စီးပွားရေးလုပ်ငန်းတိုင်းက ကုန်ပစ္စည်းဖြစ်စေ၊ ဝန်ဆောင်မှုဖြစ်စေ တစ်ခုမဟုတ်တစ်ခုကို ရောင်းနေကြတာဖြစ်ပါတယ်။ ဒါကြောင့် အရောင်းပိုင်းမှာတာဝန်ယူထားသူတွေက လုပ်ငန်းရဲ့ အဓိကကျတဲ့သူတွေ၊ အရေးပါတဲ့သူတွေ ဖြစ်တယ်။
ဒီလို အရေးပါတဲ့သူတွေအနေနဲ့ ရှိသင့်ရှိိထိုက်တဲ့ အရောင်းစွမ်းရည်ကို တိုးတက်အောင်အမြဲလုပ်ဆောင်နေသင့်တယ်။ကိုယ့်မှာရှိတဲ့ skill ကိုမြှင့်တင်တာက မိမိအတွက်ရော လုပ်ငန်းအတွက်ပါ အကျိုးရှိစေတာမို့ တိုးတက်အောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းတွေထဲက ( ၇ ) မျိုးကိုပြောပြပေးသွားပါမယ်။ဝယ်သူတွေကို နားလည်အောင်လုပ်ပါ
- ကိုယ်ပစ်မှတ်ထားတဲ့ ဝယ်သူတွေကို သေချာ နက်နက်ရှိုင်းရှိုင်း နားလည်နေအောင်လုပ်ထားပါ။ သူတို့စိုးရိမ်ရတဲ့ အချက်တွေ၊ လိုချင်တာ၊လိုအပ်တာတွေနဲ့ ဘယ်လို စိန်ခေါ်မှုတွေရှိနေလဲ ဆိုတာတွေကို သိရှိနားလည်နေရပါမယ်။
- မတူကွဲပြားတဲ့ ဝယ်သူတွေအတွက် ကိုယ့်ရဲ့ အရောင်းချဥ်းကပ်မှုပုံစံက အံဝင်ခွင်ကျဖြစ်နေစေဖို့ ဝယ်သူတွေရဲ့ အချက်အလက်၊ အကြောင်းအရာတွေကို စာရင်းပြုစုပါ။
- ဝယ်သူဆက်ဆံရေးစီမံခန့်ခွဲမှု ( CRM ) များကို အသုံးပြုပြီး ဝယ်သူနဲ့ကိုယ့်ကြား အပြန်အလှန်ဆက်ဆံရေး ကောင်းမွန်နေအောင် ဆောင်ရွက်ပါ။ထိရောက်မှုရှိတဲ့ ပြောဆိုဆက်ဆံမှုစွမ်းရည်
- အလားအလာရှိတဲ့ ဝယ်သူတွေအပေါ် ယုံကြည်မှုနဲ့ ရင်းနှီးနွေးထွေးမှုတွေကို ရေရှည်တည်ဆောက်နိုင်ဖို့အတွက် ကိုယ့်ရဲ့ ပြောဆိုဆက်ဆံမှုနဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို
အမြဲ ဓားသွေးသလိုသွေးနေပါ။
- ဝယ်သူတွေရဲ့ စိုးရိမ်မှုတွေနဲ့ လိုအပ်ချက်တွေကို နားလည်နေစေဖို့ တဖက်သူရဲ့ဆန္ဒတွေကို နားထောင်ပေးတတ်တဲ့အကျင့်ကို မွေးမြူပါ။
- ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုက ဝယ်သူတွေရဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းပေးနိုင်တယ်ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပြောဆိုပါ။စဥ်ဆက်မပြတ်လေ့လာနေပါ။
- အရောင်းပိုင်းဆိုင်ရာနဲ့ပတ်သတ်တဲ့ အသစ်အသစ်သောနည်းလမ်းတွေ၊ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေနဲ့ ပက်သက်တဲ့ Knowledge တွေ၊ သက်ဆိုင်ရာနယ်ပယ်မှာရှိတဲ့ Trends တွေကို အမြဲ Up to date ဖြစ်နေအောင် လေ့လာပါ။
- သင့်နယ်ပယ်တွင်းမှာရှိတဲ့ ကျွမ်းကျင်သူတွေဆီကနေ လေ့လာသင်ယူနိုင်ဖို့ Workshop တွေ၊ဆွေးနွေးပွဲတွေကို တက်ရောက်နိုင်ပါတယ်။ပါဝင်ဆွေးနွေးရင်းနဲ့ အကြံပြုချက်တွေရယူနိုင်ပါတယ်။
- ဈေးကွက်တွင်းအခြေအနေနဲ့ ပြိုင်ဘက်တွေရဲ့ အခြေအနေတွေကို လေ့လာသုံးသပ်တဲ့အပေါ်မှာလည်း အချိန်ပေးလုပ်ဆောင်ပါ။ရည်မှန်းချက်ပန်းတိုင်တွေကို ရှင်းလင်းစွာသတ်မှတ်ထားပါ။
- ကိုယ့်အရောင်းအဖွဲ့အတွက် တိကျသေချာတဲ့ ၊ ဖြစ်နိုင်ချေရှိပြီး ပြည့်မှီအောင်လုပ်ဆောင်နိုင်တဲ့ ၊ အချိန်သတ်မှတ်ချက်ရှိတဲ့ ရည်မှန်းချက်တွေကို သတ်မှတ်ပါ။ လုပ်ဆောင်ပါ။
-ကိုယ့်အဖွဲ့ရဲ့ ဆောင်ရွက်တဲ့ပုံစံတွေကို ကြည့်ရှုနိုင်ပြီး တိုးတက်လာတဲ့အပိုင်းတွေကို ရှင်းရှင်းလင်းလင်းသိနိုင်ဖို့ Key Performance Indicators( KPIS ) တွေကိုသတ်မှတ်ပါ။
-အဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ ဈေးကွက်ပြောင်းလဲမှုအခြေအနေတွေပေါ်ကို လိုက်ပြီး Goals တွေကို ပုံမှန်သုံးသပ်ပြီး ချိန်ညှိပါ။ထိရောက်မှုရှိတဲ့ အချိန်စီမံခန့်ခွဲမှု
- ကိုယ့်ရဲ့ အရောင်းပိုင်း ပေါ်မှာသက်ရောက်မှုရှိနိုင်တဲ့ အတိုင်းအတာကို ကြည့်ပြီး လုပ်ဆောင်ရမယ့်တာဝန်တွေကို ဦးစားပေးခန့်ခွဲတာတွေလုပ်ပြီး အကောင်အထည်ဖော်ပါ။
- တစ်ချိန်တည်းမှာ အများကြီးကို တပြိုင်တည်းလုပ်နေတာထက် အရေးကြီးတဲ့ အရာကို ပိုပြီး အာရုံစိုက်လုပ်ဆောင်ပါ။နည်းပညာတွေကို အသုံးပြုပါ။
- ထပ်ခါတလဲလဲ လုပ်နေရတဲ့အလုပ်တွေနဲ့ လုပ်ငန်းအသွားအလာချောမွေ့နေစေဖို့ အလိုအလျောက် ကိရိယာတွေကိုအသုံးပြုနိုင်ပါတယ်။
- ဝယ်သူတွေနဲ့အပြန်အလှန်ဆက်သွယ်မှုကို ခြေရာခံဖို့၊ အလားအလာရှိတဲ့ သူတွေကို စီမံခန့်ခွဲနိုင်ဖို့နဲ့ အရောင်းခန့်မှန်းမှုတွေကိုလုပ်ဆောင်နိုင်ဖို့ CRM စနစ်ကို အကောင်အထည်ဖော်ပါ။
- ကိုယ့်ကုန်ပစ္စည်းကို ကျယ်ကျယ်ပြန့်ပြန့် လူသိများဖို့နဲ့ ဝယ်နိုင်ခြေရှိတဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ Digital Marketing နဲ့ Social Media တွေကိုအသုံးပြုပါ။ဒေါင်ဒေါင်မည် Sales Team ကို ဖွဲ့စည်းပါ။
- အရောင်းပိုင်းမှာ အများနဲ့မတူ ကွဲပြားပြီး အားသာချက်တွေရှိတဲ့ အရောင်းအဖွဲ့တွေကို ခန့်အပ်ပါ။ လေ့ကျင့်ပေးပါ။
- အပြုသဘောဆောင်တဲ့အမြင်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ အလေ့အကျင့်ကို ကျင့်သုံးပါ။
- ကိုယ့်အဖွဲ့အတွက် စဥ်ဆက်မပြတ် Training တွေ၊ Personal နဲ့ Professional တိုးတက်ရေးအခွင့်အလမ်းတွေကို ပေးပါ။
အောင်မြင်တဲ့ အရောင်းစွမ်းရည်ဆိုတာဟာ အမျိုးမျိုးသောအချက်တွေနဲ့ ပေါင်းစပ်လေ့ရှိတယ်ဆိုတာ သတိရပါ။ ကိုယ့်ရဲ့ နည်းလမ်းဗျူဟာတွေကို အမြဲအကဲခတ်နေပြီး ဈေးကွက်နဲ့ဖောက်သည်တွေရဲ့ အပြုအမူပြောင်းလဲမှုတွေကို လိုက်လျောညီထွေအောင် ပြင်ဆင်ပါ။ စဥ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နေပြီး ဝယ်သူကို အဓိကထား ပြင်ဆင်ချဥ်းကပ်မှုတွေက ရေရှည်အောင်မြင်နိုင်မယ့် အဓိကသော့ချက်တွေပဲဖြစ်ပါတယ်။
အရောင်းပိုင်းမှာ ယုံကြည်မှုရှိပြီး စဥ်ဆက်မပြတ်တိုးတက်နေစေဖို့ အရောင်းပိုင်းဆိုင်ရာ သင်တန်း “ 𝐒𝐚𝐥𝐞𝐬 𝐒𝐡𝐚𝐫𝐤 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐎𝐧𝐥𝐢𝐧𝐞 𝐜𝐨𝐮𝐫𝐬𝐞" ကိုလေ့လာနိုင်ပါတယ်။ သင်တန်းအတွက် အသေးစိိတ်စုံစမ်းလိုပါက Page Messenger သို့မဟုတ် 09880902558, 09880902559 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။