back-iconshare-icon

ချစ်သောအမျိုးသမီးလေးထံသို့

တစ်ခါတလေ ဘဝမှာ လမ်းပျောက်တဲ့အချိန်တွေ ရှိတယ် ။ ရည်ရွယ်ရာ လမ်းတစ်ခုကို တည့်တည့်မတ်မတ် လျှောက်နေတုန်းမှာပဲ လမ်းပျောက်တယ်ဆိုတဲ့ အခိုက်အတန့်တွေ ကြုံရတာပါ ပဲ။

တစ်ခါတလေ သိပ်ပင်ပန်းလာတယ် ။ ရှေ့ဆက်လျှောက်ဖို့ တွေဝေလာသလို နောက်ပြန်လှည့်ချင်မိတယ် ။ ဘာကြောင့် အသက်ရှင်နေရတာလဲ ။ ရှင်သန်ခြင်းတွေဟာ အဓိပ္ပာယ် ရှိနေရဲ့လား မသိတော့ဘဲ လက်လျှော့လိုက်ချင်မိတယ် ။ အဲဒီလို အခြေနေမျိုးတွေ ကျွန်မဘဝမှာ ခဏခဏ ကြုံတွေ့ဖူးပါတယ် ။

အဲဒီလိုမျိုး လမ်းပျောက်တဲ့ အချိန် ၊ ရှေ့ဆက်ဖို့အတွက်

စိတ်ရောလူရော အဆင်မပြေ ပင်ပန်းခက်ခဲနေတဲ့ နေ့ရက်တွေမှာ ဘာကြောင့် စတင်ခဲ့တာလဲ ဆိုတဲ့ စမှတ်တွေကို ပြန်စဉ်းစားဖြစ်တယ် ။

“ ဒီလမ်းကို ဘာလို့လျှောက်ခဲ့တာလဲ ”

“ ဒါကို ငါ ဘာလို့ ဖြစ်ချင်ခဲ့တာလဲ ”

“ ဒါကို ဘာလို့ လိုချင်ခဲ့တာလဲ ”

“ ဒီလူတစ်ယောက်ကို ဘာလို့ ချစ်တာလဲ ” ဆိုတဲ့

The reasons why i startedကို ပြန်စဉ်းစားဖြစ်တယ် ။ လမ်းတွေဟာ ဝေဝါးလာတဲ့အခါ ကောက်ရိုးတစ်မျှင်ကလဲ ကယ်တင်နိုင်ကောင်းပါရဲ့။ ဆက်ပြီး ဖမ်းဆုပ်ထားဖို့ရာ အကြောင်းပြချက်လေး ပြန်ရှာတွေ့လိုတွေ့ငြား ရှာဖွေကြည့်တာပဲ ။ စိတ်လိုလက်ရ ပြန်ရှာကြည့်တော့လဲ ပျောက်နေတဲ့ လမ်းတွေကိုရော ၊ မိမိကိုယ်မိမိ ပြန်ရှာတွေ့ပါတယ်။ စိတ်ကူးအိပ်မက်တွေကို လက်မလွှတ်ချင်သေးတဲ့ မိမိကိုယ်မိမိ၊ လက်မလျှော့ချင်တဲ့ မိမိကိုယ်မိမိ ၊ နူးညံ့ပေမဲ့ သန်မာတဲ့ ပုံရိပ်တွေ နဲ့ မိမိကိုယ်မိမိ ပြန်ရှာတွေ့ခဲ့တာပါပဲ ။

အဖြေဟာ အစကတည်းက ရှိနှင့်နေပါတယ် ။

အဖြေဟာ စမှတ်မှာကတည်းက ရှိနှင့်နေပါတယ် ။

 

◾စာမျက်နှာ- ၁၅၂

Author Sue Sha May
MMK 8,500
Chit thaw amyothamee ly Htan thoe
  • world-iconMyanmar
  • book-iconOnly 3 Books Left
  • users-icon500 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube