back-iconshare-icon

လုပ်ငန်းခွင်အသုံးချ

လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခု မအောင်မြင်ဘူး၊ မတိုးတက်ဘူးဆိုတာ ညံ့ဖျင်းတဲ့ ဝန်ထမ်းတွေကြောင့်လို့ တချို့က ပြောကြတယ်။ တကယ်တော့ ညံ့ဖျင်းတဲ့ဝန်ထမ်းတွေကြောင့်မဟုတ်ဘဲ ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှုစနစ်ကြောင့်ပဲဖြစ်ပါတယ်။


လုပ်ငန်းအဖွဲ့အစည်းတွေအတွက် Human Resource Management (HRM) ရဲ့အနှစ်သာရဟာ အရိုးရှင်းဆုံးပြောရရင် အဖွဲ့အစည်းတွေရဲ့အောင်မြင်မှုအတွက် အရည်အချင်းပြည့်ဝတဲ့ဝန်ထမ်းတွေကို ခန့်အပ်တာဝန်ပေးရင်း ဝန်ထမ်းတွေရဲ့အရည်အချင်းတွေကို အမြင့်ဆုံးကိုမြှင့်တင်ပေးနိုင်ဖို့ သင်ကြားလေ့ကျင့်ပေးဖို့ရယ်၊ Management နဲ့ဝန်ထမ်းတွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေဖြစ်လာဖို့ ပေါင်းကူးတံတားသဖွယ် ချစ်ကြည်ရင်းနှီးအောင်စေ့စပ်ဆောင်ရွက်ပေးနိုင်ဖို့ဆိုတာက လိုရင်းပဲဖြစ်ပါတယ်။


ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် HRM ရဲ့ ရည်မှန်းချက်တွေက ပျောက်ဆုံးနေခဲ့ပြီးလစာတွက်ချက်ခြင်း၊ ဝန်ထမ်းခန့်ထားခြင်း၊ ပြစ်ဒဏ်သတ်မှတ်ခြင်းလောက်ကိုသာ လုပ်ဆောင်နေကြပြီး ဒီလိုလုပ်ဆောင်ရာမှာလည်း အဖွဲ့အစည်းနဲ့ဝန်ထမ်းကြားမှာ ပြုသဘောဆောင်တဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေ အားနည်းပြီးအပြန်အလှန်ယုံကြည်မှုတွေအားနည်းနေကြတာကို သတိထားမိပါတယ်။ အထူးသဖြင့် တစ်နိုင်တပိုင်လုပ်ငန်းငယ်တွေ၊ မိသားစုပိုင်လုပ်ငန်းတွေမှာအတွေ့ရအများဆုံးဖြစ်ပါတယ်။


လုပ်ငန်းတွေတိုးတက်သင့်သလောက် မတိုးတက်ဘဲ တန့်ရပ်နေရတဲ့အကြောင်းအရင်းဟာ ဒီအဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ ထိပ်ပိုင်းစီမံခန့်ခွဲသူတွေကနေ တကယ့် Operation လုပ်ဆောင်နေကြတဲ့ ဝန်ထမ်းများအထိ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုရဲ့ အနှစ်သာရတွေ၊ လုပ်ငန်းစဉ်တွေကို အပြည့်အဝဖော်ဆောင်နိုင်မှုမရှိခြင်းနဲ့ စီမံခန့်ခွဲမှုရဲ့ အတွေးအခေါ်အယူအဆနဲ့ သဘောထား မှားယွင်းမှုတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။


ဒီစာအုပ်မှာ HR Management နဲ့ Leadership and Management ဆိုတဲ့အပိုင်းနှစ်ပိုင်းပါဝင်ပြီး လုပ်ငန်းအတွက် ဝန်ထမ်းရွေးချယ်ခန့်ထားတာနဲ့ စွမ်းဆောင်ရည်အကဲဖြတ်တာကနေ လုပ်ငန်းခွင်မှာကြုံရတတ်တဲ့ ဝန်ထမ်းရေးရာပြဿနာတွေ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်တိုးတက်စေမယ့် အလေ့အကျင့်နဲ့ လုပ်ဆောင်မှုတွေ၊ လုပ်ငန်းဦးဆောင်သူတွေ သတိပြုရမယ့် Leadership and Management သင်ခန်းစာတွေအထိ ဖတ်ရှုရမှာဖြစ်ပါတယ်။ HR Professional တွေ၊ မန်နေဂျာတွေ၊ လုပ်ငန်းဦးဆောင်သူတွေ၊ လုပ်ငန်းရှင်တွေ၊ HR နဲ့ လုပ်ငန်းခွင်ဦးဆောင်မှုအကြောင်းစိတ်ဝင်စားသူတွေဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

◾စာမျက်နှာ- ၁၃၇ 
 

Author Su Wai Phyo Aung
MMK 12,000
HR Management
  • world-iconMyanmar
  • book-iconOnly 5 Books Left
  • users-icon500 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube