ငန်းဆိုရင် ခရီးသွားနဲ့ ပက်သက်ပြီးစိတ်ဝင်စားမယ့်၊ တကယ်ဝယ်ယူခရီးထွက်နိုင်မယ့် အဖွဲ့အစည်းတွေ၊ ခရီးသွားတာကို အမှန်တကယ်စိတ်ဝင်စားတဲ့ အသက်အရွယ်တွေ၊ ဝါသနာပါတဲ့ သူတွေကို အဓိကထားထိုးဖောက်ရမယ့်ပုံစံမျိုးပါ။ ကိုယ့်လုပ်ငန်း (သို့) ဝန်ဆောင်မှု(သို့) ထုတ်ကုန်ကို အမှန်တကယ်သုံးစွဲနိုင်မယ့်သူတွေကို ဘယ်လိုသတင်းအချက်အလက်မျိုးပေးမယ်ဆိုတဲ့ Email Marketing မျိုးတွေကို ပိုင်းခြားသတ်မှတ်ပါ။
၂) သင့်ရဲ့ Email ကို စိတ်ကြိုက်ပြင်ဆင်ရပါမယ်
------------------
Email နဲ့ လုပ်ငန်းစမိတ်ဆက်တာ ဒါမှမဟုတ် ရှိပြီးသား Customer ကို ပြန်ဆက်သွယ်တဲ့အခါမျိုးတွေမှာ အဝင်လှပြီး အထောက်အပံ့ကောင်းကောင်းပေးနိုင်ဖိို့ ပြင်ဆင်မှုတွေလုပ်ရပါမယ်။
တခြား Social Media တွေကို အမြင်လှအောင်၊ ကြည့်လိုက်တာနဲ့ အဆင့်အတန်းတစ်ခုထိပြပေးနိုင်အောင် ပြင်ဆင်သလို ကိုယ်သုံးနေတဲ့ Email မှာလည်း အချက်အလက်တွေ၊ တစ်ဖက်က ဆက်သွယ်လာတာနဲ့ တုံ့ပြန်ချက်ကောင်းတွေ ချက်ချင်းပြန်ပေးနိုင်အောင် ပြင်ဆင်မှုတွေ ပြုလုပ်ထားရပါမယ်။
Email ဆိုတာ နိုင်ငံတကာမှာအကျယ်တပြန့်သုံးနေတာဖြစ်လို့ ဒီလိုပြင်ဆင်ထားတာကလဲ ကိုယ့်လုပ်ငန်းရဲ့ပုံရိပ်ကိုမြှင့်တင်နိုင်ပြီး ယုံကြည်မှုရစေပါတယ်။
၃) Mail ဝင်လာတာနဲ့ ဖတ်ချင်စိတ်ဖြစ်စေမယ့် ပုံရိပ်တွေဖန်တီးပါ
------------------
လုပ်ငန်းနဲ့ ပက်သက်ပြီး mail လွှတ်လိုက်တဲ့အခါမှာ တစ်ဖက်လက်ခံသူက စိတ်ပါဝင်စားပြီး
တန်းဖွင့်ဖတ်ချင်လောက်တဲ့ မိတ်ဆက်စာမျိုးကိုရနိုင်တဲ့ သပ်ရပ်တဲ့ Subject Line တွေဖန်တီးပါ။
ဥပမာ- Profile ကောင်းကောင်းထားတာဖြစ်ဖြစ်၊ Email Subject မှာ ကိုယ်ဖော်ပြချင်တဲ့
မက်ဆေ့ချ်မျိုးကို စိတ်ဝင်စားအောင်ဖော်ပြပေးနိုင်တာမျိုးဖြစ်ပါတယ်။ အခုနောက်ပိုင်း လူတော်တော်များများသိကြတဲ့ SAMSAUNG ၊ KBZ Pay၊ Food Panda တို့က မိတ်ဆွေတို့ကို ဘယ်လို Email Marketing တွေ ပေးလဲဆိုတာ ကိုယ့် mail ထဲ ဝင်ကြည့်ပြီး သိနိုင်ပါတယ်။တကယ်မိုက်တဲ့ Email Marketing မျိုးပါပဲ။
၄) ကိုယ်လိုချင်တဲ့ တကယ့်လုပ်ဆောင်ချက်တွေကို မြင်သာပါစေ
------------------
သင့်ရဲ့Email Marketing ပေါ်မူတည်ပြီး တစ်ဖက်လက်ခံရသူက ဘာလုပ်ရမလဲဆိုတဲ့လုပ်ဆောင်ချက်ကို မြင်သာပါစေ။
ကုန်ပစ္စည်းဝယ်ရမှာလား၊ ဝန်ဆောင်မှုရနိုင်တာလား၊ သင်တန်းတက်လို့ရနိုင်တာလား စသဖြင့်ပေါ့ ဖြစ်စေချင်တာ ၊ လုပ်စေချင်တာကို ပေါ်လွင်ပါစေ။ ဒီလိုလုပ်တာက သင့်ရဲ့ Email Marketing ပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်နဲ့ အချိန်တွေကို လေလွင့်တာမျိုးမဖြစ်စေပါဘူး။
၅) တန်ဖိုးရှိတဲ့ အကြောင်းအရာတွေကို မျှဝေပါ။
------------------
တွန်းအားပေးရောင်းချနေတာမျိုးကို ဘယ်ဖောက်သည်မှ မကြိုက်ပါဘူး၊ ဒါကြောင့် ဖိအားပေးရောင်းချပြီး mail တွေပို့နေတာထက် အသုံးဝင်နိုင်မယ့် အသိပညာပေး၊ အကြံပေးတဲ့အကြောင်းအရာတွေကိုလဲ ပေးပို့ရပါမယ်။ ဒါအပြင် သီးသန့်ကမ်းလှမ်းချက်မျိုးတွေလဲ မျှဝေပေးနိုင်ပါတယ်။ ဥပမာ - ဘာဝယ်ရင် ဘယ်လိုဝန်ဆောင်မှုပေးမယ်၊ ဘာပြန်ရနိုင်မယ်ဆိုတာမျိုးတွေ၊ အချိန်တစ်ခုထိ ဝယ်ယူခဲ့ရင် ဘယ်လိုလျှော့ဈေးတွေ၊ လက်ဆောင်တွေရမယ်ဆိုတဲ့ သတင်းမျိုးတွေကို မျှဝေရပါမယ်။ ဒီလိုလုပ်ခြင်းနဲ့ အလွန်အကျွံရောင်းချခြင်းကို ရှောင်ကြဉ်နိုင်ပြီး ကာစတန်မာတွေရဲ့ယုံကြည်မှုတွေကို အရယူနိုင်မှာပါ။
၆) သင့်ဖောက်သည်တွေနဲ့ တွေ့ဆုံတာတွေ၊ ဆွေးနွေးတာတွေပြုလုပ်ပါ။
------------------
သင်အချက်အလက်တွေပေးပို့ထားတဲ့ ဖောက်သည်တွေကို လုပ်ငန်းအကြောင်းရှင်းပြဖို့ ချိန်းဆိုတာတွေ၊ ဖုန်းနဲ့အဆက်အသွယ် ပြုလုပ်ဖို့တွေ ကြိုးစားရပါမယ်။ မမြင်ရသေးတဲ့ လုပ်ငန်းမိတ်ဆက်ကနေ တွေ့ဆုံပြီး ကိုယ့်လုပ်ငန်းရဲ့ပုံရိပ်ကို ချပြ မိတ်ဆက်ပြပြီး ရင်းနှီးတဲ့ပေါင်းသင်းဆက်ဆံရေးကို ရအောင် ယူဆောင်ရပါမယ်။ ဒီလိုရင်းနှီးမှုတွေကတဆင့် လုပ်ငန်းကို တဖြည်းဖြည်းလူသိများပြီး ယုံကြည်လက်တွဲမှုတွေရလာမှာဖြစ်ပါတယ်။
၇) ပေးပို့ရမည့် အချိန်ကောင်းများကို သိရှိထားပါစေ။
------------------
သင့်ဖောက်သည်ရဲ့ စိတ်ဝင်စားဖတ်နိုင်မည့်အချိန်များကို ကြိုတင်တွက်ဆနိုင်ပြီး စိတ်ဝင်စားနိုင်တဲ့အကြောင်းအရာတွေကို ပေးပို့တာက အကောင်းဆုံးဖြစ်ပါတယ်။
အချိန်တိုင်းရောင်းချနေတာထက် အချိန်တစ်ခုကို သတ်မှတ်ထားပြီး အဲ့အချိန်မှာပဲအချက်အလက်တွေကို မျှဝေခြင်းက ဝယ်သူရဲ့အသိအမှတ်ပြုတာကို ရစေပြီး တုံပြန်ချက်ကောင်းကောင်းကို ရစေနိုင်ပါတယ်။
ဒါကြောင့် ပေးပို့နိုင်မယ့်အချိန်ကောင်းတစ်ခုကိုချမှတ်ပြီး ကောင်းမွန်တဲ့ သတင်းအချက်အလက်တွေကို ဖန်တီးနိုင်ရပါမယ်။
- အခုအပေါ်မှာပြောပြပေးခဲ့တဲ့အချက်အလက်တွေကို သေချာလိုက်နာပြီးလုပ်ဆောင်မယ်ဆိုရင် သင့်လုပ်ငန်းရဲ့ အီးမေးမားကတ်တင်းပိုင်းဆိုင်ရာမှာ ကောင်းကောင်းတိုးတက်လာမယ်ဆိုတာ သေချာပါတယ်။ ဖောက်သည်များနဲ့ ရေရှည်ဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး လုပ်ငန်းတွေတိုးတက်လာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
အခုလို 𝐎𝐧𝐥𝐢𝐧𝐞 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 နည်းလမ်းတွေနဲ့အတူ ဝယ်သူတိုက်ရိုက်ထိတွေ့ရောင်းချနိုင်တဲ့
Sales Strategies နည်းလမ်းကောင်းများစွာကို 𝐁𝐞𝐭𝐭𝐞𝐫 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 ကနေ သင်ကြားပေးနေတာမို့လို့ သင်တန်းကိစ္စများအတွက် အသေးစိတ်စုံစမ်းချင်တာရှိရင် 𝐁𝐞𝐭𝐭𝐞𝐫 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေလဲ မေးမြန်းနိုင်သလို 𝟎𝟗 𝟖𝟖𝟎 𝟗𝟎𝟐 𝟓𝟓𝟖 /𝟎𝟗 𝟖𝟖𝟎 𝟗𝟎𝟐 𝟓𝟓𝟗 ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
နောက်တစ်ဆင့်တက်လှမ်းဖို့အတွက် 𝐁𝐞𝐭𝐭𝐞𝐫 𝐕𝐞𝐫𝐬𝐢𝐨𝐧 ရှိပါတယ်။