ရှင်သန်နေမယ့် နေ့ရက်များ
လူတိုင်းမှာ ခက်ခဲတဲ့ နေ့ရက်တွေ၊ အတိတ်တွေ၊အကြောင်းအရာတွေ ရှိမှာပါ။ နေ့ရက်တိုင်းဟာ အမြဲတမ်းတော့ ပျော်စရာ ကောင်းမနေသလို အမြဲတမ်း ဝမ်းနည်းစရာ ကောင်းနေတာလည်း မဟုတ်ဘူး။
နေ့စဥ်ဘဝမှာ ဖြစ်ပျက်နေတဲ့ စိတ်ခံစားမှုတွေ၊ စိတ်ပင်ပန်းစရာတွေ၊ သင်ခန်းစာရစရာတွေ၊ ဂုဏ်ယူစရာတွေ အများကြီးကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။စာရေးသူ ကိုယ်တိုင် ဒီစာအုပ်ထဲက အကြောင်းအရာတွေဟာ ဖြစ်ရပ်မှန်တွေအပေါ် ပြန်ပြီး အခြေခံရေးသားထားတာဖြစ်လို့ စိတ်ဓာတ်တွေ အရမ်းကျလာတဲ့အခါ ခဏခဏ ဖွင့်ဖတ်မိမယ့်စာတွေပဲ ဖြစ်ပါတယ် ။
စာရေးသူရဲ့အတွေ့အကြုံနဲ့ လေ့လာမှတ်သားမိသလောက်ကို စာဖတ်သူတွေကို ပြန်လည် မျှဝေပေးမိတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။
📖 စာမျက်နှာ- ၁၁၂
Author Thet Htar Shwe Sin
MMK 5,000
Myanmar
Only 2 Books Left
500 + Reading