ဒီနေ့ခေတ်မှာ မရှိမဖြစ်အရေးပါတဲ့ ဒီဂျစ်တယ်မားကတ်တင်းနည်းလမ်း - ၇ မျိုး (Digital Marketing Trend)
Better Version

ပြီးခဲ့တဲ့နှစ်တွေမှာ လေ့လာခဲ့ရသလောက်ဆိုရင် လုပ်ငန်းတစ်ခုကိုတိုးချဲ့တဲ့နေရာမှာ ခေတ်ရေစီးကြောင်းအရ ဆိုရှယ်အက်ပလီကေးရှင်းတွေ ပိုအသုံးများလာတဲ့အပေါ်မှာ အခြေခံပြီး လုပ်ငန်းရဲ့ပုံရ်ိပ်၊ ထုတ်ကုန်ရဲ့ကြော်ငြာနိုင်စွမ်းအားကို မြှင့်တင်န်ိုင်တယ်ဆိုတာ သိခဲ့ရပါတယ်။

ကျယ်ပြန့်လာတဲ့ ဒီဂျစ်တယ်မားကတ်တင်းတွေရဲ့ ရေစီးကြောင်းကို လိုက်ပြီး အသေးစားအလတ်စားလုပ်ငန်းတွေရဲ့ စီးပွားရေးချဲ့ထွင်တာတွေကို ပိုလုပ်ဆောင်နိုင်ဖို့ အခုခေတ်မှာ အသုံးများနေတဲ့နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

1. 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠

Content Marketing လို့ပြောတဲ့နေရာမှာ လုပ်ငန်း ဒါမှမဟုတ် ထုတ်ကုန်နဲ့ဆိုင်တဲ့ ဆန်းသစ်တဲ့ တီထွင်ဖန်တီးမှုတွေအပြည့်ပါဝင်တဲ့ ဗီဒီယိုတွေ၊ သတင်းအချက်အလက်တွေ၊ လုပ်ငန်းရဲ့အားသာချက်တွေ၊ ဝန်ဆောင်မှုတွေ၊ ပြည့်စုံကောင်းမွန်တဲ့ ထုတ်ကုန်အကြောင်းတွေကို တိတိကျကျဖော်ပြနိုင်တဲ့ ဗီဒီယိုဖန်တီးမှုတွေ ဒါမျိုးတွေကို အခုခေတ် အသုံးများနေကြတဲ့ ဖေ့စ်ဘုတ်(Facebook) ၊ အင်စတာဂရမ်(Instagram)၊ ယူကျု (Youtube)၊ တစ်တော့ပ်(Tiktok) စတဲ့ ဆော့ဝဲတွေကနေ ထိထိရောက်ရောက်ကြော်ငြာနိုင်ရပါမယ်။
နောက်တစ်ခုက အပေါ်ကလိုပဲ သတင်းအချက်အလက်အစုံအလင်နဲ့ လူစိတ်ဝင်စားမှုရနိုင်မယ့် အကြောင်းအရာတွေကို ဒီဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးသားဖော်ပြပေးနိုင်ရပါမယ်။ ဒီလိုဖော်ပြတဲ့နေရာမှာလဲ သုံးစွဲသူတွေရဲ့ အမြင်အာရုံကိုဆွဲဆောင်နိုင်မယ့် design တွေကိုပါ တွဲပြပေးနိုင်ဖို့အရေးကြီးပါတယ်။

2. 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠

နောက်တမျိုးကတော့ အပေါ်မှာ ပြောပြပေးခဲ့တဲ့ content marketing idea တွေကို ဒီဆိုရှယ်မီဒီယာတွေအပေါ်မှာပဲ သုံးစွဲသူတွေရဲ့မျက်လုံးထဲ၊ အမြင်ထဲစွဲမြဲနေအောင် အဆက်မပြတ် ဆန်းသစ်တီထွင်ပြီးတင်နေဖို့ပါပဲ။ဆိုရှယ်ပလက်ဖောင်းမှာသာမကပဲ တခြားကြော်ငြာလို့ရနိုင်တဲ့ အက်ပလီကေးရှင်းတွေမှာပါ ကိုယ့်လုပ်ငန်းပုံရိပ်က ရှိနေဖို့လိုအပ်ပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် ဓာတ်ပုံဆော့ဖ်ဝဲဖြစ်တဲ့ အင်စတာဂရမ်(Instagram)၊ စနပ်ချပ် (Snap Chat)စတဲ့ အက်ပလီကေးရှင်းတွေ၊ Mobile Banking တွေဖြစ်တဲ့ KBZ Pay၊ CB Pay ၊ Wave Money စတာတွေကနေလဲ ကြော်ငြာလို့ရပါတယ်။

3. 𝐂𝐡𝐚𝐭𝐛𝐨𝐭𝐬 𝐚𝐧𝐝 𝐌𝐞𝐬𝐬𝐚𝐠𝐢𝐧𝐠 𝐀𝐩𝐩𝐬

ဒီဘက်ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူတွေက မြန်ဆန်တဲ့ ဝန်ဆောင်မှုတွေကိုပိုပြီး နှစ်သက်လာကြတယ်။ သုံးစွဲသူအတွေ့အကြုံကိုမြှင့်တင်နိုင်ဖို့ Chat Bot ၊ AI တွေနဲ့ဖန်တီးထားတဲ့ ဖောက်သည်ဝန်ဆောင်မှု ဖြေရှင်းချက်တွေကို အသုံးပြုလို့ရပါတယ်။ အဲ့ဒီနည်းပညာတွေက ဖောက်သည်တွေရဲ့ ဝန်ဆောင်မှုတွေကို မြန်မြန်ဆန်ဆန်တုံံ့ပြန်ပေးနိုင်ပြီး ဝယ်ယူဖို့အတွက်ကို အဆင့်ဆင့် ဘာတွေလုပ်ဆောင်ရမလဲအထိ လမ်းညွှန်ပေးနိုင်လို့ လူအင်အားကိုလည်းချွေတာပေးနိုင်ပါတယ်။ မားကတ်တင်းပိုင်းမှာ ပြန်လည်အသုံးပြုနိုင်မယ့် လိုအပ်တဲ့ဒေတာ၊ အချက်အလက်တွေကိုလည်း စုဆောင်းပေးနိုင်ပါတယ်။

4. 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠

ကိုယ့်လုပ်ငန်းရဲ့ကြော်ငြာတွေကို ဆိုရှယ်မီဒီယာနဲ့ ကြော်ငြာလောကမှာ နာမည်ကြီးပြီး ဩဇာလွှမ်းမိုးမှုကောင်းတဲ့ Influencer တွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါ။ Influencer တွေက သင့်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို သူတို့ရဲ့ followers တွေကတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးနိုင်တာမို့ အဲ့ဒီကနေတဆင့် လုပ်ငန်းအတွက်အရေးပါတဲ့ဈေးကွက်ချဲ့ထွင်ရေးကို ကောင်းကောင်းထောက်ပံ့ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

5. 𝐄𝐦𝐚𝐢𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠

လုပ်ငန်း၊ ထုတ်ကုန်ရဲ့ကွာလတီပေါ်မူတည်ပြီးတော့ အမြဲတမ်း ကာစတန်မာတွေနဲ့ နောက်ထပ်သုံးစွဲနိုင်ချေရှိတဲ့ကာစတန်မာတွေကို email marketing ကနေတဆင့် လုပ်ငန်းအကြောင်းမိတ်ဆက်ရောင်းချနိုင်ခြင်းကလဲ အရေးကြီးပါတယ်။ဥပမာ ကိုယ်က အာမခံလုပ်ငန်းလုပ်ကိုင်နေတာမျိုးဆိုရင် အာမခံထားဖို့အဆင်ပြေနိုင်တဲ့ Target Customer တွေကို အချက်အလက်တွေ တိတိကျကျပေးနိုင်တာမျိုးကို ဆိုလိုတာပါ။

6. 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞

နောက်ထပ် ကိုယ့်လုပ်ငန်းကို ကောင်းကောင်းထောက်ပံံ့ပေးနိုင်မယ့်တစ်ခုက သုံးစွဲဖူးသူတွေရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျေနပ်မှုတွေပါ။ ဒီလိုထောက်ပံ့ချက်ကောင်းတွေကို ဆိုရှယ်မီဒီယာပေါ်တွေ၊ ကိုယ့်လုပ်ငန်းရဲ့ခြေဆန့်နိုင်တဲ့နေရာတွေမှာ ကောင်းကောင်းချပြနိုင်ဖို့လိုအပ်ပါတယ်။
ဒါမှသုံးစွဲသူအသစ်တွေရဲ့စိတ်ဝင်စားမှုတွေကို ဆွဲဆောင်နိုင်ပြီး လုပ်ငန်းရဲ့အောင်မြင်မှုကို တစ်ဆင့်ထက်တစ်ဆင့်မြင့်အောင် စွမ်းဆောင်နိုင်မှာအမှန်ပါပဲ။

7. 𝐃𝐚𝐭𝐚 𝐏𝐫𝐢𝐯𝐚𝐜𝐲 𝐚𝐧𝐝 𝐂𝐨𝐦𝐩𝐥𝐢𝐚𝐧𝐜𝐞

ကိုယ့်ရဲ့လုပ်ငန်းနဲ့ ထုတ်ကုန်က သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ထိန်းသိမ်းပေးနိုင်တယ်၊ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ကောင်းမွန်တဲ့အချက်အလက်မျိုးတွေကို ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ ချပြနိုင်ဖို့လိုအပ်ပါတယ်။ ဒါမှ ရှိပြီးသားသုံးစွဲသူတွေနဲ့ နောက်ထပ်အသစ်သုံးစွဲသူတွေကိုပါ ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။

အပေါ်က ဖော်ပြပေးခဲ့တဲ့ ဒီဂျစ်တယ်မားကတ်တင်းနည်းလမ်းတွေကို အသုံးပြုပြီး လုပ်ငန်းမှာ ကောင်းကောင်းအထောက်အကူပေးနိုင်ဖို့ လက်တွဲလုပ်ကိုင်သူတွေနဲ့ တိုင်ပင်ပါ၊​ အတူအကောင်အထည်ဖော်ပါ။ ခေတ်နဲ့အညီဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်နည်းလမ်းတွေအပေါ် အမြဲစောင့်ကြည့်နေပြီး လုပ်ငန်းကို တိုးချဲ့ရောင်းချဖို့ စဥ်ဆက်မပြတ်ကြိုးစားကြရပါမယ်။

◼︎လက်တွေ့ အသုံးချ မားကတ်တင်း ဗျူဟာတွေ ချမှတ်နိုင်ဖို့အတွက် Pratical Marketing Strategies အတန်းကို တက်ရောက်လို့ရပါတယ်။သင်တန်းအတွက် အသေးစိတ်စုံစမ်းချင်တာရှိရင်  09 880 902 558  / 09 880 902 559 ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
 


နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် Better Version ရှိပါတယ်။

0 Like

Related Post

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube