back-iconshare-icon

CEO မှတ်တမ်း

လူဦး​ရေ ၁ ဘီလီယံ​ကျော် စိတ်ဝင်စားစွာကြည့်ရှုတဲ့ The Diary of A CEO Podcast တည်​ထောင်သူ Steven Bartlett ရဲ့ ဥပ​ဒေသ ၃၃ ကို အ​ခြေတည်ထားတဲ့ မှတ်သားဖွယ် ​ကြောင်းခြင်းရာ​တွေကို ဒီစာအုပ်မှာ ဖတ်ရှုရပါမယ်။

 

The Diary of A CEO Podcast ကို တည်​ထောင်သူ Steven Bartlett ကို ၁၉၉၂ ခုနှစ်မှာ ​မွေးဖွားခဲ့ပါတယ်။

သူဟာ အသက် ၂၁ နှစ်မှာ Wall Park Online Messaging Board ကို တည်​ထောင်ခဲ့တယ်။ အသက် ၂၂ နှစ်မှာ Social Chain ကို ပူးတွဲတည်​ထောင်ခဲ့တယ်။ သက် ၂၈ နှစ်မှာ Catena Capital ကို တည်​ထောင်ခဲ့တယ်။ အသက် ၂၉ နှစ်မှာ​တော့ Flight Story . . . အဲဒီကမှတစ်ဆင့် Flight Studios, Flight Fund နဲ့ Flight Ventures တို့ကို တည်​ထောင်ခဲ့တယ်။

 

သူဟာ Forbes မဂ္ဂဇင်းရဲ့ ၂၀၂၀ ပြည့်နှစ် အသက် ၃၀ ​အောက် ထင်​ပေါ်ကျော်ကြားသူ ၃၀ စာရင်းဝင်ဖြစ်ပြီး သူ့ရဲ့လက်ရှိပိုင်ဆိုင်မှု ပမာဏက​ပေါင် သန်း ၇၀ ​ကျော် ရှိပါတယ်။

 

Steven Bartlett ​ရေးသားတဲ့ ဒီစာအုပ်ဟာ စီးပွားရေးဆိုင်ရာ မဟာဗျူဟာတွေအကြောင်းမဟုတ်ပါဘူး။ မဟာဗျူဟာတွေဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ဒီစာအုပ်ထဲမှာ အောင်မြင်တဲ့အဖွဲ့အစည်းတွေတည်ထောင်နိုင်ဖို့၊ ဒါမှမဟုတ် အောင်မြင်လိုသူတွေအတွက် မရှိမဖြစ်လိုအပ်ချက်တွေကို ဖော်ပြ​ပေးထားပါတယ်။

 ဒီဥပဒေသတွေကို အလုပ်အကိုင်မရွေး၊ လုပ်ငန်းနယ်ပယ်မရွေး အသုံးချနိုင်ပါတယ်။

အတိုချုပ်ပြောရရင် အိုင်းစတိုင်းရဲ့ "ဖြစ်နိုင်ရင် အရာရာတိုင်းဟာ ရိုးရှင်းဖို့လိုအပ်ပါတယ်" ... ဆိုတာကို အခြေခံပြီး စာရေးသူကလည်း ဥပဒေသတစ်ခုစီကို အပိုအလိုမရှိဘဲ လိုအပ်တဲ့ပုံတွေရယ်၊ တကယ့်ဖြစ်ရပ်မှန်ပုံပြင်တွေရယ်နဲ့ အထိမိဆုံးရေးသားထားပါတယ်။

 

 

📖 စာမျက်နှာ -၂၄၁

 

 

Author Dr. Thar Tun Oo
MMK 15,000
The 33 Laws of Business & Life
  • world-iconMyanmar
  • book-iconOnly 2 Books Left
  • users-icon500 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube