Learn with a Free Trial
back-iconshare-icon

စီမံခန့်ခွဲမှုစိတ်ပညာ

"လူတွေကို ဦးဆောင်တယ်ဆိုတာ သူတို့ရဲ့ စိတ်နှလုံးကို အရင်ဆုံး နားလည်အောင် ကြိုးစားခြင်းပါပဲ"

မိမိရဲ့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် လူတွေနဲ့ ဆက်ဆံရတဲ့အခါ တစ်ခါတလေ တစ်ဖက်လူရဲ့ အပြုအမူတွေ၊ အတွေးတွေကို နားမလည်နိုင်အောင် ဖြစ်ဖူးပါသလား။ တကယ်တော့ စီမံခန့်ခွဲတယ်၊ ဦးဆောင်တယ်ဆိုတာ အလုပ်တစ်ခုတည်းကို ကြည့်ရတာမဟုတ်ဘဲ အဲ့ဒီအလုပ်ကို လုပ်နေတဲ့ "လူသား" တွေရဲ့ စိတ်သဘာဝကိုပါ ထည့်သွင်းစဉ်းစားရတာ ဖြစ်ပါတယ်။

 

ဘဝမှာ အောင်မြင်သူတိုင်းဟာ လူတွေရဲ့ ခံစားချက်၊ အတွေးအခေါ်နဲ့ အပြုအမူတွေနောက်ကွယ်က အကြောင်းရင်းတွေကို ကောင်းကောင်းကြီး နားလည်ထားကြသူတွေပါ။ လူတစ်ဦးချင်းစီရဲ့ သဘာဝကနေ အဖွဲ့အစည်းတစ်ခုလုံးရဲ့ လှုပ်ရှားမှုတွေအထိ စိတ်ပညာရှုထောင့်ကနေ မြင်တတ်လာပြီဆိုရင်တော့ သင်ဟာ ပိုမိုထိရောက်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။

ဒီလို လူ့စိတ်သဘာဝတွေကို လက်တွေ့ဘဝနဲ့ ပေါင်းစပ်ပြီး ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့ အသိပညာတွေကို စာဖတ်ခြင်းကနေတစ်ဆင့် အဖြေရှာကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

စာအုပ်ကောင်းတွေဟာ သင့်ကို လူတွေနဲ့ ဆက်ဆံရာမှာ ပိုမိုပြေပြစ်လာစေမှာဖြစ်ပြီး မိမိရဲ့ဘဝနဲ့ ဆန္ဒကိုပါ သဟဇာတဖြစ်အောင် ဦးဆောင်နိုင်တဲ့ စွမ်းရည်တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။


 စာမျက်နှာ - 285

Author Aung Min Nyein
MMK 20,000
Managerial Psychology
  • world-iconMyanmar
  • book-iconOnly 8 Books Left
  • users-icon500 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2026 Better Version. All rights reserved.
facebookyoutube