လုပ်ငန်းငယ်များအတွက် မရှိမဖြစ် ဘဏ္ဍာရေးစီမံခန့်ခွဲမှုလမ်းညွှန်
“ထိရောက်တဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဟာ လုပ်ငန်းအောင်မြင်ရေးအတွက် အဓိကတံခါးပေါက် ဖြစ်ပါတယ်။” Financial Management ဆိုတာ သင့်ကုမ္ပဏီရဲ့ရည်မှန်းချက်ပန်းတိုင်ကို ပုံဖော်ဖို့အတွက် ငွေကြေးအရင်း အမြစ်တွေကို စုစည်းခြင်း၊ စီစဉ်ခြင်း၊ ညွှန်ကြားခြင်းနဲ့ ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းတွေဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီအချက်တွေက ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ချမှတ်ရေး အတွက်အရေးကြီး တဲ့အခန်းက ပါဝင်နေ ပါတယ်။ အရေးပါတဲ့ Financial Management လုပ်ငန်းစဥ်များမှာ ဘတ်ဂျက်ရေးဆွဲခြင်း၊ ငွေသားစီးဆင်းမှု စီမံခန့်ခွဲခြင်း၊ ကြွေးမြီ စီမံခန့်ခွဲခြင်း၊ ငွေချေးစာချုပ်များ စီမံခန့်ခွဲခြင်း နဲ့ ဘဏ္ဍာရေးခန့်မှန်းချက်တွေ ရေးဆွဲခြင်း စတာတွေပါဝင်ပါတယ်။
ထိရောက်တဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဟာ လုပ်ငန်းအောင်မြင်ရေးအတွက် အဓိကတံခါး ပေါက်ပဲဖြစ်ပါတယ်။ အဲဒါက သင့်ကုမ္ပဏီကို ကိန်းဂဏန်းများကဦးဆောင်တဲ့ ဆုံးဖြတ်ချက်များကို ယနေ့နဲ့ အနာဂတ်အတွက် ချမှတ်ပေးမှာဖြစ်သလို ခိုင်မာတဲ့ ဘဏ္ဍာရေးစနစ်များနဲ့အတူ ကုမ္ပဏီရဲ့ တိုးတက်အောင်မြင်ရေး အတွက် ကူညီ ပေးသွားမှာ ပဲဖြစ်ပါတယ်။
ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေကို ကျင့်သုံးမှုရဲ့ ရလဒ်ကတော့ သင့်လုပ်ငန်းဟာ ဘဏ္ဍာရေးတည်ငြိမ်မှု ရရှိလာခြင်းနဲ့ အတူ မျှော်မှန်းနိုင်တဲ့ဝင်ငွေများ၊ အမြတ်များနဲ့ ငွေသားများကို မြင်တွေ့ရခြင်းဖြစ်ပါတယ်။ အနှစ်ချုပ်အနေနဲ့ ဒီစာအုပ်ပါအချက်အလက်အားလုံးကိုလိုက်နာဆောင်ရွက်ပြီးတဲ့နောက် -
• သင်အလိုရှိတဲ့ အကျိုးအမြတ်ပြန်ရနှုန်း ROI ကို စဉ်ဆက်မပြတ် ပေးဆောင်တဲ့ စျေးကွက်ရှာဖွေရေး ဗျူဟာတစ်ခု ရရှိလာပါမယ်။
• သင့်အနေနဲ့ အောင်မြင်ပြီးတွက်ခြေကိုက်တဲ့လုပ်ငန်းတစ်ခု ဘယ်လိုဆောင်ရွက်မယ်ဆိုတာ၊ ထိရောက် ပြီး ရလဒ်ကောင်းများစဥ်ဆက်မပြတ်ရရှိနိုင်ရေးအတွက်ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို သိလာပါလိမ့်မယ်။
• သင့်လုပ်ငန်းဟာ စျေးကွက်အသစ်တွေချဲ့ထွင်တာ၊ ထုတ်ကုန်လိုင်းများတိုးချဲ့တာ စတဲ့ တိုးတက်မှု အခွင့် အလမ်းတွေကို ရရှိစေမှာပဲဖြစ်ပါတယ်။ …
ဒီစာအုပ်က သီအိုရီတွေကိုချည်း ရေးထား တာမဟုတ်ဘဲ သင့်စီးပွားရေးလုပ်ငန်းအတွက် လျင်လျင်မြန်မြန် အသုံးချနိုင်မယ့် လုပ်ဆောင်ချက်တွေ၊ စမ်းသပ်ပြီး မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေကိုပါ ရေးသားထားပါတယ်။
📖 စာမျက်နှာ - ၂၀၅
- Myanmar
- Only 5 Books Left
- 1000 + Reading