ကိုယ်ပိုင်စည်း ကိုယ်ပိုင်လွတ်လပ်မှု
တစ်ဖက်လူ စိတ်မကွက်စေချင်လို့၊ လူမှုရေးအရ အဆင်ပြေစေချင်လို့ ဆိုပြီး အမြဲတမ်း အားနာပြီး လိုက်လျောပေးမိတတ်ကြတယ်မဟုတ်လား။
အားနာမှုတွေက ကြာလာတဲ့အခါ ကိုယ့်ရဲ့အတွင်းစိတ်ကို မသိမသာ ခြောက်လှန့်ဖျက်ဆီးလာပြီး နောက်ဆုံးမှာတော့ လူလည်း Burnout ဖြစ်၊
စိတ်လည်း ညစ်ညူးပြီး ငါ့ကိုငါရော တန်ဖိုးရှိရဲ့လားဆိုတဲ့ အတွေးတွေအထိ စိတ်ဒဏ်ရာ ရလာတတ်ပါတယ်။
ဘဝမှာ စိတ်အေးချမ်းဖို့အတွက် "ကိုယ်ပိုင်စည်း" ဒါမှမဟုတ် Personal Boundaries ဆိုတာလေး ရှိဖို့ သိပ်ကို အရေးကြီးပါတယ်။
ဒါက တခြားသူတွေကို ရက်စက်တာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကာကွယ်ပေးတဲ့ စည်းဝိုင်းလေးတစ်ခုကို သတ်မှတ်လိုက်တာပါပဲ။ ဒီစည်းလေးသာ မရှိရင် တခြားသူတွေရဲ့ ပြဿနာ အခက်အခဲတိုင်းက ကိုယ့်ကြောင့်ဖြစ်ရသလိုမျိုးနဲ့ မလိုအပ်ဘဲ အပြစ်မရှိ အပြစ်ရှာ စိတ်မကောင်း ဖြစ်နေရတတ်လို့ပါ။
ကိုယ့်ရဲ့ ကိုယ်ပိုင်စည်းလေးကို သတ်မှတ်နိုင်သွားတဲ့အခါမှာတော့ စိတ်ပိုင်းဆိုင်ရာ အတိုင်းအထက်အလွန် တည်ငြိမ်မှုတွေ ရလာမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီး ချစ်တတ်၊ တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ဘဝရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ပိုပြီး ပြတ်ပြတ်သားသား ချမှတ်နိုင်လာမှာမို့လို့ အားနာတတ်တဲ့ အကျင့်လေးကို ခေတ္တဘေးဖယ်ပြီး "No" လို့ ပြောရဲတဲ့ သတ္တိလေးကို မွေးမြူလိုက်ကြရအောင်နော်။
စာမျက်နှာ - 142
Author Hay Mar Kyaw- Myanmar
- Only 5 Books Left
- 800 + Reading