တောင်ပေါ်အနမ်း အလွမ်းရာသီ
စိတ်မှာ အလွှာတွေ အထပ်ထပ်ရှိသည်။
စိတ်မှာ အခန်းငယ်ကလေးတွေ ရှိသည်။
ရုပ်မှာ ဒဏ်ရာရလာလျှင် မြင်ဖို့ သိဖို့ လွယ်ကူသည်။
စိတ်မှာ ဒဏ်ရာရလာလျှင် မြင်ဖို့၊သိဖို့ မလွယ်ကူပါ။
စိတ်သည် ဒဏ်ရာတွေရလာလျှင် ကုသဖို့ထက် ရှောင်ပြေးဖို့ကို ကြိုးစားတတ်သည်။ သူ့ဒဏ်ရာတွေကို အောက်ဆုံးအထိ ထိုးထည့်ထားလိုက်သည်။ အလွှာတွေ အထပ်ထပ် ဖုံးပစ်လိုက်သည်။ အခန်းငယ်တွေထဲ သော့ပိတ်ကာ ထည့်ထားလိုက်သည်။
သူလှောင်ပိတ် ထိုးသိပ့်ထည့်လိုက်သော အရာများထဲတွင် ဘ၀၏ပျော်ရွှင်ခြင်း၊ စစ်မှန်ခြင်း၊ လွတ်မြောက်ခြင်း၊ ငြိမ်းချမ်းခြင်းတွေလည်း တစ်စစီ တစ်စစီ ပါသွားတတ်ကြသည်။
စိတ်အလွှာအောက်ဆုံးမှာ နစ်ဝင်နေသော ဒဏ်ရာများကို ပြန်လည်တူးဖော်ရတာက တွင်းနက်နက်ကြီး တစ်ခုထဲကို ဆင်းသွားရတာနှင့် တူသည်။ စိတ်အခန်းငယ်လေးတွေထဲက ဒဏ်ရာတွေကို ပြန်ထုတ်ယူရတာက နာကျင်မှုနှင့်အတူ မောပန်းလွန်းလှသည်။
ဒီဒဏ်ရာတွေထဲမှာ ပျောက်ဆုံး ပြတ်တောက်နေသော ဘ၀၏ အချင်းအရာတွေလည်း အစိတ်အပိုင်းတွေအဖြစ် ပါရှိနေတတ်သည်။
📖 စာမျက်နှာ - ၂၀၅
Author Mon Halsey
- Myanmar
- Only 10 Books Left
- 3000 + Reading