လုပ်ငန်းတစ်ခုရေရှည်အောင်မြင်ဖို့ဆိုတာ Customer အသစ်ရှာတာအပြင် ရှိပြီးသားဖောက်သည်တွေနဲ့ဆက်ဆံရေးကို ဘယ်လိုထိန်းထားကြမလဲဆိုတဲ့ အချက်ကလဲ အရေးပါဆုံးအချက်ဖြစ်ပါတယ်။
Customer ဆိုတာ လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် အဓိကအသက်သွေးကြောတစ်ခုပါ။ ဒါကြောင့် ဖောက်သည်တွေကို ရေရှည်ဘယ်လိုထိန်းထားကြမလဲဆိုတာ ပြောပြပေးသွားမှာမို့လို့ အတူတူဖတ််ကြည့်လိုက်ရအောင်။
၁။ ဖောက်သည်ရဲ့ သဘောသဘာဝကို နားလည်ထားပါစေ။
ဒီသူတွေက ကိုယ်နဲ့လက်တွဲပြီးသားဖြစ်နေတဲ့အတွက် သူတို့ရဲ့လိုအပ်တဲ့၊ လိုချင်တဲ့အတိုင်းအတာတွေကို သိရှိထားရပါမယ်။ သူတို့အကြိုက် ၊လိုအပ်ချက်ကို သိရှိပြီးဖြည့်ဆည်းပေးတဲ့ ဘယ်လုပ်ငန်းကိုမဆို ရေရှည်လက်တွဲလုပ်ကိုင်ချင်ပြီး တခြားသူထက် သူတို့ကို ပိုနားလည်တယ်ဆိုတဲ့ ခံစားချက်မျိုးကို ထည့်ပေးနိုင်တာမျိုးက စိတ်ကျေနပ်ပြီးယုံကြည်မှုရစေပါတယ်။
၂။ သစ္စာ(Loyalty)ရှိတယ်ဆိုတဲ့ ခံစားချက်မျိုးရအောင် ဖန်တီးပါ။
ဒီအချက်ကို ပြောပြရာမှာ ရှိပြီးသားဖောက်သည်တွေကို ဘယ်လိုသီးသန့်ဝန်ဆောင်ပေးမယ်၊ ဘယ်လိုအထူးထုတ်ကုန်မျိုးကို ပေးမယ်၊ ဘယ်လို ပရိုမိုးရှင်းမျိုးပေးမယ်၊ ဘယ်လို ဒစ်စကောင့်မျိုးတွေပြင်ဆင်ပေးမယ်ဆိုတာမျိုး စတာတွေကို အစီအစဥ်ချပြီး လုပ်ဆောင်ပေးရပါမယ်။ ဒီလိုလုပ်ပေးခြင်းနဲ့ ထိုသူတွေက က်ိုယ့်လုပ်ငန်းအတွက် ပထမဦးစားပေးဆိုတဲ့ စိတ်ကျေနပ်မှုမျိုးကို ပေးနိုင်ပြီးတော့ ကိုယ့်လုပ်ငန်းနဲ့ ရေရှည်လက်တွဲတာမျိုး၊ ထုတ်ကုန်ဆိုရင်လဲ ရေရှည်ဝယ်ယူသုံးစွဲတာ၊ ထပ်ခါထပ်ခါဝယ်ယူတာမျိုး စတာတွေနဲ့ လက်ရှိလုပ်ငန်းကို အခြေအနေတစ်ခုမှာထိန်းထားနိုင်ပါတယ်။
၃။ အရည်အသွေးနဲ့ ဝန်ဆောင်မှု
အရေးကြီးဆုံးအချက်တစ်ချက်လာပါပြီ။ ဒါကတော့ ရှိပြီးသားဖောက်သည်တွေရဲ့ ရေရှည်လက်တွဲမှုကို လိုချင်တယ်ဆိုရင် ကိုယ့်လုပ်ငန်းရဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်အရည်အသွေးတွေကို လုံးဝအထိခိုက်ခံလို့မရပါဘူး။ ပိုကောင်းတာမျိုးမလုပ်နိုင်တောင် ရှိပြီးသား Quality ကို ထိန်းရပါမယ်။ ဘယ်သူမှ မကောင်းတဲ့ ပြောင်းလဲမှုကို လက်မခံနိုင်ပါဘူး။ သုံးစွဲပြီးသား၊ ရှိပြီးသားဖောက်သည်ဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ ဒီဝန်ဆောင်မှု၊ ဒီထုတ်ကုန်ကို ကြိုက်လို့ ရေရှည်သုံးစွဲနေကာမှ အရည်အသွေးလျော့ကျသွားတယ်ဆိုရင် ပထမဆုံးကြုံတွေ့ရမှာက ဒီဖောက်သည်တွေရဲ့စိတ်ပျက်တာတွေ၊ ငြိုငြင်တာတွေပါ။ ဒါကြောင့် လုပ်ငန်းရဲ့အဓိကထားပေးနေတဲ့ ဝန်ဆောင်မှု(သို့) ထုတ်ကုန် အရည်အသွေးကို အမြဲထိန်းထားနိုင်ရပါမယ်။
၄။ တုံ့ပြန်ချက်(Feedback)တွေကို စစ်တမ်းကောက်နေပါ။
လက်ရှိဖောက်သည်တွေရဲ့ အကြံပေးချက်၊ ထင်မြင်ယူဆချက်တွေကို အမြဲစစ်တမ်းကောက်နေရပါမယ်။ သူတို့ရဲ့ အကြံပြုချက်တွေကို အကောင်းမြင်သဘောနဲ့ကြည့်ပြီး ကိုယ့်လုပ်ငန်းတိုးတက်ရေးအတွက် အမြဲဆန်းစစ်နေရပါမယ်။
ဒီလိုလုပ်ခြင်းက ကိုယ့်လုပ်ငန်းရဲ့လိုအပ်ချက်အပေါ် ကိုယ်တစ်ဦးထဲအမြင်ထက် အခြားပုံမှန်ဖောက်သည်တွေဆီက အမြင်နဲ့ အကြံဉာဏ်ကို ရယူနိုင်ပြီး ဆက်တိုးချဲ့မယ့် လုပ်ငန်းအကွက်ကောင်းတွေကို မြင်သာစေရပါတယ်။
၅။ စစ်ဆေးချက်တွေပြုလုပ်ပြီး Follow Up လိုက်ပါ။
ဖောက်သည်တွေရဲ့ ဝယ်ယူသွားပြီးတဲ့အပေါ် အဆင်ပြေမပြေ၊ စိတ်တိုင်းကျမှုရှိ မရှိတွေကို အမြဲမေးမြန်းဖို့ အသင့်ဖြစ်နေရပါမယ်။ ကိုယ့်ဆီက ဝန်ဆောင်မှုတစ်ခုခု၊ ကုန်ပစ္စည်းဝယ်ယူသွားတာမျိုးဆိုရင်လဲ ဝယ်ပြီးနောက်တစ်ပတ်တွင်းမှာ ဖုန်းဆက်ပြီးဖြစ်ဖြစ် အဆင်ပြေရဲ့လား ၊ ကျေနပ်မှုရှိရဲ့လား စတာမျိုး အဆက်အသွယ်တစ်ခုကို ဖန်တီးပြီး ကိုယ့်ဖောက်သည်ကို ဂရုစိုက်ကြောင်းပြသပေးရပါမယ်။ ဒါမှ ဖောက်သည်က ရောင်းရပြီးရောမလုပ်ပဲ ငါ့ကို တကယ်ဂရုစိုက်ပါလားဆိုတဲ့ သဘောကျချက်မျိုးရနိုင်ပြီး ရေရှည်ဆက်ဆံရေးကို သေချာထိန်းထားနိုင်မှာဖြစ်ပါတယ်။
၆။ ပျော်ရွှင်ရမယ့် စပရိုက်လက်ဆောင်များ ပြင်ဆင်ပါ။
ကိုယ့်ရဲ့ ရှိပြီးသားဖောက်သည်တွေအတွက် ထင်မှတ်မထားတဲ့ လက်ဆောင်များကို ပြင်ဆင်ပေးပါ။ ဥပမာ- ဒီလောက်ထိဝယ်ယူနေကြဖောက်သည်ကို မေတ္တာလက်ဆောင် ဘာလေးပြန်ထည့်ပေးထားတယ်ဆိုတာမျိုး၊ အတော်လေးရင်းနှီးနေတဲ့ ဖောက်သည်မျိုး ၊ ပုံမှန်လက်တွဲနေကျဖောက်သည်မျိုးဆိုရင်လဲ မှတ်မှတ်ရရနဲ့ မွေးနေ့လက်ဆောင်ပို့ပေးတာတွေ၊ နှစ်ပတ်လည်လိုမျိုးရှိရင်လဲ လက်ဆောင်ပစ္စည်းပို့ပေးတာမျိုးပါ။ ကိုယ့်လုပ်ငန်းရဲ့အမှတ်တရပွဲတွေရှိခဲ့ရင်လည်း ဖိတ်ကြားတာမျိုး၊ လက်ဆောင်ပေးတာမျိုးပေါ့။ လုပ်ငန်းသဘောအရပုံမှန်အတိုင်း ပက်သက်မှုမျိုးရှိတာထက် မိသားစုဆန်တဲ့နွေးထွေးမှုက ပိုရင်းနှီးယုံကြည်တဲ့ ရေရှည်လက်တွဲခြင်းကို ရရှိစေတာအမှန်ပါပဲ။
၇။ စဥ်ဆက်မပြတ်တိုးတက်မှုကို လုပ်ဆောင်ပါ။
နံပါတ်၄မှာ ပြောပြခဲ့သလိုအချက်အလက်တွေ ကောက်ပြီးတဲ့အခါ ကိုယ့်လုပ်ငန်းအတွက် အဖက်ဖက်က တိုးတက်နေဖို့ ရှိနေပြီးသားအနေအထားကို ပိုတိုးချဲ့ဖို့အတွက် လုပ်ဆောင်ရပါတော့မယ်။တစ်နေရာထဲမှာ ရပ်နေတာမျိုးက ကြာရင် ပျင်းဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းပြိုင်တွေကလဲ အချိန်မရွေးကိုယ့်ကို ကျော်တက်သွားနိုင်တယ်။ဒါကြောင့် Feedbacks တွေကို သေချာဆန်းစစ်ပြီး ထုတ်လုပ်ရေးအပိုင်း၊ ဝန်ဆောင်မှုအပိုင်း ၊ ထုတ်ကုန်အရည်အသွေးပိုင်းတွေကို ပိုတိုးတက်အောင် နည်းလမ်းကောင်းတွေရှာပြီး လုပ်ဆောင်ရပါမယ်။
~ အခုအပေါ်မှာပြောပြပေးခဲ့တဲ့အချက်တွေက လုပ်ငန်းသေးသေးကြီးကြီး အမှန်တကယ်လိုအပ်နေတဲ့အချက်တွေဖြစ်ပါတယ်။
~ ဒီနည်းလမ်းတွေကို ဗျူဟာကျကျပေါင်းစပ်ပြီး တကယ်စစ်မှန်တဲ့အရည်အသွေးမျိုး၊ ရလဒ်ကောင်းမျိုးကို ဖောက်သည်တွေကို ပေးစွမ်းနိုင်ပြီး ရေရှည်အောင်မြင်တဲ့လုပ်ငန်းစုတွေအဖြစ် ရပ်တည်နိုင်ကြပါစေလို့ Better Version က ဆုတောင်းပေးလိုက်ပါတယ်နော်။
ရှေ့လျှောက်မှာလဲ လုပ်ငန်းအောင်မြင်ရေးနည်းလမ်းတွေ၊အရောင်းပိုင်းနဲ့ပက်သက်တဲ့လမ်းညွှန်ချက်ကောင်းတွေ၊ လူမှုဆက်ဆံရေးနည်းလမ်းတွေကိုလဲ မျှဝေပေးသွားမှာမို့လို့ Better Version Page ကို Like & Follow လုပ်ထားဖို့မမေ့နဲ့နော်။
Better Version မှာ
- အရောင်းသမားများအတွက် - Sales Sharks : Better Salesman
- အရောင်းမန်နေဂျာများအတွက် - Sales Leadership : Better Sales Manager
- လူတိုင်း လိုအပ်တဲ့ အရည်အချင်းတစ်ခု ဖြစ်တဲ့ Negotiation Skills စတာတွေကို အွန်လိုင်းကနေသင်ကြားပေးနေတာဖြစ်ပါတယ်။
နောက်တစ်ဆင့်တက်လှမ်းဖို့အတွက် Better Version ရှိပါတယ်။
Related Post
Related Course
Aung Min Nyein
MMK 70,000
Min Than Htut
MMK 83,000
Min Than Htut
Free
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000