လုပ်ငန်းတစ်ခုကို စတင်လည်ပတ်ပြီးဆိုတာနဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ တွဲပါလာပြီးသားဘဲ။ လုပ်ငန်းရှင်တိုင်းက ကိုယ့်လုပ်ငန်းအပေါ် စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားတတ်ကြပါတယ်။
ခေတ်အပြောင်းအလဲတွေရဲ့ ကြားမှာ၊ မတည်မငြိမ်မှုတွေရှိတဲ့ကာလမှာဆိုရင် ဘဏ္ဌာရေးအရ ကြံ့ကြံ့ခံနိုင်ဖို့အတွက် အရေးကြီးလာတယ်။
လုပ်ငန်းတိုင်းမှာ 3S Strategies လို့မှတ်ယူလို့ရတဲ့
Survive - ရပ်တည်ရေး
Sustatin - ထိန်းသိမ်းရေး
Success - အောင်မြင်ရေး ဗျူဟာတွေရှိကို ရှိထားရမှာလဲ ဖြစ်ပါတယ်။
ဒီဗျူဟာ သုံးခုလုံးအတွက် ဘဏ္ဌာရေးပိုင်းဟာ အရေးတယူ စဥ်းစားဆုံးဖြတ်ရမယ့် အပိုင်းဖြစ်တယ်။
ဘဏ္ဌာရေးနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်ရမယ့်၊ သုံးသပ်ရမယ့် အချိုး (Financial Ratio) တွေအများကြီးရှိတဲ့ထဲကမှ SME Owners တွေအတွက် သိကိုသိထားရမယ့် အချိုး ၅ ခုကို ဖော်ပြလိုက်ပါတယ်။
ဘဏ္ဌာရေးအချိုးတွေဟာ လုပ်ငန်းရဲ့ နှလုံးခုန်သံလို့လဲ မှတ်ယူထားရမယ်။ ကိုယ့်လုပ်ငန်းရဲ့ နှလုံးခုန်သံက ကောင်းနေရဲ့လား။ ကျန်းမာရေးကောင်းနေရဲ့လား။
လုပ်ငန်းရဲ့အခြေအနေဘယ်လိုဖြစ်နေလဲ။ အားသာချက်တွေက ဘာတွေဖြစ်နေလဲ။ ဘာတွေပြောင်းလဲဖို့ လိုနေပြီလဲ။
💸 Current Ratio : The Pluse of Your Liquidity
ဒီအချိုးက ရေတိုပေးရန်ရှိ အကြွေးတွေကို ငွေဖြစ်လွယ်တဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပေးဖို့ ဖြစ်နိုင်ချေရှိလားဆိုတာကို တိုင်းတာပေးတာဖြစ်ပါတယ်။ တွက်ချက်ပုံကတော့ Current Asset စုစုပေါင်းကို Current Liability နဲ့ စားလိုက်ပါ။
Current Ration = Current Assets/Current Liabilities
ဒီအချိုးက ဘာကြောင့် အရေးကြီးသလဲ။
ဆိုပါတော့ ကိုယ့်မှာ ပေးစရာရှိတာတွေ (Bills) တွေရှိနေတယ်။ လတ်တလော အကြွေးပေးစရာတွေရှိနေတာကို ပေးနိုင်စွမ်းရှိရဲ့လားဆိုတာကို စိတ်သောက ရောက်ရလား။
ယေဘုယျအနေနဲ့ ဒီအချိုးက ထွက်လာတဲ့အဖြေဟာ “၁” ထက်ကျော်နေတယ်ဆိုရင် လုပ်ငန်းက လတ်တလောပေးရန်ရှိတာတွေကို ပေးနိုင်စွမ်းရှိတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။
“၁” အောက်ရောက်နေပြီဆိုရင်တော့ လတ်တလော ပေးရန်ရှိအတွက်ကိုဘဲ ရုန်းကန်ရမယ့်အနေအထားဖြစ်နေတယ်လို့ နားလည်ရမယ်။
လုပ်သင့်တာတွေအနေနဲ့
- ရရန်ရှိတွေကို တောင်းတာ၊
- ကိုယ့် ပစ္စည်းတွေ (Inventory) တွေပိုပြီးတော့ ထိထိရောက်ရောက် ကိုင်တွယ်တာ၊
- ဆက်ပြီးလည်ပတ်ဖို့အတွက် ရေတို ချေးငွေတွေ ထပ်တိုးရဖို့ ကြိုးစားတာမျိုးတွေ လုပ်နိုင်ပါတယ်။
💸 Gross Profit Margin: Measuring the Efficiency of Your Core Operations
အကြမ်းအမြတ် ဘယ်လောက်ရနေလဲဆိုတာဟာလဲ လုပ်ငန်းတစ်ခုအတွက် အရေးပါတဲ့အချက်ဖြစ်တယ်။ COGS (Cost of Good Sold) အတွက် ကုန်ကျစရိတ်ဟာ များနေတယ်ဆိုရင် GP Ratio (အကြမ်းအမြတ်ဟာ) ကျနေမှာပါ။
Sales - COGS = Gross Profit ပေါ့။ GP ကို Sales နဲ့ စားလိုက်ရင် GP Ratio ထွက်ပြီ။
GP Ratio က ဘာကို ပြနေလဲဆိုရင် ကိုယ့်လုပ်ငန်းရဲ့ ဝယ်ယူရေး၊ Sourcing အခြေအနေကို တိုက်ရိုက်မြင်သာစေပါတယ်။ ကိုယ့်ဝယ်ရတဲ့ ဈေးကိုက များနေရင် ကိုယ့်ရောင်းကုန်က ဈေးကြီးချင်ကြီး၊ မကြီးရင် အမြတ်နည်းဖို့ သေချာသလောက်ဖြစ်နေပြီ။ ပြိုင်ဆိုင်မှု အားနည်းနေတယ်လို့လဲ မှတ်ယူနိုင်တယ်။
Margin များလေလေ ကိုယ့်လုပ်ငန်းရဲ့ ဝယ်ယူရေး၊ လုပ်ငန်းလည်ပတ်ရေးဟာ ထိထိရောက်ရောက်ဖြစ်နေတယ်လို့ ဆိုနိုင်တယ်။
လုပ်သင့်တာတွေက
- Purchasing Process ကို ပြန်သုံးသပ်ပါ။ ကုန်ကြမ်းရောင်းတဲ့လူတွေနဲ့ ပြန်ညှိနှိုင်းတာမျိုး စဥ်းစားပါ။
- Cost-Cutting Management သေချာစဥ်းစားပါ။
- Pricing ကို ပြန်သုံးသပ်ပါ။
💸 Net Profit Margin: The Bottom Line of Profitability
အသားတင်အမြတ်ကောင်းနေရဲ့လား။ ပုံမှန်အားဖြင့် Net Profit မလာခင်မှာ EBIT လို့ခေါ်တဲ့ Operating Profit ဆိုတာရှိပါသေးတယ်။ ဒီဟာကျတော့ အတိုးမပေးခင်၊ အခွန်မဆောင်ခင်မှာ ကျန်တဲ့ အမြတ်ပေါ့။
NP = GP - Operating Expense လို့မှတ်ရင်ရပါတယ်။
ပြီးရင် NP/Sales ဆိုရင် NP Ratio ရပါပြီ။
အသေးစား၊ အလတ်စား လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ အသားတင်အမြတ်ဟာ လုပ်ငန်း ကြီးထွားရေးအတွက်၊ အောင်မြင်ရေးအတွက် အရေးပါတယ်လေ။ NP အချိုးဟာ လုပ်ငန်းရဲ့ အမြတ်ရနိုင်စွမ်းကို သေချာ ပေါ်လွင်စေပါတယ်။
💸 Debt-to-Equity Ratio: Balancing Risk and Reward
များသောအားဖြင့် လုပ်ငန်းတွေမှာ အပေါ်က ပြောထားတဲ့ Ratio သုံးခုလောက်ထိတော့ သေချာသိကြတယ်။
D/E Ratio (Debt-to-Equity Ratio) က လုပ်ငန်းရဲ့ မတည်ငွေစုစုပေါင်းမှာ ဘယ်လောက်ကတော့ ပိုင်ရှင်တွေထည့်ထားတာဖြစ်ပြီးတော့ ဘယ်လောက်ကတော့ အကြွေးလဲဆိုတာကို တွက်ကြည့်တာဖြစ်ပါတယ်။
D/E = Total Debt/Total Shareholder’s Equity
OPM (Other People Money) လို့ခေါ်တယ် တခြားသူတွေရဲ့ ငွေနဲ့ ကိုယ့်လုပ်ငန်းကို ကြီးထွားရေး အတွက်လုပ်တဲ့အခါမှာ ရမယ့် Reward နဲ့ အတူ Risk တွေလဲ ပါလာပါတယ်။
ကိုယ့်လုပ်ငန်းက ချေးငွေတွေအများကြီးနဲ့ လည်ပတ်နေရတယ်ဆိုရင် အခြေအနေတခုခုကြောင့် အမြတ်အစွန်းမရနိုင်တော့လို့ အတိုးတောင် မဆပ်နိုင်တော့တဲ့ အနေအထားမျိုးဖြစ်လာရင် လုပ်ငန်းကို စွန့်လွှတ်ရတာမျိုးထိပါ ဖြစ်နိုင်ပါတယ်။
သတိထားကိုင်တွယ်ပြီး မျှခြေဖြစ်နေအောင် ကြိုးစားဖို့လိုပါတယ်။
D/E Ratio အရမ်းမြင့်နေတယ်ဆိုရင် လိုအပ်တာထက်ကို ပိုပြီးအကြွေးတွေများနေတဲ့ သဘောလို့ ယူဆနိုင်တယ်။
D/E Ratio များနေရင် တတ်နိုင်သမျှ အကြွေးနည်းနိုင်မယ့် နည်းလမ်းတွေရှာဖို့လိုပါတယ်။ ဒါမှမဟုတ် ပိုင်ရှင်တွေရဲ့ Capital ကိုတိုးတာမျိုးလဲ စဥ်းစားနိုင်ပါတယ်။ ရသမျှ အမြတ်တွေကို လုပ်ငန်းထဲ ပြန်ထည့်တာမျိုးလဲစဥ်းစားနိုင်တာပေါ့။
💸 Return on Assets (ROA): Gauging the Efficiency of Your Assets
လုပ်ငန်းမှာရှိတဲ့ ပိုင်ဆိုင်မှုတွေအကုန်လုံးကို ဘယ်လောက် ထိထိရောက်ရောက်သုံးနေသလဲ၊ Asset ပေါ်မှာ အခြေခံပြီးတော့ အမြတ်ရအောင် ဘယ်လောက်လုပ်နိုင်နေလဲ သိဖို့အတွက် ROA ကိုတွက်ကြည့်ရမယ်။
NP/Total Asset = ROA ပေါ့
စက်ပစ္စည်းတွေ၊ ကုန်ပစ္စည်းတွေ အပါအဝင်လုပ်ငန်းမှာ ရှိသမျှဟာ လုပ်ငန်းအတွက် အမြတ်ရှာပေးနိုင်စွမ်းရှိဖို့လိုတယ်။ မဟုတ်ရင် အမှိုက်သဘောဖြစ်သွားတာဘဲ။ အသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် ROA အချိုးဟာ ရင်းနှီးလိုက်တဲ့ အရာတွေဟာ တကယ်ဘဲ အကျိုးအမြတ်ပြန်ထွက်ရဲ့လား။ ဒါမှမဟုတ် တခြားနေရာ၊ ပစ္စည်းမှာ ရင်းနှီးလိုက်တာ ကောင်းမလားဆိုတာမျိုး စဥ်းစားနိုင်ပါတယ်။
ROA နိမ့်နေတယ်ဆိုရင် ကိုယ့်သုံးစွဲပုံတွေကို ပြန်သုံးသပ်သင့်တယ်။ တကယ်မသုံးနေဘဲ ရှိနေတာတွေကို ပြန်ရောင်းထုတ်တာ၊ နေရာပြောင်းပြီးသုံးတာမျိုးတွေ စဥ်းစားနိုင်တယ်။ လက်ရှိ Asset တွေကို ဒီထက်ပိုကောင်းတဲ့ သုံးစွဲပုံမျိုး ပြောင်းနိုင်မလား စဥ်းစားနိုင်ပါတယ်။
ဘဏ္ဌာရေး အချိုးတွေကို ဘာသာပြန်တဲ့နေရာမှာ လုပ်ငန်းရဲ့ သဘောသဘာဝ၊ စီးပွားရေးအခြေအနေစတာတွေကို ထည့်သွင်းစဥ်းစားသင့်တာဖြစ်ပြီးတော့ တရားသေ မှတ်ယူလို့ မရနိုင်ပါဘူး။ ဒါပေမယ့် ဒီအချိုး ၅ ခုကိုတော့ SEM Owners တွေ၊ မန်နေဂျာတွေဟာ အလေးထားပြီး သုံးသပ်ဖို့လိုပါလိမ့်မယ်။
—
✅ ဘဏ္ဌာရေးအချိုးတွေကို သေချာတွက်ချက်တတ်ဖို့၊ နားလည်ဖို့၊
✅ ကိုယ့်လုပ်ငန်းအတွက် လက်တွေ့အသုံးချနိုင်မယ့် Cost-Cutting (ကုန်ကျစရိတ် လျှော့ချနိုင်မယ့် နည်းလမ်းတွေ)
✅ Profit Enhancement Strategies (အမြတ်တိုးအောင်လုပ်ဆောင်နိုင်မယ့် နည်လမ်း) တွေကို
✅ AI ကို ကိုယ့်အတွက် Financial Analyst အနေနဲ့ အကောင်းဆုံး အသုံးချချင်တယ်ဆိုရင်
Financial Stability : Cost-Cutting & Profit Enhancement Strategies သင်တန်းကို တက်ရောက်ပါ။
09880902558 ကိုလဲ ဆက်သွယ်ပြီး စုံစမ်း၊ သင်တန်းအပ်နိုင်ပါတယ်။
Related Post
Related Course
Aung Min Nyein
MMK 70,000
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Min Than Htut
MMK 500,000
Min Than Htut
MMK 95,000
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Min Than Htut
Free
Shun Wutyi
Free