back-iconshare-icon

NLP ပညာဖြင့် စိတ်ချမ်းသာပျော်ရွှင်သော စုံတွဲဆက်ဆံရေး တည်ဆောက်ခြင်း

“စုံတွဲကြားက အချင်းများမှုကို ဖြေရှင်းရာမှာ အောင်ပွဲကို မရှာဖွေပါနဲ့၊ အဲဒီအစား နားလည်မှုကို ရှာဖွေပါ။”
ချစ်သူ၊ အိမ်ထောင်ဖက်ရှိသူများ အမြဲဆောင်ထားရမယ့်စာအုပ်
- - - - - - - - -

မသင်ပဲ သဘာဝအလျှောက် တတ်သလိုထင်ပြီး၊ တကယ်မတတ်ကြတဲ့အထဲမှာ စကားပြောဆိုခြင်း၊ စုံတွဲဆက်ဆံရေး၊ ဖိုမ ရေးရာနဲ့ မိဘအုပ်ထိန်းမှုတွေ ပါဝင်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘဝခရီးစဥ်ထဲမှာ ကျွန်တော်တို့ထူထောင်ကြတဲ့အချစ်ရေး၊ အိမ်ထောင်ရေး၊ စုံတွဲဆက်ဆံရေးလောက် လေးလေးနက်နက်သက်ရောက်ပြီး နက်နက်ရှိုင်းရှိုင်း စိတ်ကျေနပ်မှုရစေတဲ့အရာက သိပ်ကို ရှားပါတယ်။
 

အကူးအပြောင်းတွေကို အောင်မြင်စွာဖြတ်သန်းကြတဲ့စုံတွဲတွေဟာ ပိုမိုအားကောင်းပြီး ခံနိုင်ရည်ရှိတဲ့ 

သံယောဇဥ်ကို အလိုအလျောက်ရရှိလာတတ်ကြပါတယ်။

ဒီစာအုပ်မှာ အသုံးချစိတ်ပညာတစ်မျိုးဖြစ်တဲ့ Neuro-Linguistic Programming(NLP) ရဲ့ စည်းမျဥ်းတွေ၊ နည်းစနစ်တွေကို အသုံးချပြီး ချစ်သူ၊ အိမ်ထောင်ဖက် ဆက်ဆံရေးရဲ့ ရှုပ်ထွေးမှုတွေကို ကိုယ်တွယ်နိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် လမ်းညွှန်ထားပါတယ်။

 

ကိုယ်က အချစ်ရေး၊ အိမ်ထောင်ရေးတစ်ရပ်ကို အခုမှစတင်တာဖြစ်ဖြစ်၊ ရှိနေတဲ့ဆက်ဆံရေးကို ပိုနက်ရှိုင်းဖို့ဖြစ်ဖြစ်၊ လက်ရှိဆက်ဆံရေးမှာရှိနေတဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ဖြစ်စေ ဒီစာအုပ်က သင့်လက်တွဲဖော်ဖြစ်နိုင်ပါတယ်။

NLP ရဲ့အကူအညီနဲ့ ပိုမိုအောင်မြင်ပြီး စိတ်ချမ်းသာမှုပေးတဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် ခရီးစဥ်ကို စတင်လိုက်ရအောင်။ 

📖 စာမျက်နှာ - ၄၁၅  

Author Naing Win Aung
MMK 35,000
NLP Relationship
  • world-iconMyanmar
  • book-iconOnly 6 Books Left
  • users-icon450 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube