ပျော်ရွှင်ခြင်းရဲ့ လျို့ဝှက်အမှတ်
လောကမှာ ပျော်ရွှင်ခြင်းနဲ့ မပျော်ရွှင်ခြင်း နှစ်ခုပဲရှိသလို ဒီနေ့မှာလည်း ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်း နှစ်ခုပဲရှိတယ်။ ဒီနေ့ကို ပျော်ရွှင်ခြင်းနဲ့ ပြီးဆုံးချင်လား၊ ဒါမှမဟုတ် မပျော်ရွှင်ခြင်းနဲ့ ပြီးဆုံးချင်လား ကိုယ်ရွေးချယ်မူပေါ်မှာပဲ မူတည်ပါတယ်။
ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာမလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်။ ပျော်ရွှင်ခြင်းကို တောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်နှလုံးမှာ ရှာယူပါ။
“မှောက်သွားတဲ့ နွားနို့အတွက် ငိုကြွေးမနေပါနဲ့” ဆိုတဲ့စကားက ရိုးကောင်း ရိုးနေလိမ့်မယ်။ ဒါပေမယ့် အဲဒီစကားထဲမှာ လူတွေရဲ့ မြင့်မြတ်တဲ့ အသိဉာဏ်နဲ့ အတွေ့အကြုံတွေ ပါနေတယ်။
နာကျင်ခြင်း၊ ကံမကောင်းခြင်း စတဲ့ အတိတ်ကိုသာ တူးဆွနေသူတွေက မျှော်လင့်ချက်တွေပြည့်တဲ့၊ ကျန်းမာသန်စွမ်းတဲ့ မနက်ဖြန်ကို လက်လွတ်သွားနိုင်တယ်။ ဒါကြောင့် အတိတ်မှာပဲ ရှင်သန်မနေသင့်ဘဲ လူ့ဘဝမှာ ပစ္စုပ္ပန်နဲ့ အနာဂတ်သာလျှင် အရေးကြီးကြောင်း သိနားလည်သင့်ပါတယ်။
ဒီစာအုပ်လေးထဲမှာ ပျော်ရွှင်ဖို့ရာအတွက် လိုအပ်တဲ့ စိတ်ခွန်အားဖြည့်စာစုတွေအပြင် ဘဝအတွက် လိုအပ်တဲ့ စိတ်ခွန်အားဖြည့်စာစုပေါင်း အပုဒ်ရေ ၄၀ ပါဝင်ပါတယ် .....။
◾စာမျက်နှာ- ၁၂၀
- Myanmar
- Only 2 Books Left
- 500 + Reading