စိတ်နှစ်လုပ်
အနှောင့်အယှက်များလာတဲ့
ဆိုရှယ်မီဒီယာတွေကြားက ရုန်းထွက်ပြီး
အလုပ်နဲ့ ကိုယ့်ဘ၀အတွက်အရေးပါတဲ့
အရာတွေအပေါ် အာရုံစိုက်လာနိုင်စေမယ့်…
ကမ္ဘာကျော်စာအုပ် …
‘𝐃𝐞𝐞𝐩 𝐖𝐨𝐫𝐤 𝐛𝐲 𝐂𝐚𝐥 𝐍𝐞𝐰𝐩𝐨𝐫𝐭’
နေ့စဉ် Social Media မျိုးစုံကြားမှာ နစ်မွန်းပြီး ကိုယ့်ဘ၀အတွက် အရေးပါတဲ့ အလုပ်တွေ အပေါ် အာရုံစူးစိုက်မှု အားနည်းနေသူတွေ…
ပညာရပ်တစ်ခုကို စိတ်နှစ် ကိုယ်နှစ် စူးစူးစိုက်စိုက် လေ့လာချင်သူတွေ…
အလုပ်ရှုပ်သလောက် အလုပ်ပြီးမြောက်မှု နည်းနေသေးလို့ ကိုယ့်ကိုယ်ကိုယ် မချင့်မရဲဖြစ်နေရသူတွေ… ဖတ်ရှုသင့်တဲ့ နိုင်ငံတကာ အ ရောင်းရဆုံး စာအုပ်ကောင်းတစ်အုပ်ပါ..
===
အာရုံစိုက်လုပ်ခြင်းဟာ ကိုယ်လုပ်တဲ့ အလုပ်မှာလည်း ပိုကျွမ်းကျင်လာနိုင်သလို၊ အချိန်တိုတိုအတွင်းမှာ ရလဒ်တွေ ပိုရနိုင်တယ်။ ဒီ့အပြင် အရည်အချင်းတစ်ရပ်ကို ကျွမ်းကျင် ပိုင်နိုင်ခြင်းကြောင့် အောင်မြင်မှုရဲ့ အရသာကိုလည်း ခံစားရစေတယ်။
ဒါပေမယ့် ဟင်းလင်းပြင်ရုံးခန်းထဲက ဉာဏလုပ်သားတွေဖြစ်စေ၊ သူတို့ရဲ့ အတွေးအမြင်တွေကို ပိုထက်သန်ဖို့ ကြိုးစားနေတဲ့ အနုပညာရှင်တွေဖြစ်စေ၊ အများစုဟာ ဒီနေ့ခေတ်မှာ အာရုံစူးစိုက်နိုင်စွမ်းတွေ ကျဆုံးသွားကြပါပြီ။ သူတို့ရဲ့ အချိန်တွေကိုလည်း အီးမေးလ်၀င်္ကပါ၊ လူမှုကွန်ရက် ကမ္ဘာပေါ်မှာ အချိန်ကုန်ဆုံးနေကြရတယ်။ ပိုကောင်းတဲ့ နည်းလမ်းတွေကိုတောင် သူတို့ သတိမထားမိနိုင်ကြတော့ဘူး။
ဒီစာအုပ်မှာတော့ အစဉ်အလာ ဓလေ့တွေ၊ လုပ်ဆောင်သင့်တဲ့ အကြံပြုချက်တွေကို ရောသမမွှေ တင်ပြထားပါတယ်။ စာအုပ်ကို ဖတ်နေရင်း တလျှောက်လုံးမှာလည်း စိတ်ဝင်စားဖွယ် ဇာတ်လမ်းတွေကိုလည်း ဖတ်ရပါလိမ့်မယ်။ ‘စိတ်နှစ်လုပ်’ ဆိုတဲ့ စာအုပ်ဟာ အာရုံထွေပြားလှတဲ့ ယနေ့ခေတ်လောကအလယ်မှာ အောင်မြင်မှုသရဖူ ဆောင်းချင်တဲ့ သူတိုင်းအတွက် နည်းလမ်းတွေ ပြပေးပါလိမ့်မယ်..
📖 စာမျက်နှာ - ၂၃၁
Author Mg Than
- Myanmar
- Only 5 Books Left
- 500 + Reading