back-iconshare-icon

မီးခိုးရောင်နေ့စွဲများ

ဒီစာအုပ်လေးက အကြောင်းအမျိုးမျိုးကြောင့်နဲ့ စိတ်ဓာတ်ကျခြင်းကို ခံစားနေရတဲ့သူတွေအတွက် "မင်းတစ်ယောက်တည်း မဟုတ်ဘူး" လို့ ခံစားရစေဖို့ ဖြစ်ပြီး ကျွန်မအတွက်လည်း ဒီစာအုပ်ဟာ "ငါတစ်ယောက်တည်း မဟုတ်ဘူး" လို့ ခံစားရစေဖို့ ဖြစ်ပါတယ်။

 

စိတ်ဓာတ်ကျခြင်းဆိုတာ မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တဲ့ ဧည့်သည်ပါ။ စိတ်ကျခြင်းဆိုတာ တစ်သက်နဲ့တစ်ကိုယ် ဘဝမှာ တစ်ခါမှ မတွေးမိဖူးတဲ့ စိတ်ကူးပါ။

ဘယ်အရာတွေကများ ကျွန်မကို စိတ်ကျရောဂါခံစားရအောင် တွန်းပို့ခဲ့တာလဲ။ ဘယ်အရာတွေကများ ကျွန်မရဲ့ စိတ်ကို တစ်စစီ စုတ်ပြတ်သတ်စေခဲ့တာလဲ...

ကျွန်မရဲ့ Depression Journey တစ်လျှောက် ကျော်ဖြတ်ခဲ့ရတဲ့ Up & Downတွေ၊ Psychiatrist နဲ့ ကုသမှုခံယူခဲ့တဲ့တစ်လျှောက် အတွေ့အကြုံတွေ၊ နာကျင်မှုတွေ၊ မျက်ရည်တွေ၊ ကုစားခြင်းတွေအကြောင်း...ဒီ Diary စာအုပ်ထဲမှာ ဖတ်ရမှာပါ။

 

ကျွန်မ ကျော်ဖြတ်ခဲ့ရတာတွေကို ဒီတိုင်းမထားချင်ဘဲ စာဖတ်သူတွေအတွက် နှစ်သိမ့်မှု တစ်စုံတစ်ရာ ရစေချင်တဲ့ ဆန္ဒကြောင့် ဒီစာအုပ်လေးကို ရေးခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကျွန်မရဲ့ Depression Survivor's Story လည်း ဖြစ်ပါတယ်။

ဒီကာလမှာ လူတိုင်းလူတိုင်းက အကြောင်းအမျိုးမျိုးကြောင့်နဲ့ ပင်ပန်းကြ၊ စိတ်ကျန်းမာရေးတွေ ထိခိုက်ကြတာမိုလို့ အခက်အခဲတွေ ကျော်ဖြတ်ရချိန်မှာ စိတ်ကျန်းမာရေးကို ပိုပြီး ဂရုစိုက်စေချင်တဲ့ ရည်ရွယ်ချက်၊ လူနေမကောင်းရင် ဆေးကုရသလိုပဲ စိတ်နေမကောင်းရင်လည်း စိတ်ကို ကုသရတယ်ဆိုတဲ့ စိတ်ကျန်းမာရေးကို normalize လုပ်တဲ့ mindsetလေး ကျယ်ပြန့်စေဖို့အတွက် ရည်ရွယ်ပြီး ရေးခဲ့တာဖြစ်ပါတယ်။

 

◾စာမျက်နှာ- ၁၀၄

Author Sue Sha May
MMK 5,500
Meekhoyaung naeswe myar
  • world-iconMyanmar
  • book-iconOnly 3 Books Left
  • users-icon500 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube