back-iconshare-icon

ငြိမ်သက်ခြင်း

 

လူတွေရဲ့ ပင်ကိုယ်စရိုက်က နားလည်ရခက်တယ်။

ပင်ကိုယ်စရိုက်တွေကို ကွဲကွဲပြားပြားမသိဘူးဆိုရင်  လူ့ဘောင်တစ်ခုလုံး နားလည်ရခက်ပြီး ပျက်စီးသွားနိုင်ပါတယ်။ အဲ့ထဲမှာမှ သင်က ငြိမ်သက်ခြင်းကို နှစ်သက်တဲ့သူ တစ်နည်းအားဖြင့် ( Introvert ) ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်ပြီး စိတ်ပင်ပန်းတယ်လို့ ခံစားနေတယ်ဆို ဒီ ငြိမ်သက်ခြင်း စာအုပ်က သင့်အတွက်ပါ။

အရာရာမှာ သွက်သွက်လက်လက်ရှိမှ ပိုကောင်းမှာဆိုတာမျိုး မရှိပါဘူး။လူတွေအားလုံးမှာ ကိုယ်ပိုင် အစွမ်းအစတွေရှိနေပြီးသားပါ။တကယ်တော့ ငြိမ်သက်တဲ့သူတွေမှာလည်း သူ့အစွမ်းအစနဲ့သူရှိပြီးသားပါ။

Extrovert တွေက အလုပ်လုပ်တဲ့အခါ မြန်မြန်ပြီးချင်တယ်၊ စွန့်စားချင်တယ်၊ အရဲတင်းတယ်။ လိုချင် မက်မောတဲ့စိတ်ရှိကြပါတယ်။

 

Introvert တွေ ငြိမ်သက်သူတွေကတော့  အလုပ်တစ်ခုထဲကိုပဲ အာရုံစိုက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်တယ်၊ ကြိုးစားတယ်။ ကျော်ကြားမှုတွေကို အာရုံစိုက်တာနည်းပါတယ်။ များများနားထောင်၊အများကြီးတွေးပြီး စကားနည်းနည်းပဲ ပြောတတ်တယ်။ စကားတွေအများကြီး ပြောရတာထက် လုပ်ပြရတာကို ကြိုက်နှစ်သက်ကြတယ်။ ငြိမ်သက်အောင် နေထိုင်တဲ့ သူတွေက ပတ်ဝန်းကျင်ကို အဖိအစီးမများအောင် နေထိုင်နိုင်ကြတာပါ။

အရှုပ်အထွေးတွေ များလှတဲ့ လောကကြီးမှာ ငြိမ်သက်တဲ့သူတွေအတွက်က စိန်ခေါ်မှုတွေကြီးပါပဲ။ဘာပဲလုပ်လုပ် ကိုယ့်စိတ်ကြိုက်မဟုတ်ဘဲ အများကြိုက် လိုက်လုပ်ရင်း ကိုယ့်ပုံစံပျောက်ဆုံးပြီး ဘာမှန်းမသိဖြစ်လာတတ်ကြပါတယ်။ ကိုယ့်စိတ်ကို နားလည်ပြီး ဘာကို ဘယ်လို လုပ်ရင်ရမလဲဆိုတာကို သိနေသရွေ့ အခက်အခဲတွေကို သေချာပေါက် ကျော်လွှားနိုင်မှာပါ။

တကယ်တော့ လူ့လောကကြီးရဲ့ နေထိုင်ရှင်သန်ရတဲ့ သဘာဝအားလုံးဟာချိတ်ဆက်နေတာပါ။ ဘယ်လိုအကြောင်းရင်းကြောင့် ဘယ်လိုအကျင့်စရိုက်ပဲဖြစ်လာ  ဘဝကို အဆင်ပြေဆုံးရှင်သန်နေထိုင်သွားနိုင်ဖို့က အရေးကြီးပါတယ်။


ဒီစာအုပ်က လူတွေကို ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်နဲ့ ပတ်သတ်ပြီး  ကွဲကွဲပြားပြားသိလာမယ့် နည်းလမ်းတွေကို မျှဝေပေးထားပါတယ်။ ဒ့ါအပြင် ငြိမ်သက်ခြင်းဟာ ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲ ၊ ငြိမ်သက်တဲ့ လူတွေမှာ ထူးခြားတဲ့ ဘယ်လို စွမ်းရည်တွေရှိကြလဲဆိုတာကို ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ ဘဝအတွေ့အကြုံ သာဓကတွေနဲ့ ရေးသားပေးထားတာဖြစ်လို့ ငြိမ်သက်သူတွေ introvert တွေအတွက် အကျိုးရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်။




📖 စာမျက်နှာ - ၂၂၄ 
 

Author Maw Ri Sha
MMK 11,000
Quiet
  • world-iconMyanmar
  • book-iconOnly 5 Books Left
  • users-icon1200 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube