Learn with a Free Trial
back-iconshare-icon

ပြောဆိုဆက်ဆံခြင်းပညာ

လူအများကြားထဲမှာ ပြောဆိုဆက်ဆံရတဲ့အခါ Communication Skill က တကယ်ကို အသက်ပဲနော်။ တစ်ခါတလေ စကားပြောဆက်ဆံမှု ညံ့ဖျင်းတာကြောင့် ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတာ၊ 

ရှေ့ဆက်ရမယ့် ခရီးလမ်းတွေ နှောင့်နှေးပြီး လူမှုဝန်းကျင်မှာ ဘေးထွက်ရပ်နေရတာမျိုးတွေ ကြုံရတတ်ပါတယ်။ 

ဒီစာအုပ်လေးကတော့ ကိုယ့်ရဲ့ ပြောစကားကို တစ်ဖက်လူ နားဝင်လာအောင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလေသံ လေယူလေသိမ်းနဲ့ ပြောရမလဲဆိုတာကို အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်လို လမ်းညွှန်ပေးထားတာပါ။ 

စကားပြောတာတင် မဟုတ်ဘဲ တစ်ဖက်လူရဲ့ အမူအရာကို ကြည့်ပြီး စိတ်နေစိတ်ထားကို ဘယ်လို အကဲခတ်ရမလဲဆိုတဲ့ ဆောင်ရန်ရှောင်ရန်တွေကိုပါ အိတ်သွန်ဖာမှောက် သိရမှာပါနော်။ တစ်နည်းပြောရရင်တော့ လူမှုဆက်ဆံရေး နယ်ပယ်မှာ ပိုပြီး လူရာဝင်လာဖို့၊ အပေါင်းအသင်း ဝင်ဆံ့ပြီး လုပ်ငန်းဆောင်တာတွေ အဆင်ပြေ အောင်မြင်လာဖို့အတွက် ဒီစာအုပ်လေးက အကောင်းဆုံး လက်တွဲဖော် ဖြစ်ပေးမှာပါ။

အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး လူရာဝင်ဆံ့ချင်တဲ့သူတွေ၊ စကားပြောတဲ့အခါ တစ်ဖက်လူကို ဆွဲဆောင်နိုင်တဲ့ အတတ်ပညာကို လေ့လာချင်တဲ့ သူငယ်ချင်းတိုင်း ဖတ်သင့်ပါတယ်နော်။

စာမျက်နှာ - 144 

Author တီချယ်ဝိုင်
MMK 16,500
Communication Master
  • world-iconMyanmar
  • book-iconOnly 20 Books Left
  • users-icon500 + Reading
logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2026 Better Version. All rights reserved.
facebookyoutube