စိတ်ခံစားချက်ဒီဂရီများ
တက်လွယ်ကျလွယ်ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို ထိန်းညှိဖို့၊ ပုံသဏ္ဍာန်မျိုးစုံ ပြောင်းလဲနေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပုံသွင်းဖို့အတွက် ဒီစာအုပ်လေးက စာဖတ်သူကို မြေပုံတစ်ခုလို လမ်းညွှန်ပေးပြီး ရီမုတ်ကွန်ထရိုးလ် တစ်ခုလို
ထိန်းကျောင်းပေးနိုင်ပါလိမ့်မယ်။
ဘယ်လိုအစွမ်းထက် လက်နက်ကိရိယာမျိုးမှ တပ်ဆင်ထားစရာ မလိုဘဲ စိတ်ပညာနဲ့ ပတ်သတ်တဲ့ နည်းလမ်းတွေနဲ့တင် လူတစ်ယောက်ကို မျက်ရည် ဖြိုင်ဖြိုင်ကျပြီး စိတ်ဓာတ် တဆုံးထိုးဆင်းသွားအောင် လုပ်လို့ရတယ်…
ဘယ်သူက ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်ကို အနိုင်ကျင့်ဖို့ ကြိုးစားလာပါစေ.. ကျွန်တော်တို့ကို ဘယ်လိုပဲ နာကျင်အောင် ပြောလာပါစေ… လှည့်ဖျားလာပါစေ… believe it or not … သူ့ရဲ့ အကွက်တွေကို မြင်တတ်လာမယ်။ သူ ဖြစ်စေချင်တာကို မဖြစ်တော့ဘဲ… ကျွန်တော်တို့ရဲ့ ပုံစံအတိုင်း နေတတ်လာမယ်…
ဒီစာအုပ်တစ်အုပ်လုံးမှာ ပါဝင်တဲ့ အပိုင်းလေးပိုင်းလုံးရဲ့ အဓိက ရည်ရွယ်ချက်က… ကိုယ့်ရဲ့ ခံစားချက်တွေအားလုံးကို ကိုယ်တိုင်နားလည်နေဖို့နဲ့ ကိုယ့်ရဲ့ ရှင်သန်ခြင်းက တခြားသူတွေအတွက် မဟုတ်ဘဲ… ကိုယ့်အတွက်ကိုယ် အဓိပ္ပာယ်ရှိရှိ ရှင်သန်နေရတာမျိုး ဖြစ်စေဖို့ပါ။
📖 စာမျက်နှာ - ၁၆၀
Author Minn Khent- Myanmar
- Only 5 Books Left
- 500 + Reading