ဘဝထဲကအသိတရား
ကျမတို့တွေဟာ ဘဝတစ်ခု ဖြစ်တည်လာပြီဆိုရင် ဒီဘဝထဲကနေ ဘာပြန်ရအောင်ယူရမလဲဆိုတာအစအစဥ်တစိုက် တွေးတောနေကြတာပါ။ အမြဲတစေ လိုချင်တာတွေနဲ့ မရလာတဲ့အခါမှာ ပူလောင်မှုဆိုတဲ့အရာကို ခံစားကြရပြန်တယ်။ ဒါကြောင့် ကျမတို့တွေဟာ ဘယ်လိုအရာတွေကိုလိုချင်ရင် ဘဝထဲကို ဘာတွေပေးရမလဲဆိုတာ အာရုံစိုက်ရတော့မယ်။
ကမ္ဘာပေါ်မှာ နာမည်ကြီး အမေရိကန် အစီအစဥ်တင်ဆက်သူနှင့် ရုပ်မြင်သံကြားထုတ်လုပ်သူဖြစ်တဲ့… Motivational Speakerတစ်ဦးဖြစ်သူ …Oprah Winfrey ကတော့ ပြောတယ်… “ဘဝထဲမှာ သင် ပေးလိုက်တဲ့အရာက သင့်ဆီပြန်လာတာပါပဲ” တဲ့။
ဒါဟာ သူမ သိလိုက်တဲ့ ဘဝထဲက အသိတရား…ပါ။
သူမဟာ ငယ်စဥ်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေများစွာခံခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ နလံမထူနိုင်အောင် ဖိနှိပ်မှုတွေခံခဲ့ရတယ်။ ဒါပေမယ့် ပြိုလဲမသွားခဲ့ပဲ မှန်ကန်တဲ့ စိတ်နှလုံးသွင်းမှုတွေနဲ့ သိပ်တော်တဲ့ ကမ္ဘာကျော် လူမည်းအမျိုးသမီးတစ်ဦး ဖြစ်လာခဲ့တယ်။
ဒီစာအုပ်ထဲမှာ သူမ ပြောသွားတဲ့ စကားလုံးတိုင်းဟာ ဘဝအတွေ့အကြုံကနေရလာတဲ့ စိန်ပွင့်တွေပါ။ သိပ်ကို တန်ဖိုးရှိပြီး ဘဝအမြင်တွေကို အကောင်းဘက်ကို ဆောင်ကြဥ်းပေးနိုင်တယ်။ တကယ့်ကို ဘဝအတွက် ပေးစွမ်းနိုင်တဲ့ အသိတရားတွေပါ။
ဒီ Oprah Winfrey ရဲ့ What I Know for Sure ဆိုတဲ့စာအုပ်လေးကို ဆရာမစုမြတ်ချစ်က ကောင်းမွန်သင့်တော်တဲ့ စကားလုံးလေးတွေနဲ့ အဆင်ပြေ ချောမွေ့အောင် ဘာသာပြန် ပေးထားတယ်။ စာတစ်အုပ်လုံးရဲ့ စကားလုံး ဒဿနတွေက ဖတ်ရင်းတွေးရင်းရဲ့ ယူတတ်ရင် ဘဝအတွက် ရတနာတွေပါပဲ။
📖 စာမျက်နှာ-၁၃၆
Author Su Myat Chit
- Myanmar
- Only 5 Books Left
- 1000 + Reading