ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ စီးပွားရေးအသိုက်အဝန်းထဲမှာ အရောင်းရရှိရေးက လုပ်ငန်းတိုင်းရဲ့ အသက်သွေးကြောဖြစ်လာတယ်။ အရောင်းမရှိရင် သွေးမရှိတော့လူလိုဘဲ။ မရှင်သန်နိုင်ဘူး။
ဒါကြောင့်…
~ အရောင်းတိုး၊ အမြတ်တိုးဖို့
~ ဈေးကွက်ဝေစု များများရဖို့
~ လုပ်ငန်းတစ်ခုလုံး အောင်မြင်ရေးအတွက်အရောင်းဗျူဟာကောင်းကောင်းချတက်ဖို့လိုလာတယ်။
အတွေ့အကြုံရင့်တဲ့လူဘဲ ဖြစ်ဖြစ်၊ အခုမှစပြီး အရောင်းဗျူဟာပိုင်းအတွက်လုပ်နေရတဲ့လူဘဲ ဖြစ်ဖြစ်၊ အခုပြောပြမယ့် နည်းလမ်းကို သေချာ လုပ်ဆောင်သင့်တယ်။
၁။ ကိုယ့်ပစ်မှတ် ဝယ်သူတွေအကြောင်း နားလည်အောင်လုပ်ပါ။
ပြောင်မြောက်တဲ့ အရောင်းဗျူဟာ ချမှတ်ဖို့အတွက် အရင်ဆုံး ကိုယ့်ပစ်မှတ် ဒါမှမဟုတ် ကိုယ့်ပစ်မှတ်ထားချင်တဲ့ ဈေးကွက်အကြောင်းကို အရင်နားလည်ဖို့လိုပါတယ်။ ဈေးကွက်ကို လေ့လာဖို့လိုလာတယ်။ အကြမ်းအားဖြင့် ဝယ်သူရဲ့ အကြိုက်၊ လိုချင်တဲ့အရာတွေ၊ ဝယ်ယူမှုပုံစံတွေပေါ့။
ဝယ်သူကို နားလည်တဲ့အခါမှာ ဘယ်လိုချဥ်းကပ်မလဲ။ ဘယ်လို ရောင်းမလဲ။ ဘာပြောမလဲ။ ငြင်းလာရင်ကော ဘယ်လို တုန့်ပြန်မလဲ။ ထုတ်ကုန်ကအစ ဘယ်လို ပြင်ဆင်မလဲ စတာတွေကို ဝယ်သူအကြိုက် ပြောင်းလဲလာနိုင်မယ်။
၂။ ဆွဲဆောင်မှုရှိတဲ့ သတင်းစကား ဖန်တီးပါ။
ဒီအချက်က အရင်ပြောထားတဲ့ “ဝယ်သူကို နားလည်အောင်လုပ်ထားပါ” ဆိုတဲ့အချက်နဲ့ ချိတ်ဆက်တယ်။ ကိုယ့်ရောင်းကုန်ကို ဝယ်သူတွေကို ကိုယ့်ကို စိတ်ဝင်စားလာဖို့ ဘယ်လိုတင်ဆက်လဲ ဆိုတာ ပထမဦးဆုံးအရေးပါတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။
ကိုယ်တင်ဆက်ပုံ၊ သတင်းစကားဟာ
ရှင်းလင်းရမယ်။
တိကျရမယ်။
ဆွဲဆောင်နိုင်စွမ်းရှိရမယ်။
ရောင်းကုန်ရဲ့ အကျိုးရလဒ်ကို မြင်သာစေရမယ်။
ပြောရရင် ကိုယ့်ရောင်းကုန်ကို ဝယ်ယူခြင်းအားဖြင့် ဝယ်သူရသွားမယ့် အကျိုးကျေးဇူးတွေကို အထင်သာ၊ မြင်သာဆုံးတင်ဆက်နိုင်ရမယ်။
၃။ ထိရောက်တဲ့ အရောင်းနည်းလမ်းတွေ သေချာ ပြင်ဆင်ပါ။
အောင်မြင်တဲ့ အရောင်းဗျူဟာဆိုတာ ထုတ်ကုန်ကောင်းကောင်းရှိတာ၊ သတင်းစကား တင်ဆက်ပုံကောင်းတာ နဲ့ မလုံလောက်သေးဘူး။ စိတ်ဝင်စားလာတဲ့ လူတွေကို ဝယ်ဖြစ်သွားအောင် လုပ်နိုင်ဖို့လဲ အရေးကြီးတယ်။ ဒါကြောင့် အရောင်းနည်းစနစ်တွေကို ကြိုတင်ပြင်ထားဖို့ လိုဦးမယ်။
အရောင်းနည်းစနစ်တွေအများကြီးရှိတဲ့ထဲမှာ ဒီသုံးခုကို သေချာလုပ်ပါ။
စိတ်ဝင်တစား နားထောင်ပါ။
----------------------------------
ဝယ်သူရဲ့ ပြသနာတွေ၊ အခက်အခဲတွေ၊ လိုချင်မှုတွေ၊ စိန်ခေါ်မှုတွေ၊ စိုးရိမ်မှုတွေ၊ မေးခွန်းတွေကို သေချာ ဂရုစိုက်နားထောင်ပါ။
ငြင်းဆန်မှုတွေကို ကျော်လွှားဖို့ ပြင်ထားပါ။
---------------------------------------------------
ပွဲမဝင်ခင် အပြင်က လေ့ကျင့်ဆိုသလိုဘဲ။ ဝယ်သူတွေ ငြင်းလာနိုင်မယ့် အချက်တွေကို ကြိုတင်ပြီးတော့ စဥ်းစားပြီး ပြန်ဖြေရှင်းနိုင်ဖို့ လုပ်သွားဖို့လိုတယ်။
လူတိုင်းဟာ ကိုယ့်ဝယ်သူမဟုတ်ဘူး။ သို့သော် ကိုယ့်စရောင်းပြီဆိုရင်တော့ သူ့ဘက်ကလာမယ့် ငြင်းဆန်မှုတွေအတွက် ဖြေရှင်းဖို့ ပြင်ထားပါ။
ငြင်းလာရင် ယုံကြည်မှုရှိရှိနဲ့ တုန့်ပြန်ပါ။ ဓမ္မဒိဌာန်ကျကျ၊ ကိုယ်ချင်းစာစိတ်ရှိရှိနဲ့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုပေါ် ပေါင်းစပ်ပြီးတော့ အရောင်းဖြစ်အောင် လုပ်ဆောင်ဖို့ ကြိုးစားပါ။
ဝယ်ဖြစ်သွားအောင် ရောင်း
---------------------------------
တချို့က စိတ်ဝင်စားအောင်လုပ်နိုင်တယ်။ တင်ဆက်ပုံလဲ ကောင်းတယ်။ ဒါပေမယ့် မရောင်းရဘူး။ ဘယ်လောက်ပြောင်မြောင်အောင် တင်ဆက်ထားပါစေ မဝယ်သွားရင် မရောင်းရဘူး။ ဝယ်ဖြစ်သွားအောင် လုပ်ဖို့အတွက် နည်းလမ်းတွေ ပြင်ဆင်ထားဖို့လိုလာတယ်။
နောက်ဆုံးအနေနဲ့ အမြတ်တိုးဖို့အတွက် နည်းလမ်းတွေကို တရားသေ ထားလို့မရဘူးဆိုတာပါ။ ဖြစ်စဥ်လိုမြင်ရမယ်။ အလုပ်ဖြစ်သွားတာ၊ မဖြစ်သွားတာတွေကို စဥ်ဆက်မပြတ် သုံးသပ်ပြီးတော့ ပြောင်းလဲ နေဖို့လိုမယ်။
~ ဈေးကွက် အခြေအနေပြောင်းလာမယ်။
~ ဝယ်သူတွေ အကြိုက်ပြောင်းလာမယ်။
~ ပြိုင်ဘက်တွေ ထပ်ဝင်လာမယ်။
~ ဒီအပြောင်းအလဲတွေကြားမှာ ကိုယ်တိုင်လိုက်ပြောင်းနိုင်ဖို့လိုတယ်။
ပြောင်းလွယ်ပြင်လွယ်ဖြစ်မယ်။ အချက်အလက်ပေါ်မှာ အခြေခံပြီး စဥ်စားနိုင်မယ်။ ဝယ်သူကိုအမြဲဦးစားပေးတဲ့ အကျင့်နဲ့ ကြိုးစားအားထုတ်မှု ပေါင်းထည့်လိုက်ရင် အရောင်းတိုး၊ အမြတ်တိုးလာမှာပါ။
အရောင်းနည်းစနစ်တွေကိုတိတိကျကျဖော်ဆောင်နိုင်ဖို့ 𝐒𝐚𝐥𝐞𝐬 𝐂𝐥𝐨𝐬𝐢𝐧𝐠 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞𝐬 တွေကို
𝐁𝐞𝐭𝐭𝐞𝐫 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐀𝐩𝐩 မှာ 𝐁𝐞𝐭𝐭𝐞𝐫 𝐒𝐚𝐥𝐞𝐬 𝐌𝐚𝐬𝐭𝐞𝐫𝐲 𝐒𝐞𝐫𝐢𝐞𝐬 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐨𝐮𝐫𝐬𝐞 မှာ တက်ရောက်နိုင်ပါတယ်။
အသေးစိိတ်စုံစမ်းလိုပါက Better Version Page Messenger သို့မဟုတ် 𝟎𝟗 𝟖𝟖𝟎𝟗𝟎𝟐𝟓𝟓𝟖 , 𝟎𝟗 𝟖𝟖𝟎𝟗𝟎𝟐𝟓𝟓𝟗 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။