အောင်မြင်သောအရောင်းပိတ်နည်းအတွက် ရောင်းချနည်း ၇ချက်
Better Version

အရောင်းပိတ်ပြီဆိုရင် ထိရောက်မှုရှိတဲ့ ပြောဆိုဆက်ဆံမှု၊ ရင်းနှီးမှုတည်ဆောက်ခြင်း နဲ့ ဝယ်သူကို နားလည်ပေးနိုင်မှုတွေပါဝင်ပါတယ်။ 

ဒီမှာ အရောင်းပိတ်ခြင်း (Sales close) လုပ်တဲ့အခါမှာ အကူအညီဖြစ်စေမယ့် အရောင်းနည်းစနစ် ၇ ခုကို ပြောပြပေးပါမယ်။

 

1. တက်ကြွစွာ နားထောင်ပါ။ (Active Listening)

 

အလားအလာရှိတဲ့ဝယ်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ စိုးရိမ်မှုတွေကို သေချာနားထောင်ပေးပါ။ သူတို့အဓိကအဆင်မပြေဖြစ်နေတဲ့ အချက်တွေကိုထောက်ပြပေးပြီး ပြန်လည်ပြောပြပေးခြင်းအားဖြင့် သူတို့ရဲ့အခြေအနေကို ကိုယ်ချင်းစာနားလည်ကြောင်း ဖော်ပြပေးပါ။အဲ့လိုဖော်ပြပေးခြင်းက ဝယ်သူနဲ့ ကိုယ့်အကြား ယုံကြည်မှုကိုတည်ဆောက်နိုင်ရုံသာမက သူတို့လိုအပ်ချက်တွေကို

ဖြေရှင်းပေးတဲ့အခါမှာ အံဝင်ခွင်ကျဖြစ်စေဖို့အတွက် အထောက်အကူပေးနိုင်ပါတယ်။

----------

2.  ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ပါ။

 

ဝယ်နိုင်ခြေရှိတဲ့သူနဲ့ ခိုင်မာသောဆက်ဆံရေးကိုတည်ဆောက်တာက အရေးကြီးပါတယ်။ လူတွေက သူတို့သဘောကျတဲ့သူ၊ ယုံကြည်ရတဲ့သူတွေဆီမှာပဲ ဝယ်ချင်ကြတဲ့သဘောရှိပါတယ်။ အချင်းချင်းရင်းနှီးလာဖို့အချိန်ယူပါ။ သူတို့ရဲ့ စိန်ခေါ်မှုတွေကို စိတ်ဝင်စားကြောင်းပြသပါ။

----------

3.  Open- ended မေးခွန်းများကိုမေးပါ။

 

Open- ended မေးခွန်းများကိုမေးမြန်းပြီး အဓိပ္ပါယ်ရှိတဲ့စကားဝိုင်းကို အားပေးပါ။ ဒီနည်းလမ်းမှုကိုသုံးတာက ဝယ်သူရဲ့ ဦးစားပေးမှုတွေ၊ လိုအပ်ချက်တွေနဲ့ စိုးရိမ်မှုအကြောင်း အချက်အလက်တွေကို သိရှိနိုင်ဖို့ စုဆောင်းရာမှာအထောက်အကူပေးပါတယ်။ ဝယ်သူတွေအကြောင်းပိုသိလေလေ၊ သင့်ထုတ်ကုန် ဝန်ဆောင်မှုကို ဖြေရှင်းချက်တစ်ခုအဖြစ် သတ်မှတ်ပေးတဲ့အခါမှာ ပိုအထောက်အကူဖြစ်လေဖြစ်ပါတယ်။

----------

4.  ဆုံးဖြတ်ချက်ချတဲ့ Process ကို နားလည်ပါ။

 

ဘယ်သူက တကယ်ဆုံးဖြတ်ချက်ချမယ့်သူလဲဆိုတာကိုသိပြီး သူတို့ ဆုံးဖြတ်ချက် ဘယ်လိုချလဲဆိုတာ သိနားလည်ထားပါ။

အဲ့လိုသိထားတာက ဝယ်သူကိုသီးသန့်ပုံစံနဲ့ချဥ်းကပ်နိုင်မှာဖြစ်ပြီး မတူညီတဲ့ဝယ်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့ လိုအပ်တဲ့အချက်အလက်တွေကို ပေးဆောင်နိုင်ပါတယ်။

----------

5.  အပြင်ပန်းကိုပဲ အဓိကမထားဘဲ ရရှိလာမယ့်ရလာဒ်တန်ဖိုးကို အသားပေးဖော်ပြပါ။

 

ကိုယ့်ကုန်ပစ္စည်း ဝန်ဆောင်မှုရဲ့အပြင်ပုံပန်းကိုပဲ အာရုံစိုက်ပြောမနေဘဲ ဝယ်သူကိုပေးစွမ်းနိုင်မယ့် တန်ဖိုးတွေကိုပဲ အားစိုက်ပြောပြပါ။

ဒီ Product က ပြဿနာတွေကို ဘယ်လိုဖြေရှင်းလဲ သူတို့အခြေအနေတွေကို ဘယ်လိုတိုးတက်ကောင်းမွန်စေလဲ။ သူတို့မျှော်လင့်လို့

ရမယ့် အကျိုးကျေးဇူးနဲ့ရလဒ်တွေကို သေချာရှင်းလင်းပြောဆိုပြီး အဲ့ဒါတွေကို သူတို့လိုအပ်ချက်တွေ၊ အတားအဆီးတွေနဲ့ချိတ်ဆက်ပြောဆိုပေးပါ။

----------

6.  ငြင်းဆိုမှုတွေကို ထိရောက်စွာကိုင်တွယ်ပါ။

 

အငြင်းခံရနိုင်ခြေကို ကြိုတင်တွက်ချက်ပြီး ပြင်ဆင်ထားပါ။ ငြင်းဆိုမှုရှိလာတဲ့အခါ အဲ့ဒါကို အခြားသော အချက်အလက်တွေကို ပြောပြပေးဖို့နဲ့ စိုးရိမ်မှုတွေကိုလျှော့ချပေးနိုင်ဖို့ အခွင့်အရေးလို့သဘောထားပါ။

သေချာနားထောင်ပါ။ သူတို့ရဲ့အတွေးအမြင်တွေကို အာရုံစိုက်ပါ။ အမျှော်အမြင်ရှိရှိ တုံ့ပြန်မှုလုပ်ပါ။အရင်ကပုံစံတူ ကန့်ကွက်ချက် ငြင်းဆိုတာတွေကို ဘယ်လိုကျော်လွှားခဲ့တယ်ဆိုတာကို ပြောပြဖို့ စိတ်ကျေနပ်ရရှိခဲ့တဲ့ ဝယ်သူတွေရဲ့ Stories တွေကို အသုံးပြုပါ။

----------

7.  အရေးပေါ်လိုအပ်တယ်ဆိုတဲ့ ခံစားချက်ရအောင်ဖန်တီးပေးပါ။

 

ဝယ်သူက ဒီပစ္စည်းကို အရေးကြီးလိုအပ်ပါတယ်ဆိုတဲ့ ခံစားချက်မျိုးရအောင်၊ အခုမဝယ်ရင် နောက်ဒီလို အရည်အသွေးမျိုး၊ ဒီိလိုပရိိုမိုးရှင်းမျိုး ထပ်မရနိုင်တော့ဘူးဆိုတာမျိုး သိအောင်ဖော်ညွှန်းရောင်းချရပါမယ်။

အကန့်အသတ်ရှိတဲ့ထုတ်ကုန်၊ ဝယ်ယူလိုက်ရင်ရနိုင်မယ့် လက်ငင်းအကျိုးကျေးဇူးတွေကို မြင်သာအောင် ပြောပြ၊ရှင်းပြပြီး အောင်မြင်တဲ့အရောင်းပိတ်နည်းကို ရရှိနိုင်ပါတယ်။

----------

~ အထူးသိမှတ်ထားဖို့က ထိရောက်တဲ့အရောင်းပိတ်နည်းဖြစ်ဖို့အတွက် အချင်းချင်း ယုံကြည်မှု၊ အလေးပေးမှုများနဲ့ လိုက်လျောညီထွေမှုရှိဖို့လိုပါတယ်။

~ ပြောင်းလဲနေတဲ့ ဈေးကွက်အခြေအနေနဲ့ ဖောက်သည်တွေရဲ့ဝယ်ယူအားကိုလဲ အမြဲဆန်းစစ်နေဖို့ မမေ့ပါနဲ့။

 

ရှေ့လျှောက်မှာလဲလုပ်ငန်းအောင်မြင်ရေးနည်းလမ်းတွေ ၊အရောင်းပိုင်းနဲ့ပက်သက်တဲ့လမ်းညွှန်ချက်ကောင်းတွေ၊ လူမှုဆက်ဆံရေးနည်းလမ်းတွေကိုလဲ မျှဝေပေးသွားပါဦးမယ်။

 

-  Better Version  မှာ အောင်မြင်စွာ အရောင်းပိတ်နည်းတွေ၊ ရောင်းအားတက်အောင်၊လုပ်ငန်းတိုးတက်နည်းတွေ ဘယ်လိုတည်ဆောက်ရမလဲဆိုတာတွေကို Online Courses တွေကတဆင့် လေ့လာသင်ကြားနိုင်ပါတယ်။

 

- သင်တန်းကိစ္စများအတွက် အသေးစိတ်စုံစမ်းချင်တာရှိရင် 𝟎𝟗 𝟖𝟖𝟎 𝟗𝟎𝟐 𝟓𝟓𝟖 - 𝟎𝟗 𝟖𝟖𝟎 𝟗𝟎𝟐 𝟓𝟓𝟗 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

Better Version - Simple. Effective. Practical.

 

2 Likes

Related Post

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube