လုပ်ငန်းတစ်ခုရှိလာပြီဆိုရင် ခေါင်းဆောင်ဆိုတာ မဖြစ်မနေလိုအပ်ပါတယ်။ ခေါင်းဆောင်ဆိုတဲ့အတိုင်း ဦးဆောင်နိုင်မယ့်စွမ်းရည်တွေ ရှိကိုရှိထားသင့်တယ်။ ရှိပြီးသားစွမ်းရည်ကိုလည်း တိုးတက်အောင်အမြဲမပြတ် လေ့လာသင်ယူနေရပါမယ်။ ခေါင်းဆောင်မှုစွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်တယ်ဆိုတာဟာ မိမိကိုယ်မိမိ သိရှိနားလည်မှု၊ စဥ်ဆက်မပြတ် လေ့လာသင်ယူမှု၊ လက်တွေ့လုပ်ဆောင်အသုံးချမှု စတာတွေပါဝင်နေတဲ့ လုပ်ငန်းစဥ်တစ်ခု ဖြစ်ပါတယ်။ စွမ်းဆောင်ရည်တိုးတက်နိုင်ဖို့အတွက် ပြုလုပ်နိုင်မယ့် နည်းလမ်း ၇ မျိုးကိုဖော်ပြပေးပါမယ်။
မိမိကိုယ်မိမိ သိရှိနားလည်မှု
မိမိရဲ့ အားသာချက်၊ အားနည်းချက် ၊တန်ဖိုးထားမှုတွေနဲ့ ခေါင်းဆောင်မှုပုံစံတွေကို ကိုယ်တိုင်နားလည်ထားရပါမယ်။ ထိရောက်တဲ့ ခေါင်းဆောင်မှုအတွက် မိမိကိုယ်ကို သိရှိနားလည်ခြင်းကလည်း အရေးပါပါတယ်။
မိမိရဲ့ခေါင်းဆောင်မှု စွမ်းရည်တွေအပေါ် မတူညီတဲ့ အမြင်တွေရရှိနိုင်ဖို့ လုပ်ဖော်ကိုင်ဘက်တွေ၊ လက်အောက်ငယ်သားတွေနဲ့ လမ်းညွှန်ပေးနိုင်မယ့်သူတွေဆီက အကြံပြုချက်တွေယူလို့ရပါတယ်။
ထိရောက်မှုရှိတဲ့ ဆက်ဆံပြောဆိုမှု
ကိုယ်၊နှုတ်၊အမူအရာနဲ့ ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်မယ့် ဆက်ဆံရေးစွမ်းရည်ကို တည်ဆောက်ပါ။
တစ်ဖက်လူရဲ့ အတွေးအမြင်နဲ့ ထင်မြင်ချက်၊ စိုးရိမ်မှုတွေကိုနားလည်နိုင်ဖို့ တက်ကြွစွာနားထောင်ပေးခြင်းကို လေ့ကျင့်ပါ။ကိုယ်ရဲ့ အမြင်၊ မျှော်လင့်ချက်နဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ရှင်းလင်းစွာ ထုတ်ဖော်ပြောပြပါ။ ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာကို တစ်ဖက်လူ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်အောင် ပြောဆိုဆက်ဆံပါ။
ကိုယ်ချင်းစာတတ်မှု
တစ်ခြားသူတွေရဲ့ စိတ်ခံစားချက်တွေနဲ့ လိုအပ်ချက်တွေကို နားလည်ပေးနိုင်မယ့် စာနာစိတ်ကိုမွေးမြူပါ။
အထောက်အကူပြုနိုင်တဲ့ လုပ်ငန်းပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ဖို့အတွက် မတူကွဲပြားတဲ့ အမြင်တွေနဲ့ ရရှိလာတဲ့ အတွေ့အကြုံတွေကို သုံးသပ်ပါ။
ဆုံးဖြတ်ချက်ချနိုင်ခြင်း စွမ်းရည်
အားနည်းချက်၊ အားသာချက်တွေကို ချိန်ဆခြင်း၊ အလားအလာရှိတဲ့ ရလဒ်တွေကို ထည့်သွင်းစဥ်းစားခြင်း၊ အန္တရာယ်တွေကိုအကဲဖြတ်ခြင်းနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချနိုင်ခြင်းစွမ်းရည်ကို မွေးမြူပါ။ ပြတ်သားမှုရှိပြီး ကိုယ့်ဆုံးဖြတ်ချက်တွေကို တာဝန်ယူမှုရှိပါ။
လိုက်လျောညီထွေရှိမှု
လုပ်ငန်းပတ်ဝန်းကျင်ဆိုတာ အမြဲပြောင်းလဲနေတတ်ပါတယ်။ လိုက်လျောညီထွေမှုရှိနေပြီး စိတ်ကူးသစ်၊ လုပ်ဆောင်နည်းအသစ်တွေအတွက် ပွင့်လင်းမှုရှိပါ။လုပ်ငန်းခွင်မှာ ပင်ကိုယ်စရိုက်၊ စိတ်နေစိတ်ထားတွေ မျိုးစုံရှိနိုင်တာမို့ တသမတ်တည်းသွားတဲ့နည်းလမ်းတွေက အဆင်မပြေနိုင်ပါဘူး။ဒါကြောင့် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို ကျေနပ်စွာလက်ခံပါ။
အတုယူပါ၊ လှုံံ့ဆော်ပါ
စံပြအနေနဲ့ဦးဆောင်ပါ။ တိကျတဲ့အလုပ်ကျင့်ဝတ်၊ စိတ်အားထက်သန်မှုနဲ့ အပြုသဘောဆောင်တဲ့ သဘောထားကိုပြသပါ။ ပြတ်သားတဲ့ ရည်မှန်းချက် ပန်းတိုင်တွေချမှတ်ခြင်း၊ အပြုသဘောဆောင်တဲ့ တုံံံ့ပြန်ချက်တွေပေးခြင်း၊ အောင်မြင်မှုတွေကို အသိအမှတ်ပေးပြီးဆုချပေးခြင်းတွေနဲ့ ကိုယ့်ရဲ့ အဖွဲ့ကိုတက်ကြွအောင်လှုံံ့ဆော်ပေးပါ။
ကိုယ့်အဖွဲ့ရဲ့ လုပ်နိုင်စွမ်းကိုယုံကြည်ပြီး သင့်တော်တဲ့တာဝန်တွေကို ပေးအပ်ပါ။ လိုအပ်တဲ့အခါ လမ်းညွှန်မှုတွေနဲ့ ပံ့ပိုးမှုတွေလုပ်ဆောင်ပေးပါ။
အဆက်မပြတ်လေ့လာသင်ယူပါ
လုပ်ငန်းနယ်ပယ် အတွင်းထဲက အကြောင်းတွေ၊ ခေါင်းဆောင်မှုသီအိုရီတွေ၊ အလေ့အကျင့်ကောင်းတွေကို အမြဲမျက်ခြေမပြတ်လေ့လာနေပါ။ ကိုယ်ရွေးချယ်ထားတဲ့ ပရော်ဖက်ရှင်နယ်နဲ့ပတ်သတ်ပြီး တိုးတက်မှုရှိတဲ့ အခွင့်အလမ်းတွေကို အမြဲရှာဖွေနေပါ။ ကိုယ့်နယ်ပယ်မှာ ဦးဆောင်နေနိုင်ဖို့အတွက် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေ တက်ရောက်ပါ၊ စာပေတွေကိုဖတ်ပါ။
ခေါင်းဆောင်မှုစွမ်းရည်ဆိုတာ အဆက်မပြတ်လေ့လာသင်ယူနေရမယ့် အရည်အချင်းတစ်ခုပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့တိုးတက်မှုကို ပုံမှန်အကဲဖြတ်ပါ၊တုံ့ပြန်ချက်ရယူပါ။ အခြေအနေတောင်းဆိုချက်အရ ခေါင်းဆောင်မှုပုံစံကို လိုက်လျောညီထွေဖြစ်အောင် ပွင့်လင်းစွာလုပ်ဆောင်ပါ။
အရောင်းပိုင်းမှာ ကိုယ့်ရဲ့ အဖွဲ့ကို အကောင်းဆုံးသော စီမံခန့်ခွဲမှုနည်းလမ်းတွေနဲ့ ဦးဆောင်နိုင်ဖို့အတွက်
𝐁𝐞𝐭𝐭𝐞𝐫 𝐒𝐚𝐥𝐞𝐬 𝐋𝐞𝐚𝐝𝐞𝐫 အတန်းကို Better Version Institute မှာ တက်ရောက်လေ့လာနိုင်ပါပြီ။
သင်တန်းတက်ရောက်နိုင်ဖို့အတွက် 𝟎𝟗 𝟖𝟖𝟎 𝟗𝟎𝟐 𝟓𝟓𝟖 (သို့မဟုတ်) 𝐌𝐞𝐬𝐬𝐚𝐠𝐞 𝐁𝐨𝐱 တွင် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်
နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် 𝐁𝐞𝐭𝐭𝐞𝐫 𝐕𝐞𝐫𝐬𝐢𝐨𝐧 ရှိပါတယ်။