Learn with a Free Trial
back-iconshare-icon

ကြွယ်ဝမှုအတွက်ငွေကြေးစီမံမှုပညာ

ငွေရှာတတ်ရုံနဲ့တင် မလုံလောက်ဘဲ ရှာထားတဲ့ငွေကို ဘယ်လိုထိန်းသိမ်းပြီး ပွားများအောင် လုပ်မလဲဆိုတာက ပိုအရေးကြီးပါတယ်”

လူတော်တော်များများဟာ ငွေရှာနိုင်တဲ့ အရည်အချင်းရှိကြပေမယ့် ဘာကြောင့် ငွေကြေးကိစ္စမှာ အမြဲတမ်း ရုန်းကန်နေရသလဲလို့ တွေးဖူးပါသလား။ တချို့က ဝင်ငွေကောင်းပေမယ့် လက်ထဲမှာ ငွေမမြဲတာ၊ တချို့ကျတော့လည်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချနိုင်တာကြောင့် အကျိုးအမြတ် မဖြစ်ထွန်းတာမျိုးတွေ ကြုံဖူးကြမှာပါ။ တကယ်တော့ ဒါဟာ ငွေရှာနိုင်တဲ့ ကျွမ်းကျင်မှု မရှိလို့မဟုတ်ဘဲ ငွေကြေးဆိုင်ရာ အသိပညာနဲ့ စီမံခန့်ခွဲမှုပိုင်းမှာ အားနည်းနေလို့ပဲ ဖြစ်ပါတယ်။

ဘဝမှာ ငွေကြေးပူပန်မှုကင်းကင်းနဲ့ ရှင်သန်နိုင်ဖို့ဆိုရင် အလုပ်ရှိနေရုံနဲ့တင် မပြီးပါဘူး။ မိမိရှာဖွေထားတဲ့ ငွေတွေကို စနစ်တကျ စည်းကမ်းရှိရှိ သုံးစွဲတတ်ဖို့၊ တစိုက်မတ်မတ် စုဆောင်းတတ်ဖို့နဲ့ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု နည်းလမ်းတွေကို နားလည်ထားဖို့က အသက်တမျှ အရေးကြီးပါတယ်။ ကိုယ့်ဆီမှာ ငွေကြေးဉာဏ်ရည် (Financial Intelligence) သာ မရှိဘူးဆိုရင် ပင်ပင်ပန်းပန်း ရှာထားသမျှ ငွေတွေဟာ လက်ထဲကနေ လွယ်လွယ်ကူကူပဲ ပျောက်ပျက်သွားနိုင်ပါတယ်။

ဒါကြောင့် ငွေကြေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေ မွေးမြူခြင်း၊ ဝင်ငွေလမ်းကြောင်းသစ်တွေ ဖန်တီးခြင်းနဲ့ ထိရောက်တဲ့ စီမံခန့်ခွဲမှုဗျူဟာတွေကို လေ့လာထားခြင်းက သင့်ရဲ့ အနာဂတ်ကို ပိုမိုခိုင်မာစေမှာပါ။ ငွေကြေးနဲ့ ပတ်သက်တဲ့ မှန်ကန်တဲ့ ခံယူချက်နဲ့ သုံးသပ်ချက်တွေ ရှိလာတဲ့အခါမှာတော့ သင့်ရဲ့ အကျိုးစီးပွားဟာ ယခင်ကထက် ပိုမိုတိုးတက်လာမှာ အသေအချာပါပဲ။

စာမျက်နှာ - ၂၁၀

Author Hein Zaw
MMK 16,000
Financial Intelligence
  • world-iconMyanmar
  • book-iconOnly 10 Books Left
  • users-icon500 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2026 Better Version. All rights reserved.
facebookyoutube