လုပ်ငန်းတစ်ခုက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လုပ်ငန်းရဲ့ အခြေခံနည်းစနစ်တွေကတော့ အတူတူပဲဖြစ်ပါတယ်။ရေရှည်အောင်မြင်ပြီး တိုးတက်တဲ့ လုပ်ငန်းခွင်တစ်ရပ်ဖြစ်ဖို့ လုပ်ငန်းနည်းစနစ်တွေကို မြှင့်တင်ရပါမယ်။
ကိုယ့်လုပ်ငန်းရဲ့ လိုအပ်တဲ့ အခြေခံအချက်အလက်တွေကို လေ့လာပြီး လိုအပ်တာတွေကို ပြင်ဆင်နိုင်ဖို့အတွက် မဖြစ်မနေ ပြုလုပ်သင့်တဲ့ နည်းလမ်း ( 𝟕 ) ခုကို မျှဝေပေးလိုက်ပါတယ်။
အောင်မြင်တိုးတက်တဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက် ပြုလုပ်သင့်တဲ့ အချက်( 𝟕 )ချက်
𝟏. လုပ်ငန်းရဲ့ အဓိကထိုးဖောက်မယ့် စျေးကွက်နဲ့ ဖောက်သည်တွေရဲ့ သဘောသဘာဝကို နားလည်ရပါမယ်။
သုံးစွဲသူတွေကို အနီးကပ် လေ့လာပြီး သူတို့ရဲ့ လိုအပ်ချက်၊ နှစ်သက်မှုနဲ့ အပြုအမူတွေကို သေချာ နားလည်သဘောပေါက်စေဖို့ စျေးကွက်သုတေသနတွေ ပြုလုပ်ပါ။
လုပ်ငန်းရဲ့ အပေါ်မှာ ပြိုင်ဆိုင်မှု၊ သက်ရောက်မှုရှိလာနိုင်တာတွေနဲ့ အချိန်နဲ့အမျှ ပြောင်းလဲ ပေါ်ပေါက်နေတဲ့ နည်းပညာတွေကို အမြဲမပြတ်လေ့လာပါ။
𝟐. လုပ်ငန်းနဲ့ ပတ်သက်ပြီး တိကျခိုင်မာတဲ့ ရည်ရွယ်ချက်တွေကို သတ်မှတ်ပါ။
လုပ်ငန်းအတွက် အရေးပါတဲ့ အချိန်စီမံခန့်ခွဲမှုတွေ၊ ထုတ်ကုန် ဝန်ဆောင်မှုအတွက် ပေးနိုင်တဲ့ အတိုင်းအတာနဲ့ ကန့်သတ်ချက်တွေ ၊ လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ (Goals & Objectives)တွေကို သတ်မှတ်ထားပြီး ပြည့်မီအောင် ဆောင်ရွက်ရပါမယ်။
𝟑. ဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို အချိန်နဲ့တပြေးညီ သိရှိနေရပါမယ်။
ငွေကြေးဈေးနှုန်းပြောင်းလဲမှု၊ ဈေးကွက်အခြေအနေပြောင်းလဲမှုတွေကလဲ လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုရှိနိုင်တာဖြစ်လို့ အဲ့ဒီပြောင်းလဲမှုတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ လိုအပ်ပါတယ်။
𝟒. ပြိုင်ဘက်တွေရဲ့ အားသာချက် ၊ အားနည်းချက်တွေကို ဆန်းစစ်ပါ။
ဒီအချက်ကိုပြောတဲ့နေရာမှာ သဘောထားကွဲလွဲမှုရှိနိုင်ပေမယ့် အမှန်တကယ်လိုအပ်နေတဲ့ အချက်ဆိုတာ ငြင်းစရာမရှိပါဘူး။ ပြိုင်ဘက်တွေရဲ့ သဘောတရားတွေကို လေ့လာတဲ့အခါ ကိုယ့်မှာ လိုအပ်နေတဲ့အချက်အလက်တွေကိုလဲ မြင်သာနိုင်မှာဖြစ်လို့ လိုအပ်တာတွေကို ချဲ့ထွင်ပြုပြင်ရင်းနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းအခြေအနေတစ်ခုကို ဖန်တီး အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
𝟓. ဖြစ်ပေါ်လာမယ့် အခက်အခဲတွေကို စီမံခန့်ခွဲနိုင်ဖို့ ကြိုပြင်ဆင်ပါ။ (Risk Management)
လုပ်ငန်းတစ်ခုစီရဲ့ ခြေလှမ်းတ်ိုင်းမှာ အဆင်မပြေမှုတွေလဲကြုံတွေ့နိုင်ပါတယ်။ စတင်ကတည်းက ဖြစ်လာနိုင်တဲ့ အခက်အခဲတွေကို ကြိုမြင်ပြီး တကယ်ကြုံလာတဲ့အခါ ဖြေရှင်းဖို့ နည်းလမ်းရှာထားရပါမယ်။
စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားမှ တကယ်ကြုံတွေ့လာချိန်မှာအားလျှော့မှုတွေမရှိပဲ အကောင်းဆုံးရှေ့ဆက်သွားနိုင်မှာဖြစ်ပါတယ်။
𝟔. ဈေးကွက်ရှာဖွေရေးနဲ့ အရောင်းမြှင့်တင်ရေးတွေကို ပြင်ဆင်ပါ။
ကိုယ်ရဲ့ ရောင်းကုန် ၊ထုတ်ကုန်ကို အဓိကထားထိုးဖောက်မယ့် သုံးစွဲသူဆီ အမြန်ဆုံးရောက်ရှိပြီး အကောင်းဆုံးထုတ်ကုန်နဲ့ ဝန်ဆောင်မှုကို ပေးနိုင်ကြောင်း မြင်သာအောင် ပြသပေးနိုင်ဖို့ လိုအပ်ပါတယ်။
ခေတ်နဲ့အညီဖြစ်ပေါ်နေတဲ့ အရောင်းမြှင့်တင်ရေးတွေ ၊ (ဆိုရှယ် မီဒီယာ)Social Platfrom တွေကို အသုံးပြုပြီး ကုန်ပစ္စည်းထိုးဖောက်ကြော်ငြာမှုတွေ ၊ ပရိုမိုးရှင်းတွေပြုလုပ်ရင်း ဈေးကွက်ချဲ့ထွင်နိုင်ဖို့ စဥ်းစားရပါမယ်။
𝟕. ငွေကြေးစီမံခန့်ခွဲမှု ( Financial Planning )
လုပ်ငန်းမှာ အသုံးပြုမယ့် ငွေကြေးစီမံခန့်ခွဲမှုတွေကို လိုအပ်ချက်အပေါ်မူတည်ပြီး အစီအစဥ်တကျ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။
ငွေကြေးအသုံးပြုမှုကလည်း လုပ်ငန်းတစ်ခုမှာ အဓိကကျတာဖြစ်လို့ လိုအပ်တဲ့နေရာအလိုက် စည်းစနစ်ကျကျနဲ့ ပြောင်းလဲအသုံးချန်ိုင်စွမ်းရှိိဖို့ လိုအပ်ပါတယ်။
အကြံပြုထားတဲ့ အခြေခံအချက်အလက်တွေကို ဖတ်၊မှတ်ပီးတော့ မိမိရဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုခြင်းစီမှာ အကျိုးရှိရှိအသုံးချနိုင်ပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်များအဖြစ်သို့ နည်းစနစ်ကျကျနဲ့ အမြန်ဆုံးရောက်ရှိနိုင်ဖို့ အတွက် Better Version မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ဒီလိုမျိုး စီမံခန့်ခွဲမှုနည်းပညာတွေအပြင် ၊ လုပ်ငန်းအတွက်မှန်ကန်တဲ့ နည်းလမ်းတွေကို ရွေးချယ်အသုံးချနိုင်ဖို့ Better Version Institute မှာ Sales Leader ၊ Marketing ၊ Better Sales Mastery Series သင်တန်းများကိုလဲ တက်ရောက်ပြီးလေ့လာနိုင်တာဖြစ်လို့ အခုပဲ ဆက်သွယ်လိုက်တော့နော်။
အသေးစိတ် စုံစမ်းဖို့အတွက် 𝟎𝟗 𝟖𝟖𝟎 𝟗𝟎𝟐 𝟓𝟓𝟖, 𝟎𝟗 𝟖𝟖𝟎 𝟗𝟎𝟐 𝟓𝟓𝟗 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Better Version - Simple. Effective. Practical.