ရိုးရှင်းသောအကျင့် ကောင်းမွန်သောဘဝ
အခြေအနေတစ်ခု၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ခင်ဗျားရဲ့ဘဝကို ဖျက်ဆီးနေတယ်လို့ ထင်မြင်တိုင်းမှာ တကယ်တမ်း ခင်ဗျားဘဝကိုဖျက်ဆီးနေတာဟာ ခင်ဗျားကိုယ်တိုင်ပဲဆိုတာကို သတိရပါ။ တစ်ခုခုရဲ့ သားကောင်လို့ ခံစားနေရတာဟာ ဘဝကိုဖြတ်သန်းတဲ့နေရာမှာ လုံးဝပျက်စီးစေမယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သနားစိတ်ကြီးအပေါ်မှာ တွယ်ကပ်မနေခြင်းဟာ စိတ်ကျန်းမာရေးအတွက် ရွှေစည်းမျဉ်းပဲ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ ဘဝပဲဖြစ်ဖြစ် အခြားသူတစ်ယောက်ရဲ့ ဘဝပဲဖြစ်ဖြစ် ဘဝဟာ ပြီးပြည့်စုံမှုမရှိဘူးဆိုတဲ့အချက်ကို လက်ခံပါ။ ရိုမန်ဒဿနပညာရှင် ဆီနီကာ ပြောသလိုပါပဲ “ခင်ဗျားဆီကို ပစ်ပေါက်တာတွေခံရမယ်။ ခင်ဗျားကို ထိမှန်တာတွေလည်းရှိမယ်။ ဘဝမှာ ပျော့ပျောင်းတဲ့ ကိစ္စရပ်ဆိုတာ မရှိပါဘူး” ဆိုတာကို နှလုံးသွင်းထားသင့်ပါတယ်။
အဲဒီကနေ ဘာကိုနားလည်နိုင်သလဲဆိုတော့ “ခင်ဗျား မပျော်ရွှင်နေဘူးဆိုရင် မပျော်ရွှင်စရာတွေပဲ ဖြစ်နေမှာပါ” ဆိုတာကိုပါ။ ခင်ဗျားဘဝမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို လျော့ပါးသက်သာအောင် လုပ်နိုင်စွမ်းရှိတယ်ဆိုရင် လုပ်လိုက်ပါ။ မလုပ်နိုင်ဘူးဆိုရင်တော့ အဲဒီအခြေအနေကို နားလည်လက်ခံနိုင်ဖို့ ကြိုးပမ်းပါ။ ညည်းညူပြစ်တင်နေခြင်းဟာ အချိန်ဖြုန်းတာ သက်သက်ပါပဲ။
ကိုယ့်ကိုယ်ကိုယ်သနားနေတာဟာ အလုပ်မဖြစ်စေရုံမျှမက နှစ်ဆဆိုးရွားစေပါတယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် သနားနေမယ်ဆိုရင် ပထမအနေနဲ့ ခင်ဗျားဟာ ခင်ဗျားရဲ့ မပျော်ရွှင်မှုတွေကို ကျော်လွှားဖို့ရာ ဘာမှလုပ်ဖြစ်မှာမဟုတ်တော့ပါဘူး။ ဒုတိယအနေနဲ့ ခင်ဗျားရဲ့ မူလ မပျော်ရွှင်မှုထဲကို ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမှုဆိုတဲ့ လောင်စာကို လောင်းထည့်နေသလို ဖြစ်ပါလိမ့်မယ်။
"ရိုးရှင်းသောအကျင့် ကောင်းမွန်သောဘ၀" စာအုပ် “ကိုယ့်ကိုယ်ကိုယ်သနားမှု ဝဲကတော့” ဆောင်းပါးမှ ကောက်နုတ်ထားတာပါ။ Rolf Dobelli ရဲ့ "The Art of The Good Life" စာအုပ်ကို ဆရာကက်စပါဇော်က ဘာသာပြန်ထားတာလည်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပျော်ရွှင်မှု၊ ကြွယ်၀မှုနဲ့ အောင်မြင်မှုအတွက် သင်ခန်းစာ ၃၀ ပါဝင်ပါတယ်။ အဓိကအားဖြင့်တော့ ဘ၀မှာ ရိုးရိုးရှင်းရှင်းနေထိုင်ကျင့်သုံးတာ၊ အစွဲကင်းကင်းနဲ့ ဓမ္မဓိဌာန်ကျကျရှုမြင်တတ်တာ၊ မှန်ကန်တဲ့အာရုံစူးစိုက်မှုလုပ်နိုင်တာ စတာတွေက ကိုယ့်ရဲ့ကောင်းမွန်တဲ့ဘ၀နေထိုင်မှုနဲ့ ကြီးပွားတိုးတက်မှုအတွက် အရေးကြီးတဲ့အခြေခံတွေဖြစ်ကြောင်း ဖတ်ရှုရမှာဖြစ်ပါတယ်။
◾စာမျက်နှာ - ၂၂၁
- Myanmar
- Only 5 Books Left
- 500 + Reading