ဈာန်ဝင်စီးမျောမှုရှာဖွေခြင်း
ကိုယ်လုပ်နေတဲ့အလုပ်မှာ အာရုံစူးစိုက်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အလုပ်ပြီးမြောက်မှုအမြင့်ဆုံးရဖို့ …
ကျွန်တော်တို့ လတ်တလောလုပ်နေတဲ့အလုပ်အပေါ် အာရုံခံအရင်းအမြစ်တွေအားလုံး စူးစိုက်နေတာဖြစ်ပါတယ်။ ဘာပဲလုပ်နေပါစေ အပြည့်အဝစိတ်နှစ်ပြီး စွမ်းဆောင်မှုအမြင့်ဆုံးနဲ့ လုပ်နေတာဖြစ်တယ်။
ဒီစိတ်အခြေအနေနဲ့လုပ်နေတော့ တီထွင်ကြံဆစိတ်ပို ကောင်းတယ်၊ အနှောင့်အယှက်တွေကို တားထားတယ်၊ တစ်ခုခုသင်တဲ့အခါမြန်တယ်၊ ပျော်ရွှင်တဲ့ ခံစားချက်မြင့်တယ်၊ အကျိုးရှိတဲ့ စိတ်ဖိစီးမှုလည်း ရှိတယ်၊ စိတ်လှုပ်ရှားတာတွေကို ထိန်းနိုင်တယ်၊ အလုပ်ပိုပြီးမြောက်တယ် စတဲ့အကျိုးထူးတွေ ရစေပါတယ်။
အပျော်ဆုံးလူတွေဟာ တစ်ခုခုမှာ ဈာန်ဝင်ပြီးအလုပ်လုပ်နေကြတယ်လို့ ဆိုတယ်။
ဒ့ါပြင် Productivity ပိုကောင်းစေတယ်။ တစ်နည်းအားဖြင့် အလုပ်တွေ ပိုတွင်ကျယ်တယ်။ စွမ်းဆောင်မှုကိုလည်း မြင့်စေပါတယ်။ ကျွန်တော်တို့ဟာ တစ်ခုခုမှာ အပြည့်အဝစိတ်ဝင်စားနေတဲ့အခါ ပိုပြီးစိတ်ကျေနပ်တယ်လို့ ခံစားရပါတယ်။
ကိုယ်လုပ်နေတဲ့အလုပ်ထဲ ဈာန်ဝင်နေပြီဆိုရင် အားကစားသမားတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ဟာ သိပ်ပြီးပင်ပန်းနွမ်းနယ်နေပေမဲ့ စိတ်တည်ငြိမ်ပြီး ခွန်အားလည်း အပြည့်ရှိနေတယ်လို့ခံစားရတယ်။ ကျောင်းသားတွေက သူတို့သင်ယူနေတဲ့ ဘာသာရပ်အကြောင်း စိတ်နစ်နေတဲ့အခြေအနေလို့ ဆိုပါတယ်။ အနုပညာရှင်တွေတော့ အိမ်မွေ့ချခံရသလိုမျိုးနဲ့တောင်တူတဲ့ စိတ်အခြေအနေဖြစ်နေပြီး သူတို့ရဲ့အနုပညာကို ကြိုးစားပမ်းစားတောင် လုပ်စရာမလိုဘဲဖန်တီးနိုင်တယ်လို့ ဆိုကြပါတယ်။
📖 စာမျက်နှာ - 139
- Myanmar
- Only 10 Books Left
- 500 + Reading