ကိုယ့်လုပ်ငန်းရဲ့ တိုးတက်မယ့်နည်းလမ်းတွေကို လေ့လာသုံးသပ်တဲ့နေရာမှာ အခက်အခဲတချို့ပြေလည်စေဖို့ ဒီနေ့ခေတ်နဲ့အမှီ အသုံးပြုနိုင်မယ့် ဆိုရှယ်မီဒီယာ( Social Media ) နည်းလမ်း ၇ ချက်ကို ဒီတစ်ခေါက်မှာ ဖော်ပြပေးလိုက်တယ်နော်။
ဆိုရှယ်မီဒီယာဆိုတာ သုံးစွဲသူတွေနဲ့ထိတွေ့နိုင်ဖို့၊ ကိုယ့်လုပ်ငန်းကို လူတွေသတိထားမိလာစေဖို့ နဲ့ လုပ်ငန်းတိုးတက်ရေးအတွက် တွန်းအားပေးလုပ်ဆောင်နိုင်မယ့် အစွမ်းထက် ကိရိယာတစ်ခုပဲ ဖြစ်ပါတယ်။ဒါကြောင့်ပဲ အသုံးပြုရမယ့်တကယ့် "Social Media Hacks 7ချက်" ကို အခုဖတ်ကြည့်လိုက်ရအောင်။
၁. ကိုယ့်ပန်းတိုင်( Goals )ကို သတ်မှတ်ပါ။
ဆိုရှယ်မီဒီယာ အသုံးပြုရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပါ။ ကိုယ့်လုပ်ငန်းလူသိများဖို့လား၊ အရောင်းမြှင့်တင်ဖို့လား စသဖြင့် ပန်းတိုင်( Goals )ရှိထားခြင်းက ဆိုရှယ်မီဒီယာ အသုံးပြုနည်လမ်းများအတွက် လမ်းညွှန်မှုတွေရစေနိုင်ပါတယ်။
၂. ကိုယ့်သုံးစွဲသူကိုသိပါ။
ကိုယ်ပစ်မှတ်ထားတဲ့ သုံးစွဲသူရဲ့ လူဦးရေစာရင်း၊ စိတ်ဝင်စားမှုနဲ့ အပြုအမူတွေ ကိုနားလည်ထားပါ။ တင်ပြမယ့်အကြောင်းအရာတွေက သုံးစွဲသူတွေနဲ့အံဝင်ခွင်ကျဖြစ်နေစေဖို့ ပစ်မှတ်ထားတဲ့ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်တဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ရုပ်ပုံတွေကို အသုံးပြုပါ။
၃. တသမတ်တည်းသတ်မှတ်ပါ။
ဆိုရှယ်မီဒီယာတွေမှာ Brand ကို ကြော်ငြာတဲ့အခါ ကိုယ့် Brand ရဲ့ ပုံစံကို တသမတ်တည်း သတ်မှတ်ပါ။ Profile ၊ Cover photo နဲ့ Bio တွေကို ကိုယ့်ထုတ်ကုန်နဲ့ ကိုက်ညီတဲ့ ဒီဇိုင်းမျိုးကို တသမတ်တည်းသုံးပါ။ တသမတ်တည်း ရှိခြင်းက ယုံကြည်မှုနဲ့ သစ္စာစောင့်သိမှုကိုတည်ဆောက်ရာမှာ အကူအညီပေးပါတယ်။
၄. ဆွဲဆောင်မှုရှိတဲ့အကြောင်းအရာ( Content ) တွေကိုရေးသားဖော်ပြပါ။
ကိုယ့်လုပ်ငန်းနဲ့ဆိုင်တဲ့သတင်းအချက်အလက်တွေပဲပေးတဲ့ အကြောင်းအရာတွေထက် သုံးစွဲသူတွေကို ဆွဲဆောင်နိုင်မယ့် အကြောင်းအရာတွေကို ဦးစားပေး ဖန်တီးပါ။ အမြင်အာရုံတွေကိုဖမ်းစားနိုင်မယ့် ရုပ်ပုံနဲ့ Video တွေပါတဲ့ Content တွေပါဝင်ပါတယ်။ သုံးစွဲသူတွေနဲ့အမြဲ ထိတွေ့ဆက်ဆံနေစေဖို့ မေးခွန်းမေးတာတွေ၊ စစ်တမ်းကောက်တာတွေကိုလည်း လုပ်နိုင်ပါတယ်။
၅. Influencers တွေနဲ့ချိတ်ဆက်လုပ်ဆောင်ပါ။
ကိုယ့် ကုန်ပစ္စည်း ကိုလူသိများလာဖို့ influencers တွေနဲ့ ချိတ်ဆက်အလုပ်လုပ်ပါ။ Influencers တွေက သူတို့ရဲ့ followers တွေကို ကုန်ပစ္စည်း တွေကိုမိတ်ဆက်ပေးမှာဖြစ်ပြီး စိတ်ချယုံကြည်ရမှုရရှိစေဖို့ အတွက်လည်း အထောက်အကူပြုစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်သွားချင်တဲ့ ဈေးကွက်နဲ့ ပစ်မှတ်ထားတဲ့ သုံးစွဲသူတွေနဲ့ ကိုက်ညီမှုရှိတဲ့ Influencers တွေကို ရွေးချယ်နိုင်ဖို့ လိုပါမယ်။
၆. အခပေးကြော်ငြာတွေကို နည်းလမ်းတကျအသုံးပြုပါ။
ကိုယ့် ကုန်ပစ္စည်းတွေကို ကိုယ်ပစ်မှတ်ထားတဲ့ သုံးစွဲသူတွေ ပိုမိုမြင်လာစေနိုင်ဖို့ Social media မှာအခပေးကြော်ငြာတွေကို အသုံးပြုပါ။Audience တွေ Goals တွေနဲ့ကိုက်ညီမှုရှိတဲ့ လမ်းကြောင်းကို ၊ ရွေးချယ်မှုကို အာရုံစိုက်ပြီး Budget ကို နည်းလမ်းတကျ ချိန်ညှိပါ။ကြော်ငြာရဲ့ ထိရောက်မှုကို တိုင်းတာနိုင်ဖို့အတွက် ခွဲခြမ်းစိတ်ဖြာမှုတွေကို အသုံးပြုပြီး နည်းလမ်းတွေကို ချိန်ညှိ အသုံးပြုပါ။
၇. တိုင်းတာချက်တွေကို စောင့်ကြည့်နေပါ။
ဘာက အလုပ်ဖြစ်ပြီး ဘာကို ပိုကောင်းအောင်လုပ်ရမလဲဆိုတာကို နားလည်နိုင်ဖို့ Social media ခွဲခြမ်းစိတ်ဖြာမှုကို ပုံမှန်အသုံးပြုနေပါ။ထိတွေ့မှု( Engagement )၊ရောက်ရှိမှု ( Reach ) ၊ Conversion အစရှိတဲ့ တိုင်းတာမှုတွေကို အာရုံစိုက်ပါ။ တိုင်းတာချက်တွေကနေရလာတဲ့ အချက်အလက်တွေကို အသုံးပြုပြီး နည်းလမ်း( Strategy) တွေကို ပြန်လည်ပြင်ဆင်ပြီး ရလဒ်အကောင်းဆုံးဖြစ်တဲ့ Content နဲ့ platformကို အာရုံစိုက်ပါ။
~ Social media Success ကိုရရှိဖို့က ဆက်တိုက်ပြုလုပ်ရမယ့်အရာဖြစ်ပြီး အချိန်ယူရမယ်ဆိုတာ သတိရပါ။ နည်းလမ်းပေါင်းစုံက စမ်းသပ်ပြုလုပ်ပါ၊ လုပ်ဆောင်ချက်( performance ) တွေကို ခြေရာခံနေပါ၊ကိုယ့်လုပ်ငန်းအတွက် အလုပ်ဖြစ်မယ့် အကောင်းဆုံးပုံစံပေါ်မှာအခြေခံပြီး သုံးစွဲသူတွေကို ချဥ်းကပ်တဲ့ပုံစံကို ပြောင်းလဲပြုလုပ်ပါ။
~Online Marketing နည်းလမ်းတွေနဲ့အတူ Offline Marketingကို အကောင်းဆုံးဆောင်ရွက်နိုင်ဖို့
Better Version မှ Sales Leader ,Market Plan Training Course သင်တန်းများကို အချိန်နေရာမရွေး တက်ရောက်နိုင်ပါတယ်။
အသေးစိတ် စုံစမ်းနိုင်ဖို့ 09 880 902 558 ~ 59 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
နောက်တစ်ဆင့်တက်လှမ်းဖို့အတွက် Better Version ရှိပါတယ်။