Learn with a Free Trial
ရောင်းအားကျလာတဲ့အခါ ဘာတွေလုပ်နိုင်မလဲ။
Min Than Htut

အရောင်းပိုင်းကိုစီမံခန့်ခွဲနေရသူတစ်ယောက်အနေနဲ့ ရောင်းအားတွေကျလာတဲ့အခါ ဘာတွေလုပ်နိုင်မလဲ။ အရောင်းမန်နေဂျာတွေ၊ အရောင်းကြီးကြပ် (Sales Supervisors) တွေအနေနဲ့ Goal တွေချ၊ Strategy တွေဆွဲ၊ Plan တွေပြင်ပြီးလုပ်နေတယ်။ ရလဒ်ကိုကြည့်တဲ့အခါကြတော့ ထင်သလောက် တိုးတက်လာတာမတွေ့ရဘူး။ Target မထိတဲ့လကလည်း ၂ လ၊ ၃ လဖြစ်လာပြီ။ ဒါဆိုရင် ဘာတွေလုပ်ဖို့ လိုနေပြီလဲ။ ဦးဆောင်နေရသူတစ်ယောက် အနေနဲ့ဘာတွေလုပ်နိုင်မလဲ လေ့လာကြည့်ရအောင်။ 

 

၁) ချမှတ်ထားတဲ့ Goal တွေ Target တွေကိုပြန် လေ့လာဆန်းစစ်ပါ။

အရောင်းသမားတစ်ယောက်ချင်းစီရဲ့ Individual Target, Team Target တွေကို ပြန်ကြည့်ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ sales forecasting (အရောင်းရနိုင်ချေခန့်မှန်းချက်) လုပ်ပြီး Target တွေချလိုက်ပေမယ့် သင့်အဖွဲ့ရဲ့ လုပ်နိုင်စွမ်းအား ထက်ကျော်သွားတာမျိုးများ ဖြစ်နေပြီလား။ ဒီနေရာမှာ သင့်ချမှတ်လိုက်တဲ့ Goals တွေဟာ SMART goal setting နဲ့ align ဖြစ်ဖို့လိုပါတယ်။ SMART goal setting အကြောင်းလည်း ရှဲပေးခဲ့ဖူးပါတယ်။ ဆိုတော့ ပြီးခဲ့တဲ့နှစ်က ဒီလိုလမျိုးမှာရခဲ့တဲ့ data တွေ၊ သင့်အရောင်းအဖွဲ့ရဲ့ လူအင်အားနဲ့ တစ်ယောက်ချင်းစီ လုပ်နိုင်စွမ်းအားတွေကို ပြန်လေ့လာဖို့ လိုပါပြီ။ လူထပ်ခန့်ရမှာလား၊ training ပေးရမှာလား၊ Target တွေပြန် အလျော့အတင်းလုပ်ရမှာလား စသည်ဖြင့် action ယူရမှာပါ။ 

 

၂) သင့်အရောင်းသမားတွေ တက်တက်ကြွကြွ အလုပ်လုပ်ကြရဲ့လားလို့ ဆန်းစစ်ပါ။ 

Motivation – effort – Performance – Reward – Motivation သင့်အရောင်းသမားတွေ အလုပ်အပေါ်မှာ motivation ဖြစ်နေမှ အားစိုက်ထုတ်မှု (effort) ရှိလာမှာပါ။ effort ရှိမှ အရောင်းတွေပိုတိုးလာခြင်း ဆိုတဲ့ performance တွေ ကောင်းလာမယ်။ အရောင်းတွေ တက်လာတော့ ဆုပေးတာ၊ commission ရတာစတဲ့ rewards တွေရမယ်။ ဒီလို တွေရတော့ အလုပ်လုပ်ရတာ တက်တက်ကြွကြွ (motivate) ဖြစ်မယ်။ စက်ဝိုင်းလို သံသရာလည်နေတာပါပဲ။ ဒါကြောင့်စီမံခန့်ခွဲနေရသူ တစ်ယောက်အနေနဲ့ သင့်တော်တဲ့ reward plan တွေ Motivation techniques တွေကို သင်လုပ်ထားရဲ့လား၊လုပ်ဖို့လိုနေပြီလား ဆန်းစစ်ဖို့လိုပါတယ်။ ဒီနေရာမှာ sales commission တစ်ခုထဲသာမဟုတ်ဘဲနဲ့ ငွေကုန်ကြေးကျလည်း အရမ်းအများ သင့်အဖွဲ့သားတွေလည်းပျော်ရွင် ကျေနပ်ကြစေမယ့် monthly target ထိအောင်ရောင်းနိုင်သူကို small gifts လေးတွေ အမှတ်တရလက်ဆောင်ပေးတာမျိုး၊ ရောင်းအားအများဆုံး ၃ယောက်ကို ဆုတံဆိပ်လေးတွေပေးတာမျိုး စသည်ဖြင့် လုပ်ပေးလိုက်ခြင်းအားဖြင့် အရောင်းသမားတွေက ပိုပြီးစိတ်အားထက်သန်လာပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ကြိုးစားကြမှာဖြစ်ပါတယ်။ 

 

၃) သင့်အရောင်းသမားတွေ အလုပ်တွေပို၊ ဝန်တွေပိနေလားဆိုတာကို သေချာစစ်ဆေးပါ။

တစ်ခါတစ်လေကြတော့သင်က အချက်အလက်တွေသိချင်လို့ အရောင်းသမားတွေစီကဟို customer data ပေးပါ၊ ဒီ information အသေးစိတ်ပေးပါစသည်ဖြင့် report တွေလုပ်ခိုင်းတယ်၊ data တွေတောင်းလိုက်တယ်။ အဲ့ဒီအချိန် သူတို့တွေ မှာလည်းသွားတွေ့ရမယ့် ဝယ်သူတွေ၊ ဖုန်းခေါ်ရမှာတွေ၊ email ပို့ရမှာတွေကလည်းရှိနေတယ်။ ဒါဆိုရင် သူတို့မှာအလုပ်တွေပိပြီး ဝယ်သူပြောတာတွေသေချာနားမထောင်နိုင်လိုက်လို့ လွတ်သွားတာမျိုးတွေ၊ သေချာစဉ်းစားချိန်မရလို့ ပြောလိုက်ရပါတယ်ဆိုတဲ့ အမှားတွေ ဖြစ်လာတာပေါ့။ ရလဒ်ကတော့ အရောင်းတွေကျလာတာပါပဲ။ ဒါဆိုရင် ဒီလို task တွေ overload မဖြစ်ရလေအောင် စီမံခန့်ခွဲနေရတဲ့ သင်က အားလုံးအဆင်ပြေစေဖို့ Task management software တွေသုံးဖို့စဉ်းစားဖို့လိုပါပြီ။ Asana လိုမျိုး application တွေကိုသုံးခြင်းအားဖြင့် ဘယ်သူတွေ ဘယ်ရက်မှာ ဘယ်အလုပ်တွေရှိနေလဲ၊ ဘယ်လို တာဝန်ခွဲဝေပေးမှုတွေ (delication) လုပ်ပေးလို့ရမလဲဆိုတာ စီမံခန့်ခွဲလို့ရလို့ရသွားတော့ သူတို့အတွက်လည်း အလုပ်တွေပို၊ ဝန်တွေ မပိစေတော့ဘူးပေါ့။ 

 

၄) ဈေးကွက် အခြေအနေ နဲ့ ပြိုင်ဘက်တွေရဲ့ အနေအထားကိုလေ့လာပါ။ 

ယှဉ်ပြိုင်မှုတွေများပြီး အမြဲတမ်းပြောင်းလဲနေတဲ့ဈေးကွက်ထဲမှာ သင့်အနေနဲ့လည်း အမြဲတမ်း မျက်ခြေမပြတ်လေ့လာနေဖို့လိုပါတယ်။ သင့်ရဲ့ product ကလည်း ဈေးနှုန်းအနေနဲ့ရော၊ အရည်အသွေးအနေနဲ့ရောကောင်းတယ်။ အရောင်းသမားတွေကလည်း ကျွမ်းကျင်တယ်။ ဒါပေမယ့် ထင်သလောက် အရောင်းကမရဘူးဆိုရင် အရောင်းသမားတွေကိုပဲ pressure ပေးတာမျိုး၊ action ယူတာမျိုးလုပ်လို့မရပါဘူး။ ဈေးကွက်အနေအထား၊ အသစ်ဝင်လာတဲ့ ပြိုင်ဘက်တွေ များလာတာလား၊ PESTLE analysis လိုမျိုး နိုင်ငံရေးအခြေအနေ၊နည်းပညာအပြောင်းအလဲတွေ၊ target customer တွေရဲ့ ဝယ်လိုအားနဲ့ ငွေကြေးသုံးစွဲနိုင်မှု အခြေအနေအပြောင်းအလဲတွေကို သင်ပြန်လေ့လာသုံးသပ်ပြီး သင့်တော်တဲ့ strategy ကို ပြောင်းလဲအသုံးပြုဖို့ စဉ်းစားရမှာပါ။ 

 

၅) သင့်ရဲ့ ခေါင်းဆောင်မှုပုံစံကို ပြန်သုံးသပ်ပါ။ 

နောက်ဆုံးကတော့ သင့်ကိုယ်သင်လည်း ပြန်သုံးသပ်ဖို့လိုပါတယ်။ “အခြားသူတွေရဲ့ အမှားတွေ၊လိုအပ်ချက်တွေကြတော့ လွယ်လွယ်ကူကူမြင်တတ်ပေမယ့် သင်ကိုယ်တိုင်ရဲ့ အမှားကြတော့ လွယ်လွယ်ကူကူမြင်တတ်ဖို့၊ လက်ခံဖို့ ခက်ခဲပါတယ်တဲ့” ဒါ့ကြောင့် သင့်အနေနဲ့ရော သင့်တော်တဲ့ စီမံခန့်ခွဲမှုပုံစံတွေ၊ ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ အသစ်အသစ်တွေ ကိုလေ့လာပြီးအသုံးချနေရဲ့လား၊ စာအုပ်ကြီးအတိုင်း သွားနေတာမျိုးလား ပြန်ဆန်းစစ်ဖို့လိုပါတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လေ့လာထားသင့်တဲ့ Leardership and Management Style တွေကိုလေ့လာပြီး၊ သင့်အဖွဲ့ထဲက လူတွေရဲ့အခြေအနေတွေ၊ ဖြစ်နေတဲ့ အနေအထားတွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို မူတည်ပြီးတော့သင့်တော်တဲ့ ခေါင်းဆောင်မှု ပုံစံကိုပြောင်းလဲ အသုံးပြုဖို့ကြိုးစားမှသာလျှင် လိုချင်တဲ့ target ရတဲ့၊ ကြိုးစားတဲ့ team တစ်ခုကို တည်ဆောက်နိုင်မှာပါ။ ဒီလောက်ဆိုရင်တော့ အရောင်းပိုင်းကို စီမံခန့်ခွဲနေရသူတွေ အနေနဲ့ Sales performance တွေကျလာတယ်ဆိုတဲ့ အခြေအနေမျိုးမှာ ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းဖို့ idea တစ်ခုခုရမယ်လို့မျှော်လင့်ပါတယ်။ 

◼︎Better Version Institute မှာ အရောင်းအဖွဲ့ကို အကောင်းဆုံးဦးဆောင်နိုင်ရန်အတွက် Better Sales Mastery Series  အတန်းကို တက်ရောက်လို့ရပါတယ်။  သင်တန်းတက်ရောက်နိုင်ရန်အတွက်09880902558 - 09880902559 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။


Better Version - Simple. Effective . Practical
 

0 Like

Related Post

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2026 Better Version. All rights reserved.
facebookyoutube