စိတ်လုံခြုံမှု ရပ်ဝန်းငယ်
လူတွေဟာ စိတ်လုံခြုံမှုကို လိုလားတောင့်တကြတယ်။ စိတ်လုံခြုံမှုကို ဘာလို့ ခုံခုံမင်မင် လိုက်ရှာနေကြသလဲဆိုရင် ရှင်သန်နေရတဲ့ ပတ်ဝန်းကျင်ဟာ စိတ်လုံခြုံမှုကို မပေးနိုင်လို့ပါပဲ။
မိသားစုထဲမှာပဲ ဖြစ်ဖြစ် ၊ ကိုယ့်ရဲ့ချစ်သူ ရည်းစား အိမ်ထောင်ဖက်ကပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းမိတ်ဆွေတွေကပဲ ဖြစ်ဖြစ် လူမှုအသိုင်းအဝိုင်းထဲမှာ စိတ်မလုံခြုံမှုတွေကို မသိလိုက် မသိဘာသာ ဖန်တီးပေးနေကြတယ်။
ကိုယ့်ရဲ့ခံစားချက်တွေကို လှောင်ပြောင်တာ၊ အလေးမထားတာ ၊ ခန္ဓာကိုယ်သွင်ပြင်နဲ့ ပတ်သက်လို့၊ မျက်နှာနဲ့ပတ်သက်လို့ ဝေဖန် စနောက်တာ ၊ အားနည်းချက်တွေကို အကျပ်ကိုင်တာ ၊ ကိုယ့်ရဲ့ အရည်အချင်းတွေ ၊ ဖြစ်တည်မှုတွေနဲ့ ပတ်သက်ပြီး သိမ်ငယ်စေတာ .. ဒီလိုအပြုအမူတွေ ၊ အပြောအဆိုတွေကို ကျွန်မတို့ အများကြီး ကြုံဖူးကြမှာပါ။
စိတ်လုံခြုံမှာဆိုတာ ဘေးမှာ လိုက်ရှာနေရမဲ့ အရာမဟုတ်ဘဲ ကျွန်မတို့ရဲ့ အတွင်းစိတ်နှလုံးသားထဲမှာ ပြန်ရှာရမယ့် အရာတစ်မျိုးပါ။
ဘယ်အရာတွေက ကိုယ့်ကို စိတ်မလုံခြုံစေသလဲ၊ ဘယ်လိုအရာတွေက ကိုယ့်ကို ကြောက်ရွံ့စေသလဲ၊ မကုစားရသေးတဲ့ ဒဏ်ရာလေးတွေများ ရှိလား စသဖြင့် ကိုယ့်အတွင်းမှာ ကိုယ်ပြန်ရှာရပါမယ်။
ကိုယ့်ကို စိတ်လုံခြုံမှုတွေပေးမဲ့ ရပ်ဝန်းငယ်လေးဟာ ကိုယ်ကိုယ်တိုင်ပါပဲ။
📖 စာမျက်နှာ - ၁၄၄
- Myanmar
- Only 0 Book Left
- 500 + Reading