မားကက်တင်းသမားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေထဲမှာ အချက်အလက်ကို အခြေခံပြီးတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့အရည်အချင်း (Marketing Analytics) လိုအပ်တယ်။
မားကက်တင်း ကမ်းပိန်းတွေ အောင်မြင်ဖို့အတွက်ဆိုရင် တီထွင်ဖန်တီး ဥာဏ်ကွန့်မြူးနိုင်စွမ်း နဲ့ အချက်အလက်အခြေခံတဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်း နှစ်ခုကို ပေါင်းစပ်ဖို့လိုလာတယ်။
မားကက်တင်းသမားတစ်ယောက်ရဲ့ အခန်းကဏ္ဍဘာတွေဖြစ်မလဲ။ ဘာတွေကို တာဝန်ယူရလဲ။
အလုပ်ခေါ်စာမှာ ရေးလေ့ရှိသလို အလုပ်တာဝန်တွေအများကြီး ပြောလို့ရပေမယ့် အဓိက ၅ ခုလုပ်ရမယ်။
ယေဘုယျအားဖြင့် မားကက်တင်းဌာန၊ မားကက်တာ တစ်ယောက်ရဲ့အလုပ်က ကုမ္ပဏီရဲ့ ရောင်းကုန်၊ အမှတ်တံဆိပ်ကို လူတွေ နှစ်သက် လက်ခံ ကျေနပ်လာအောင် လုပ်ရတယ်။ အရောင်းပိုင်းကို ပံ့ပိုးပေးမယ်။
လုပ်ငန်းတစ်ခုရဲ့ အကြီးအသေး၊ တည်ဆောက်ပုံပေါ်မှာ မူတည်ပြီးတော့ ရာထူးတွေပေးတာ၊ ပေးထားတဲ့ ရာထူးအလိုက် လုပ်ရတာတွေဟာ ကွဲပြားနိုင်သေးတယ်။
ဒါပေမယ့် မားကက်တင်းဌာန၊ မားကက်တင်းပိုင်းတာဝန်ယူထားရင် တော့…
------------------
၁) မှန်ကန်တဲ့ ပစ်မှတ်ဝယ်သူတွေ ရွေးပေးနိုင်ရမယ်။ ဒီအတွက် ဈေးကွက်သုတေသန၊ ဈေးကွက်သုံးသပ်ချက်တွေ လုပ်တတ်ဖို့လိုလာတယ်။ ဈေးကွက်လို့ပြောလိုက်ရင် ဈေးကွက်အပြောင်းအလဲကို ဖြစ်စေတဲ့ အချက်တွေအကုန်လုံးကို တတ်နိုင်သမျှ ခြုံငုံ သုံးသပ်နိုင်ဖို့လိုလာတယ်။ မာခရို လှိုင်းတွေကို နားလည်တတ်ဖို့လိုလာသလို၊ မိုက်ကရို ကစားကွက်တွေကိုလဲ မြင်အောင်ကြည့်နိုင်ရမယ်။ ဒါတွေသုံးသပ် ပြီးမှသာ စီးပွားရေးအသိုက်အဝန်းကို အခြေခံပြီး ကိုယ်နိုင်နိုင်တဲ့ ဈေးကွက်ထဲမှာ ဝင်ကစားတတ်ရမယ်။
၂) သတင်းစကား ပါးတတ်ရမယ်။ Promotional Message က ဘာဖြစ်မလဲ။ ကိုယ့်ထုတ်ကုန်၊ အမှတ်တံဆိပ်ရဲ့ ဈေးကွက်နေရာယူတဲ့ နေရာမှာ ဘယ်လို သတင်းစကားတွေနဲ့ ထွက်မယ်။ ပရိုမိုးရှင်းလုပ်ဖို့ဘယ်လို ချဥ်းကပ်ကြမယ်ဆိုတာမျိုး စဥ်းစားဆုံးဖြတ်ပေးနိုင်ရမယ်။
၃) မားကက်တင်း စီမံချက် ရေးဆွဲပေးနိုင်ရမယ်။
၄) ကမ်းပိန်းအခြေအနေအလိုက် ပြောင်းလဲ ပြင်ဆင်ပေးရမယ်။
၅) ကမ်းပိန်းရဲ့ ထိရောက်မှု၊ သက်ရောက်မှု အခြေအနေကို အကဲဖြတ်ပြီး သုံးသပ်ပြနိုင်ရမယ်။ အစီရင်ခံတတ်ရမယ်။
အဓိက ပြောချင်တာ Marketing Analytics ဘာနေရာတွေမှာ သုံးသင့်လဲ။
အချက်အလက်ကို အခြေခံပြီး ဆုံးဖြတ်တာမျိုး လုပ်မှာ ဖြစ်တဲ့အတွက် ဒီနေရာမှာ နှစ်ပိုင်း ဖြစ်သွားတယ်။ ဒေတာ ဘယ်လို ကောက်မှာလဲ။ ဘယ်လို သုံးသပ်မှာလဲ။
ဒေတာ အခြေခံပြီး မားကက်တင်း သုံးသပ်ချက်တွေ ကို
------------------
၁) ဈေးကွက်ရွေးဖို့အတွက် သုံးနိုင်တယ်။ ဘယ်ဈေးကွက်ကို ဝင်မှာလဲ။ ဈေးကွက်ရဲ့ အရွယ်အစား၊ ဖြစ်တန်စွမ်းအား အခြေအနေတွေကို သုံးသပ်နိုင်ရမယ်။ လူလတ်တန်းစားကို ရောင်းတာထက် ဈေးပေါပေါ နဲ့ ထုတ်ပြီး ပိုက်ဆံနည်းနည်းပဲ ပေးနိုင်ပေမယ့် ဈေးကွက် အရွယ်အစားကြီးတဲ့ ဈေးကွက်ကို ရွေးမလား။ ဒီလိုမျိုး ရွေးပေးနိုင်ရမယ်။
၂) ကြော်ငြာ စီမံချက် နဲ့ ခန့်မှန်းချက်တွေ လုပ်ဖို့
ဘယ်မှာ ကြော်ငြာရင် ဘယ်လောက်ကုန်နိုင်ပြီး ဘယ်လိုရလဒ်မျိုး ရနိုင်တယ်။ Facebook မှာ ကြော်ငြာမလား။ Youtube၊ Google မှာ ကြော်ငြာမလား။ စသည်ဖြင့် ခန့်မှန်းတွက်ချက်တာမျိုး လုပ်ဖို့။
၃) ရလဒ် တိုင်းတာခြင်း
ကမ်းပိန်း ပြီးတဲ့အခါမှာ ရလဒ်အသေးစိတ်ကို တိုင်းတာပြီး သုံးသပ်ဖို့။ သုံးလိုက်တဲ့ ပိုက်ဆံ နဲ့ ပြန်ရတာ ကိုက်ရဲ့လား။
၄) ရလဒ်ပေါ်မှာ မူတည်ပြီးတော့ ပိုကောင်းလာအောင် ပြင်ဆင်ဖို့အတွက် သုံးနိုင်တယ်။
ဈေးကွက် က နဲ့ ဈေးကွက် ခ မှာ ဘယ်ဈေးကွက်က အလုပ်ပိုဖြစ်လဲ။ ကြော်ငြာဆိုလဲ ဘယ်ကြော်ငြာက ပိုထိရောက်လဲ။ ဘယ် Vdieo က ပိုထိရောက်၊ ဘယ်လိုပုံသုံးလိုက်တာ ပိုကောင်းသွားလဲ။ Target Audience မှာ ဘယ်တစ်ခုက ပိုဝယ်ကြလဲ စသည်ဖြင့် သုံးသပ်ဖို့
၅) အရောင်းဖြစ်စဥ်တစ်လျှောက် အခြေအနေကို သုံးသပ်ခြင်း
လူဘယ်လောက်သိသွားလဲ။ ဘယ်လောက် စုံစမ်းလဲ။ ဘယ်နှစ်ယောက်ဝယ်သွားလဲ။ ဘယ်နှစ်ယောက်က ပြန်ညွှန်းကြလဲ။ ဝက်ဆိုက်လိုမျိုးဆိုရင် ကြည့်ရှု့သူ ဘယ်လောက်ရှိလဲ။ ဘယ်စာမျက်နှာတွေကို လာကြလဲ။ ဘယ်လောက်ကြာကြာ ကြည့်သွားလဲ။ ဘယ်လောက်ရာခိုင်းနှုန်းက ဝယ်သွားလဲ စသည်ဖြင့် သုံးသပ်တာမျိုး လုပ်ဖို့။
ဒေတာ အခြေခံတဲ့ မားကက်တင်း သုံးသပ်ချက်တွေ လုပ်ဖို့အတွက် နှစ်ပိုင်းလို့ ပြောထားတယ်။ ဒေတာ ဘယ်လို ကောက်မလဲ နဲ့ ဘယ်လို သုံးသပ်မလဲ။
ဒေတာ ကောက်ယူခြင်း နည်းလမ်းများကို ဆရာမင်းသန်းထွဋ် ရေးသားပါသည်။
လက်တွေ့ အသုံးချမားကတ်တင်း ဗျူဟာတွေ ချမှတ်နိုင်ဖို့ Better Version မှာ Pratical Marketing Strategies အတန်းကို တက်ရောက်နိုင်ပါတယ်။ အသေးစိတ်စုံစမ်းချင်ရင် 09 880 902 558-559 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် Better Version ရှိပါတယ်။
Related Post
Related Course
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Aung Min Nyein
MMK 70,000