back-iconshare-icon

ဘဝဒီဇိုင်း

သူများတွေထက်သာလွန်ကောင်းမွန်နေဖို့ စိတ်ကူးစိတ်သန်းကောင်းတွေ မဖြစ်မနေရှိရပါမယ်။ Creative Idea ပေါ့။ ခင်ဗျားဟာ မန်နေဂျာပဲဖြစ်ဖြစ်၊ ဆရာဝန်ပဲဖြစ်ဖြစ်၊ ကျောင်းဆရာပဲဖြစ်ဖြစ် သူများနဲ့မတူတဲ့စိတ်ကူး နည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိရပါမယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်ရပါမယ်။


စိတ်ကူးစိတ်သန်းကောင်းတွေ ရနိုင်စရာနေရာအခြေအနေ အမျိုးမျိုးရှိပါတယ်။ အဲဒီအထဲက တစ်ခုကတော့ နားထောင်ပါ။ သူများပြောတာကို သေသေချာချာ နားထောင်နိုင်ရင် သူများတွေရဲ့ ပြဿနာတွေကို သိရမယ်။ Problem Based Thinking ကြောင့်စိတ်ကူးစိတ်သန်း အသစ်တွေ ရနိုင်ပါတယ်။


ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ နိုင်ငံတကာ ကုမ္ပဏီတစ်ခုကတော့ ဝန်ထမ်းတွေရဲ့ စားသောက်ခန်းထဲက စားပွဲတွေရဲ့ အလယ်မှာ စာရွက်အပိုင်းလေးတွေနဲ့ ခဲတံတွေ ချထားပေးတယ်။ စားသောက်နေရင်း စိတ်ကူးရရင် ချရေးထားနိုင်အောင်တဲ့။ Ford Motor ကို စတင်ခဲ့တဲ့ Henry Ford ကတော့ နားထောင်ပါ။ သူများရဲ့ ရှုထောင့်က ဝင်ကြည့်ပါ။ သူတို့(Customer) တွေ လိုချင်တာကို သိရပါလိမ့်မယ်တဲ့။ နားထောင်တာ သုံးခု နဲ့ နားထောင်ရပါလိမ့်မယ်။

• နားနဲ့နားထောင်ပါ။ စကားလုံးတွေကို ကြားရပါမယ်။

• မျက်စိ နဲ့ နားထောင်ပါ။ Body Language လို့ခေါ်တဲ့ ဟန်ပန် အမူအရာ ဘာသာစကားကို ကြားရပါလိမ့်မယ်။

• နှလုံးသားနဲ့ နားထောင်ပါ။ ခံစားချက်တွေကို ကြားရပါလိမ့်မယ်။


နားထောင်တဲ့အခါ Empathy လို့ခေါ်တဲ့စိတ်ချင်းစာစိတ် အသေအချာ ရှိရပါလိမ့်မယ်။ Sony ဆိုတဲ့ ဂျပန်ကုမ္ပဏီဟာ တီထွင်ဖန်တီးမှုတွေ သောင်းနဲ့ချီ လုပ်နိုင်ခဲ့၊ မှတ်ပုံတင်နိုင်ခဲ့တယ်။ အဲဒီလို လုပ်နိုင်တာဘာကြောင့်များလဲလို့ စိတ်ဝင်စားလို့ လေ့လာကြည့်လိုက်တော့ Sony ရဲ့ ဒဿန ကို သွားတွေ့ရတယ်။ ရိုးရိုးလေးပါ။ ဒါပေမဲ့ ဆန်းတယ်။ “You can make a mistake but you should not repeat the same mistake" ပါတဲ့။ 

ဆရာအောင်မင်းညိမ်းရဲ့ “ဘ၀ရဲ့ ဒီဇိုင်း” စာအုပ်ကနေ ကောက်နုတ်ထားတာဖြစ်ပါတယ်။ 

ဒီစာအုပ်မှာ Personal နဲ့ Professional Development ခရီးကို လျှောက်လှမ်းရမှာ လေ့ကျင့်ထူထောင်ရမယ့် အမူအကျင့်တွေနဲ့ စရိုက်လက္ခဏာတွေအကြောင်းကို ဖတ်ရှုလေ့လာနိုင်မှာပဲဖြစ်ပါတယ်။

📖 စာမျက်နှာ - ၂၂၈

Author Aung Min Nyein
MMK 15,000
Designing your life
  • world-iconMyanmar
  • book-iconOnly 6 Books Left
  • users-icon800 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube