ပရောဂျတ်တစ်ခု အောင်မြင်ဖို့အတွက် နည်းလမ်း (၃)ခု
Min Than Htut

သင်ကိုယ်တိုင်နဲ့ သင့်လုပ်ငန်းအောင်မြင်မှုအတွက် အပတ်စဥ်အကြံပြုချက်တွေဖော်ပြပေးသွားမယ့် 

Better Version ရဲ့ပရိုဂရမ်အသစ်… 

 

အမြဲ ပြောင်းလဲ တိုးတက်နေတဲ့ စီးပွားရေး သဘောတရားတွေထဲမှာ အောင်မြင်ဖို့အတွက်ဆိုရင် 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐒𝐤𝐢𝐥𝐥𝐬 လိုလာပါတယ်။

လုပ်ငန်းကြီးကြီး၊ သေးသေး 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐒𝐤𝐢𝐥𝐥𝐬 ကောင်းတဲ့လူတွေ ဦးဆောင်တဲ့ လုပ်ငန်းတွေက ပိုပြီး အောင်မြင်ကြမှာပါ။

အတွေ့အကြုံရှိပြီးသားဘဲ ဖြစ်ဖြစ်၊ အခုမှ စီမံခန့်ခွဲရေးဘက်ကို ရောက်လာတဲ့လူဘဲ ဖြစ်ဖြစ် ပရောဂျတ် တစ်ခုအောင်မြင်ဖို့အတွက် ဒီနည်းလမ်း ၃ ခုကို ကျွမ်းကျင်ဖို့လိုပါတယ်။

 

၁။ ရည်ရွယ်ချက်၊ ရည်မှန်းချက် ရှင်းလင်းတိကျမှု ရှိပါ။

 

ဘယ်အလုပ်ဘဲ လုပ်လုပ် “ဘာရချင်တာလဲ။” ဆိုတဲ့ မေးခွန်းက အရေးကြီးတယ်။ ပရောဂျတ် တစ်ခုစပြီဆိုတာနဲ့ အရင်ဆုံး ကိုယ်တိုင် ဘာလို ရလဒ်မျိုးတွေလိုချင်တာလဲဆိုတာကို ရှင်းလင်းပြတ်သားဖို့လိုတယ်။

လိုချင်တာတွေ သိပ်များနေလို့လဲ မရသလို ဖြစ်သင့်ဖြစ်ထိုက်ရတဲ့ ရည်မှန်းချက်ဖြစ်ဖို့လဲလိုတယ်။

ဒါကြောင့် ငါတို့ ဘာရလဒ် လိုချင်တာလဲ။ ဘယ်လို ပုံစံမျိုးလိုချင်တာလဲဆိုတာကို အရင်ရှင်းလင်းအောင်လုပ်ပါ။

မားကက်တင်း ကမ်ပိန်း လုပ်တယ်ဆိုပါတော့။ လူတွေအများကြီးသိသွားတာကို လိုချင်တာလား။ အရောင်းရချင်တာလား။ ဒါမှမဟုတ် အမှတ်တံဆိပ်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ချင်တာလား။ စသည်ဖြင့် ရှင်းလင်းဖို့လိုပါတယ်။

 

၂။ အသေးစိတ် စဥ်းစားထားတဲ့ အစီအစဥ် တစ်ခု ရှိပါ။

 

အသေးစိတ် စီစဥ်ထားတဲ့ အစီအစဥ်ရှိမယ်ဆိုရင် ဝေဝါးမှုတွေကို လျှော့ချနိုင်လိမ့်မယ်။ ဘယ်သူက ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်အလုပ်ကို ပြီးအောင်လုပ်ရမယ် ဆိုတာမျိုးပေါ့။

ဒီ အစီအစဥ်မှာ ဘာတွေ ပါသင့်လဲဆိုရင်

------------------------------------

၁)  ဘယ်အလုပ်တွေပြီးဖို့လိုလဲ။ ဘာတွေ တကယ်လုပ်ရမှာလဲ။

၂)  အလုပ်တွေကို ခွဲခြမ်းစိတ်ဖြာပါ။ ဥပမာ။ ။ မားကက်တင်း ကမ်ပိန်း ဆိုပါတော့ ဒီဇိုင်းကတော့ ဘယ်သူလုပ်ရမယ်။ ဒီဇိုင်းပြီးဖို့ ဘာတွေလိုတယ်။

၃)  အချိန် အကန့်အသတ်။ ဘယ်နေ့ ဘယ်အချိန်မှာ ပြီးအောင်လုပ်ရမယ်။

၄)  အရင်းအမြစ်ခွဲဝေမှု။ အချိန်၊ ငွေ၊ လူ စတဲ့အရင်းအမြစ်တွေကို အလုပ်ပြီးမြောက်ဖို့အတွက် ခွဲဝေ သုံးစွဲတတ်ဖို့လိုမယ်။

၅)  ဖြစ်လာနိုင်တဲ့ အတားအဆီးတွေ၊ အခက်အခဲတွေကို ကြိုတင်တွက်ဆထားပါ။

 

၃။ ပြောဆို ချိတ်ဆက် ဆက်ဆံရေး အတွက် သေချာလုပ်ထားပါ။

 

တချို့ ပရောဂျက်တွေ မအောင်မြင်တာဟာ ပြောဆိုဆက်သွယ်ရေး အချိတ်အဆက်တွေ ပြတ်နေတာကြောင့် ဖြစ်ပါတယ်။ ပရောဂျက် ပြီးမြောက်အောင်မြင်ရေးအတွက် ပါသင့်တဲ့လူတွေ၊ အဖွဲ့အစည်းတွေ၊ ဌာနတွေကြားမှာ လုံလောက်တဲ့ အချိတ်အဆက်တွေလုပ်နိုင်ဖို့ သေချာ ပြင်ဆင်ထားပါ။

 

ပရောဂျတ်တစ်ခု အောင်မြင်ဖို့အတွက်ဆိုရင်

---------------------------------------

၁) ရှင်းလင်းတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိပါ။

၂) အချိန်ယူ စဥ်းစားပြီး အသေးစိတ်ကို ပြင်ဆင်ပါ။ ရေးသားမှတ်တမ်းတင်ထားပါ။

၃) အချင်းချင်းကြားမှာ ပြောဆိုဆက်သွယ်ရေး ကောင်းကောင်းတည်ဆောက်ထားပါ။

 

နောက်တစ်ဆင့် တက်လှမ်းနိုင်ပါစေ။

 

Better Version  မှာဆိုရင် အရောင်းပိုင်း၊ မားကတ်တင်းပိုင်း၊ ဝန်ဆောင်မှုနဲ့ညှိနှိုင်းရေးနဲ့ ပတ်သတ်တဲ့ online course တွေကို Better Version Myanmar Application မှာ အချိန်မရွေး ၊နေရာမရွေး လေ့လာနိုင်ပါတယ်။ သင်တန်းအတွက် အသေးစိတ်သိရှိလိုပါက 09880902558, 09880902559 ကိုဆက်သွယ်စုံစမ်းနိုင်မေးမြန်းနိုင်ပါတယ်။


Better Version - ရိုးရှင်းတယ်၊ထိရောက်တယ်၊လက်တွေ့ကျတယ်။

 

5 Likes

Related Post

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube