back-iconshare-icon

ဘရန်းဒင်း လျှို့ဝှက်ချက်

“Brand တစ်ခုမတည်ဆောက်နိုင်ရင် ရေရှည်ရပ်တည်ဖို့မလွယ်ဘူး။ အချိန်တိုင်း မုဆိုးက သားကောင်လိုက်ရသလို လိုက်နေရလိမ့်မယ်။”

Branding လို့ပြောလိုက်ရင် ဈေးကြီးတဲ့ ပစ္စည်း၊ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေဖြစ်လာအောင် လုပ်တာလို့ ထင်တတ်ကြတယ်။​ အဲလိုမဟုတ်ပါဘူး။

တကယ်တော့ “ ဘရန်းဒင်းဆိုတာ ပစ်မှတ်ဈေးကွက်ထဲမှာ ကိုယ့်အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး ထားရှိကြတဲ့ ခံယူချက်၊ အမြင်ဟာ ကိုယ့်ရပ်တည်ချက်အတိုင်းဖြစ်လာနေဖို့ကြိုးစားရတာဖြစ်ပါတယ်။​”

ဒါကြောင့် Brand Management ဆိုတာ ကိုယ့်အမှတ်တံဆိပ်ပေါ်မှာ မြင်နေတဲ့ ထင်မြင်ယူဆချက်တွေကို စီမံခန့်ခွဲရတာမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဘရန်းဒင်းဟာ ဒဿန သဘောတရားပိုဆန်ပါတယ်။

လုပ်ရည်ကိုင်ရည်ချင်း တူပေမယ့် တချို့လူတွေက ဝင်ငွေပိုကောင်းနေကြတယ်။
ရောင်းကုန်ချင်းတူတူ တချို့ ဘရန်းတွေက လူတွေ ပိုလိုချင်ကြတယ်။ 
ဒီလိုလူတွေ၊ လုပ်ငန်းတွေဟာ “ဘရန်းဒင်း လျှို့ဝှက်ချက်” တွေကို အသုံးချနေတာကြောင့်ဖြစ်နိုင်ပါတယ်။

“ဘရန်းဒင်း” ကအရေးကြီးတယ်။ ဘရန်းတစ်ခု တည်ဆောက်ရမယ်။ ဒါဆို ဘယ်ကစရမလဲ။

Branding Secrets (ဘရန်းဒင်း လျှို့ဝှက်ချက်) စာအုပ်က

  • လုပ်ငန်းရှင်တွေ
  • Marketing & Brand Professionals တွေ
  • Marketing Consultants တွေ
  • Personal Brand တစ်ခုတည်ဆောက်ချင်သူတွေ အပြင်
  • ဘရန်ဒင်း အကြောင်းကို စိတ်ဝင်စားတဲ့လူတွေအတွက် သင့်တော်ပါတယ်။

 

Branding Secrets (ဘရန်းဒင်း လျှို့ဝှက်ချက်) စာအုပ်မှာ

ဘရန်းဒင်းပေါ်မှာ မှားနေတဲ့အမြင်တွေ၊ ဘရန်းတစ်ခု တည်ဆောက်ဖို့အတွက်လိုအပ်တဲ့ အစိတ်အပိုင်းတွေ၊ ဘရန်းတစ်ခု တည်ဆောက်နိုင်ဖို့အတွက် လုပ်ရမယ့်အဆင့်တွေကို အသေးစိတ် ရေးသားဖော်ပြပေးထားပါတယ်။ ဒါအပြင့် ကိုယ်တိုင် တခါတည်း လိုက်လုပ်နိုင်အောင် ပြင်ဆင်ပေးထားတဲ့ Branding Guidebook လဲ အခမဲ့ ရယူနိုင်ပါတယ်။ 

 

👉 Personal Brand တည်ဆောက်ဖို့လား။ 
👉 Brand Manager အနေနဲ့ ရပ်တည်ဖို့လား။ 

👉Brand/Marketing Consultant တစ်ယောက်အနေနဲ့ ရပ်တည်မလား။
👉 Brand တစ်ခုကို အောင်မြင်အောင် တည်ဆောက်နိုင်ဖို့အတွက် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သိထား၊ တတ်ထားရမယ့် အကြောင်းအရာတွေကို အသေးစိတ်လေ့လာဖတ်ရှုနိုင်မှာပါ။

ဒီစာအုပ်က လူတစ်ယောက်ပဲဖြစ်ဖြစ်၊ ရောင်းကုန်တစ်ခုကိုပဲဖြစ်ဖြစ်၊ ခိုင်မာအားကောင်းတဲ့ ဘရန်း (Brand) ဖြစ်လာအောင် ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ နည်းလမ်းတွေကို အသေးစိတ်ညွှန်ကြားရေးသားပေးထားတာဖြစ်ပါတယ်။ ဖတ်ရင်း၊တွေးရင်း၊မှတ်ရင်း ကိုယ့်လုပ်ငန်းခွင်မှာ ပြန်အသုံးချဖို့အတွက်ပါ အထောက်အကူပေးသွားမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

 

P.S>>> “ဘရန်းဒင်း လျှို့ဝှက်ချက်” ဝယ်ယူထားသူတွေအနေနဲ့ သိပ်မကြာခင်ပြုလုပ်မယ့် Brand Development Workshop အတွက်သက်သာခွင့်ရယူနိုင်မှာပါ။  

အထူးခံစားခွင့်

စာအုပ်အပါအဝင် 


📕 Guide Book 
📨 Branding secrets seminar 30% off   
 

Author Min Than Htut
MMK 24,000
Branding Secrets
  • world-iconMyanmar
  • book-iconOnly 487 Books Left
  • users-icon1000 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube