သင့်လုပ်ငန်းအတွက် အရင်းအနှီးဘယ်လိုရှာမလဲ
လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင်နဲ့ ရေရှည်ပတ်သက်ချင်တယ်၊
ဒါမှမဟုတ် အရှိန်အဟုန်နဲ့ တိုးချဲ့ချင်တယ်ဆိုရင် ငွေကြေးအရင်းအနှီးက မရှိမဖြစ် လိုအပ်တဲ့ အသက်သွေးကြောပဲ မဟုတ်လား။ 💸
တချို့လုပ်ငန်းတွေက ဘာလို့ကျရှုံးပြီး တချို့က ဘာလို့အဆမတန် အောင်မြင်နေကြလဲဆိုတာကို တွေးဖူးကြမှာပါ။
တကယ်တော့ အဓိကတရားခံက အရင်းအနှီး မလုံလောက်မှုကြောင့်ပါပဲ။
ဒီစာအုပ်လေးထဲမှာတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်အသစ်တွေအတွက် အသက်တမျှအရေးကြီးတဲ့ ရင်းနှီးငွေတွေကို ဘယ်လိုနည်းစနစ်တွေနဲ့ ရှာဖွေစုဆောင်းရမလဲဆိုတာကို အသေးစိတ် လမ်းညွှန်ပေးထားပါတယ်။
ပြီးတော့ ရှယ်ယာတွေ၊ ကြွေးမြီစာချုပ်စာတမ်းတွေနဲ့ ရင်းနှီးငွေမြှင့်တင်ပုံ (Capital Raising) တွေအပြင် လုပ်ငန်းမော်ဒယ်အမျိုးအစားတွေနဲ့ ပြိုင်ဘက်တွေထက် အမြဲသာလွန်နေစေမယ့် ယှဉ်ပြိုင်မှုအားသာချက်တွေကို ဘယ်လိုဖန်တီးမလဲဆိုတာတွေကိုပါ တစ်စုတစ်စည်းတည်း လေ့လာခွင့်ရမှာပါ။
ဆုံးရှုံးနိုင်ခြေနဲ့ ပြန်လည်ရရှိမယ့် အကျိုးအမြတ်တွေကို တွက်ချက်ပုံတွေ၊ စတော့အိတ်ချိန်းမှာ စာရင်းဝင်တာကအစ စနစ်တကျ ပြန်လည်ထွက်ခွာမှု မဟာဗျူဟာတွေအထိ စီးပွားရေးလောကရဲ့ မရှိမဖြစ် ဘဏ္ဍာရေးအသိပညာတွေကို လက်တွေ့ကျကျ ရှင်းပြပေးထားပါတယ်။
စာမျက်နှာ - 156
Author သက်ထွန်းဦး
- Myanmar
- Only 5 Books Left
- 800 + Reading